အမြဲတမ်း မောဟိုက်နုံးချိနေတာပဲ ...

အမြဲတမ်းလိုလို လူက နုံးချိမောပန်းနေတယ်။ အားမရှိသလို ခံစားနေရတာလည်း အချိန်တိုင်းပဲ။ နေမကောင်းဖြစ်သလားဆိုတော့လည်း မဟုတ်ဘူး။ ဘာဖြစ်နေမှန်းကိုမသိ အားအင်တွေကုန်ခမ်းနေသလို ခံစားနေရတာဟာ ကိုယ့်ရဲ့ နေထိုင်ပုံ မှားယွင်းလို့ ဖြစ်ပါတယ်။ ဒါတွေလုပ်နေတာကို ရပ်လိုက်ပါ။

၁။ လက်ဖက်ရည်/ကော်ဖီ

Hot-Tea.jpg 

ကော်ဖီနဲ့ လက်ဖက်ရည်မှာတဲ့ ဒြပ်ပေါင်းတွေက စားသမျှအစားအစာတွေကို အာဟာရမဖြစ်အောင် တားဆီးပေးနေပါတယ်။ လက်ဖက်ရည်မှာပါတဲ့ tannin နဲ့ ကော်ဖီမှာပါတဲ့ chloregenic acid တို့က ကိုယ်စားလိုက်တဲ့အစားအစာမှာပါတဲ့ အာဟာရဓာတ်တွေကို ခန္ဓာကိုယ်က ကောင်းကောင်းစုပ်ယူမမှုမရအောင် ဟန့်တားကြပါတယ်။ အစားစားပြီး ၁ နာရီအတွင်း ကော်ဖီသောက်ရင် စားထားတဲ့အစားအစာရဲ့ သံဓာတ် ၈၀ % စုပ်ယူမှုလျော့သွားစေတယ်။

၂။ အမျှင်ဓာတ်ပါတဲ့အစားအစာတွေ

shutterstock_493514698.jpg 

ဝိတ်ချနေသူတွေအတွက်တော့ အမျှင်ဓာတ်များများစားပြီး ဝိတ်ချရတာပါပဲ။ ဒါပေမဲ့ အာဟာရမပြည့်ဝဘဲ စားနေရင် လူက အားမရှိတော့ဘူးလေ။ အမျှင်ဓာတ်ပါတဲ့ အစားအစာတွေကို စားမယ်ဆို ခန္ဓာကိုယ်မှာ ဇင့်၊ ကယ်လ်ဆီယံနဲ့ မဂ္ဂနီစီယံဓာတ်တွေ လုံလောက်မှုရှိနေအောင် ထိန်းသိမ်းသင့်ပါတယ်။

၃။ သောက်ဆေးတွေ

05-constipated-too-much-fiber.jpg 

ဆေးတွေကို နေ့စဉ်သောက်နေတဲ့အခါ ကိုယ်တွင်းက သွေးကြောတွေဟာ ခန္ဓာကိုယ်တွင်းက ဗီတာမင်နဲ့သတ္ထုဓာတ်ပမာဏကို အပြည့်အဝ နားမလည်တော့ဘူး။ အီစထရိုဂျင်နဲ့ ပရိုဂျက်စတိုဂျင်တို့လို စတီးရွိုက်ဟော်မုန်းပါတဲ့ဆေးတွေကလည်း ကျောက်ကပ်ကို ဆိုးကျိုးသက်ရောက်မှုဖြစ်စေတယ်။ ဆေးတွေသောက်မယ့်အစား အစားအသောက်ကို ဂရုစိုက်တာ ပိုကောင်းပါတယ်။

၄။ ဝမ်းသွားခြင်း

Toilet-GettyImages-172290376-590fc0e93df78c9283fc091b.jpg 

တစ်ခုခု စားလိုက်တယ်။ စားပြီး ခဏနေတာနဲ့ အိမ်သာသွားတော့တာပဲ။ ဒါကလည်း လူကို အားအင်တွေယုတ်လျော့စေပါတယ်။ စားထားတာတွေရဲ့ အာဟာရဓာတ်ကို အူတွေက ကောင်းကောင်းမစုပ်ယူလိုက်ရဘူးလေ။

Source : Daily Mail

Share

Loading Next Article...
က္က