ဝိတ်ချချင်လို့ပဲဖြစ်ဖြစ်၊ ကြွက်သားဖွံ့ဖြိုးစေချင်လို့ပဲဖြစ်ဖြစ်၊ ကျန်းမာတဲ့ဘဝနေထိုင်နည်းတစ်ခုကို ပိုင်ဆိုင်ချင်လို့ပဲဖြစ်ဖြစ် လေ့ကျင့်ခန်းလုပ်တော့မယ်ဆိုရင် မိမိကိုယ်တိုင်လိုက်နာရမယ့်စည်းမျဉ်း စည်းကမ်းအသစ်တွေကိုချမှတ်ဖို့တော့ လိုအပ်နေပါပြီ။
 

လေ့ကျင့်ခန်းပရိုဂရမ်တွေ သတ်မှတ်ထားပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့် လေ့ကျင့်ခန်းကိုပုံမှန်မလုပ်ဖြစ်တဲ့လူတွေထဲမှာ ခင်ဗျားရောပါလား။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်ကိုယ်တိုင်လည်း အဲဒီလိုလူစားမျိုးပါပဲ။ မနက်ထပြေးမယ်။ တစ်ပတ်တစ်ခါရေကူးမယ်။ တင်းနစ်ရိုက်မယ် စတဲ့လေ့ကျင့်ခန်းပလန်တွေ ဘယ်လိုပဲဆွဲထား ဆွဲထား ပျင်းတာကြောင့်ရော၊ အမျိုးမျိုးသော ဆင်ခြေဆင်လက်တွေကြောင့်ပါ (၂) ပတ်လောက်လုပ်ပြီး ဆက်မလုပ်ဖြစ်တာမျိုးပေါ့။ ဒီလိုနဲ့ ဝိတ်ကမကျနိုင်တော့ပါဘူး။

ဝိတ်ချချင်လို့ပဲဖြစ်ဖြစ်၊ ကြွက်သားဖွံ့ဖြိုးစေချင်လို့ပဲဖြစ်ဖြစ်၊ ကျန်းမာတဲ့ဘဝနေထိုင်နည်းတစ်ခုကို ပိုင်ဆိုင်ချင်လို့ပဲဖြစ်ဖြစ် လေ့ကျင့်ခန်းလုပ်တော့မယ်ဆိုရင် မိမိကိုယ်တိုင်လိုက်နာရမယ့်စည်းမျဉ်း စည်းကမ်းအသစ်တွေကိုချမှတ်ဖို့တော့ လိုအပ်နေပါပြီ။

"စည်းကမ်းဟာလူ၏တန်ဖိုး" ဆိုတဲ့အတိုင်း ကျွန်တော်တို့တွေဘဝမှာ ဘာကိုပဲလုပ်လုပ် စည်းမျဉ်းစည်းကမ်းအတိုင်း စနစ်တကျလုပ်ကိုင်မှသာ အောင်မြင်နိုင်ပါတယ်။ ကိုယ်ကာယလေ့ကျင့်ခန်းလုပ်ရာမှာလည်း ဒီအတိုင်းပါပဲ။ အောက်မှာဖော်ပြထားတဲ့ စည်းမျဉ်းလေးတွေက ကိုယ်ကာယလေ့ကျင့်ခန်းလုပ်ရာမှာ လိုက်နာသင့်တဲ့စည်းမျဉ်လေးတွေပဲ ဖြစ်ပါတယ်။

၁။ လေ့ကျင့်ခန်းမလုပ်တာ (၃) ရက်ထက်မကျော်ပါစေနဲ့

power-of-working-out-with-others.jpg 

ကျွန်တော်တုံးကဆို ဒီစည်းမျဉ်းအတိုင်းလိုက်နာကျင့်သုံးကြည့်လိုက်တာ ဖောက်ဖျက်နိုင်ဖို့ရာခဲယဉ်းပါတယ်။ တစ်ပတ်မှာ (၄) ရက်ပြေး (၃) ရက်နားရမယ်ဆိုတဲ့အသိက အရမ်းကြီးခဲယဉ်းပင်ပန်းတယ်လို့ မခံစားရတော့ပါဘူး။ ကျွန်တော်ဆို တနင်္လာနေ့ကနေ ကြာသာပတေးနေ့ထိပြေးပြီး သောကြာ၊ စနေ၊ တနင်္ဂနွေ (၃) ရက်ပြန်နားပါတယ်။ ပြီးရင် တနင်္လာနေ့ရောက်တာနဲ့ပြန်ပြေးပါတယ်။ ဒီလိုနဲ့ လေ့ကျင့်ခန်းလုပ်တဲ့ ပရိုပရမ်လေးက သူ့ဟာနဲ့သူဆက်လက်လည်ပတ်သွားပါတော့တယ်။

အမှန်တော့ တချို့လူတွေက မြန်မြန်ပိန်ချင်ဇောနဲ့တစ်ပတ်လုံး နေ့တိုင်းပြေးမယ်လို့ သန္နိဌာန်ချထားပေမယ့် (၂) ပတ်လောက် တောက်လျှောက်ပြေးပြီးရင် အသေပျိုင်းပြီး ဆက်မပြေးဖြစ်တော့တာတွေ ရှိတတ်ပါတယ်။ စိတ်ဓာတ်ခိုင်မာတဲ့သူတွေမှာ မဖြစ်တတ်ပေမယ့် လူဆိုတာ ပင်ပန်းဆင်းရဲရင်အားလျော့တတ်ပါတယ်။ အထက်ပါ (၄) ရက်ပြေး၊ (၃) ရက်နား စည်းမျဉ်းလေးကို လိုက်နာကြည့်လိုက်မယ်ဆိုရင် ထိထိရောက်ရောက်နဲ့ ကိုယ်ကာယလေ့ကျင့်ခန်းလုပ်နိုင်မှာပါ။

၂။ အနည်းဆုံး တစ်ပတ်ကို (၃) ရက် gym သွားပါ

working-out-istockphoto-92371742.jpg 

အားကစားဆေးဝါးဆိုင်ရာ အမေရိကန်ကောလိပ် (ACSM) က လေ့ကျင့်ခန်းလုပ်ဖို့ guideline တွေကို အကြံပြုထားပါတယ်။ သူတို့ရဲ့အကြံပြုချက်ထဲမှာ ထိပ်ဆုံးမှာရှိနေတာကတော့ အေရိုးဗစ်ကစားခြင်းပါပဲ။ အေရိုးဗစ်ကစားခြင်းက ကျွန်တော်တို့နဲ့ နှလုံးနဲ့အဆုတ်ကောင်းမွန်စေဖို့အတွက် အကူအညီပေးနိုင်ပါတယ်။ ဒီလေ့ကျင့်ခန်းမျိုးကို "cardio" လေ့ကျင့်ခန်းလို့ခေါ်ပြီး အဆီနဲ့ကယ်လိုရီတွေ လောင်ကျွမ်းစေဖို့ ကျွန်တော်တို့ကစားလေ့ရှိကြပါတယ်။

ACSM ရဲ့အဆိုအရဆိုရင် ကျွန်တော်တို့တွေအနည်းဆုံး တစ်ပတ်ကို ကယ်လိုရီ (၂၀၀၀) လောင်ကျွမ်းအောင်ဆော့သင့်ပါတယ်တဲ့။ ကျွန်တော့်အတွက်ကတော့ ဒါဟာ တစ်ပတ်ကို အနည်းဆုံး (၄) ကြိမ် တစ်နေ့ကို တစ်နာရီဆော့မှ လောင်ကျွမ်းတဲ့ ကယ်လိုရီနဲ့ ညီမျှပါတယ်။ ဒါကြောင့် တစ်ပတ်မှာအနည်းဆုံး (၃) ကြိမ်လောက်တော့ gym သွားသင့်ပါတယ်။

၃။ တနင်္လာနေ့တိုင်းမပျက်မကွက်ပြေး/ ဆော့ပါ

young-fitness-girl-running-up-the-stairs-picjumbo-com.jpg 

တနင်္လာနေ့ဆိုတာ ရက်သတ္တပတ်တိုင်းရဲ့နေ့သစ်ပါပဲ။ တနလာၤနေ့တိုင်းမှာ လန်းဆန်းတက်ကြွနေဖို့က အရေးကြီးပါတယ်။ နှစ်သစ်တစ်ခုရဲ့ပထမဆုံးနေ့သစ်တွေမှာဆိုရင် နှစ်သစ်မှာကြုံတွေ့ရမယ့် အရာတွေကိုအစပျိုးပေးသလို နှစ်ဟောင်းရဲ့ လုပ်စရာတွေကိုအဆုံးသတ်ခြင်းလို့လည်း အဓိပ္ပာယ်ရပါတယ်။

တနင်္လာနေ့တိုင်းကို တစ်ပတ်စာလုပ်ရမယ့်လေ့ကျင့်ခန်းအားလုံးကို အဆုံးသတ်ပြီး နောက်တစ်ပတ်မှာ လုပ်ဆောင်ရမယ့် လေ့ကျင့်ခန်းတွေကို အစပျိုးခြင်းလို့သတ်မှတ်လိုက်ပါ။ ဒါဟာ ပန်းတိုင်ငယ်လေးတွေအဖြစ်လုပ်ဆောင်ပြီး လေ့ကျင့်ခန်းလုပ်ခြင်းကို ပိုမိုထိရောက်စေပြီး စွဲစွဲမြဲမြဲလုပ်ဆောင် မိစေပါတယ်။

၄။ အရှုံးမပေးပါနဲ့

SOE-Wokout-couple.jpg 

အရေးအကြီးဆုံးနဲ့နောက်ဆုံးစည်းမျဉ်းကတော့ အရှုံးမပေးဖို့ပါပဲ။ တကယ်တမ်းကျတော့ ဝိတ်ချတယ်ဆိုတာ လွယ်ကူလှတဲ့ အလုပ်တစ်ခုတော့ မဟုတ်ပါဘူး။ စိတ်ဓာတ်ခိုင်မာစွာနဲ့ နေ့စဉ်မှန်မှန် လုပ်ပေးနိုင်မှ တော်ကာကျတာပါ။ အပေါ်ကစည်းမျဉ်းတွေ ဖြစ်တဲ့ တစ်ပတ်ကို (၄) ရက်ပြေးတာတို့၊ gym ပုံမှန်သွားတာတို့၊ တနင်္လာနေ့တိုင်းဆော့တာတို့၊ ဘယ်လောက်လုပ်လုပ် နောက်ဆုံးမှာအရှုံးပေးလိုက်ရင် ကြိုးစားထားသမျှ သဲထဲရေသွန်သလိုပါပဲ။

ဒါကြောင့် ဘာကြောင့်ဒါတွေလုပ်ရသလဲကိုယ့်ကိုယ်ကိုယ်ပြန်မေးပါ။ (၆) လအတွင်းဘယ်နပေါင်ကျရမယ်ဆိုတဲ့ ပန်းတိုင်ချမှတ်ပါ။ ပြီးရင်ပန်းတိုင်ကိုမရောက်မချင်း လုံးဝလက်မမြှောက် အရှုံးမပေးပါနဲ့။

- ယခုဆောင်းပါးအား Training Ground The Premier Fitness Club က ကူညီပံ့ပိုးပေးထားပါသည်

Source: Healthyway

Share

Loading Next Article...
က္က