ဆံပင်အရောင်ဆိုးခြင်းမှာ ဘေးထွက်ဆိုးကျိုးတွေ ရှိနေပါသေးတယ်။
 

ဆံပင်အရောင်ဆိုးတယ်ဆိုတာ ထူးဆန်းလှတဲ့ကိစ္စတစ်ခုတော့မဟုတ်ပါဘူး။ ဒီခေတ်ကြီးမှာ ဆံပင်အရောင်မဆိုးဖူးတဲ့သူတောင် ခပ်ရှားရှားပါ။ မိမိရဲ့မျက်နှာပုံစံလေးကို ဆံပင်ပုံစံက ကြီးမားစွာအကျိုးသက်ရောက်မှု ရှိစေနိုင်သလို ဆံပင်အရောင်ကလည်း အလွန်အရေးပါ ပါတယ်။ ဆံပင်အရောင်ဆိုးတယ်ဆိုတာက ကောင်းပါတယ်။ ဒါပေမယ့် ဆံပင်အရောင်ဆိုးခြင်းမှာ ဘေးထွက်ဆိုးကျိုးတွေ ရှိနေပါသေးတယ်။

ဆံပင်အရောင်ဆိုးခြင်းကြောင့်ဖြစ်တဲ့ ဆိုးကျိုးတွေက ချက်ချင်းမဖော်ပြသလို ချက်ချင်းလည်းမသိသာပါဘူး။ ဒါပေမယ့် အချိန်အတိုင်းအတာတစ်ခုကြာရင် ပေါ်လာမှာပါ။ ဒါကြောင့်ဆံပင်အရောင်မဆိုးခင်မှာ ဒါတွေကို သိထားဖို့လိုအပ်ပါတယ်။

၁။ အလာ့ဂျစ်ထခြင်း

landscape-1449789867-woman-scalp.jpg 

ဆံပင်အရောင်ကို လှချင်လို့ဆိုးတာပဲဖြစ်ဖြစ်၊ အပျော်ဆိုးတာပဲဖြစ်ဖြစ် အလာ့ဂျစ်ထတာတွေ၊ ဓာတ်မတည့်တာတွေ ဖြစ်လာနိုင်ပါတယ်။ ဆံပင်ဆိုးဆေးတွေထဲမှာ ဓာတုပစ္စည်းတွေနဲ့ အဆိပ်အတောက်ဖြစ်စေနိုင်တဲ့ ပစ္စည်းတွေ ဆယ်ဂဏန်းကျော် ပါဝင်နေပြီး ဆံပင်ပေါ်မှာသာမက ဦးရေပြားပေါ်မှာပါ သက်ရောက်မှုရှိနိုင်ပါတယ်။ အထင်ရှားဆုံးရောဂါလက္ခဏာတွေကတော့ ရောင်ရမ်းခြင်း၊ နီရဲခြင်းနဲ့ ယားယံခြင်းတွေပဲဖြစ်ပါတယ်။ ဒါကြောင့်ဆံပင်အရောင်မဆိုးခင် မိမိမှာ အလာ့ဂျစ်ထလွယ်တဲ့ အရေပြားရှိမရှိသိအောင်အရင်လုပ်ပြီးမှ ဆိုးသင့်ပါတယ်။

၂။ ဆံပင်ပြတ်တောက်ခြင်း

Tauranga-hairdressers.jpg 

ဓာတုပစ္စည်းတွေနဲ့အလွန်အမင်းထိတွေ့မှုကြောင့် ဆံသားထိခိုက်မှုတွေရှိနိုင်ပြီး ဆံပင်ကျွတ်တာတွေ၊ ဆံသားကြမ်းတမ်းမှုတွေ၊ ခြောက်သွေ့ခြင်းတွေ၊ ဆံသားပြတ်တောက်ခြင်းတွေ ရှိလာနိုင်ပါတယ်။ အဆိုးဆုံးဖြစ်နိုင်ခြေကတော့ ခေါင်းဖြီးနေရင်း ဆံပင်တွေအထွေးလိုက် ပြတ်တောက်ကျလာတာတွေလည်း ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့်ဆံပင်ဆေးမဆိုးခင် မိမိရဲ့ ဆံသားကျန်းမာရေးအကြောင်းကို ဆံပင်ပညာရှင်နဲ့တိုင်ပင်ဆွေးနွေးပါ။

၃။ ပန်းနာရင်ကြပ်ဖြစ်ခြင်း

asthma_wide-a7d6c21be70cdf982718f2e7bcb6f1f5d5b3cfdc.jpg 

ဆံပင်ဆေးဆိုးခြင်းက ပန်းနာရင်ကြပ်ဖြစ်စေနိုင်တယ်လို့ပြောရင်ယုံမှာလား။ အရေပြားအထူးကုဆရာတွေရဲ့အဆိုအရဆိုရင် ဆံပင်အရောင်ခဏခဏပြောင်းတဲ့လူတွေဟာ အရေပြားအလာ့ဂျစ်ဖြစ်နိုင်ခြေ ပိုများပြီး ပန်းနာရင်ကြပ်လည်းဖြစ်စေနိုင်ပါတယ်တဲ့။ ဒါဟာဆံပင်အရောင်ဆိုးဆေးထဲမှာပါဝင်တဲ့ PPD ကို အချိန်အကြာကြီးထိတွေ့မှုကြောင့် ဖြစ်ရတာပါတဲ့။ အဲဒီလိုထိတွေ့မှုက အသက်ရှူလမ်းကြောင်းကို ပိတ်ဆို့စေပြီး အသက်ရှူရခက်ခဲတဲ့ ပြဿနာတွေရှိလာနိုင်ပါတယ်။

၄။ အရေပြားနီရဲရောင်ရမ်းခြင်း

အရေပြားအနီကွက်တွေက ဆံပင်ဆေးဆိုးတဲ့အချိန်မှာ အဖြစ်အများဆုံးပြဿနာတစ်ခုပါပဲ။ ဆံပင်ဆိုးဆေးနဲ့ဓာတ်မတည့်တဲ့သူတွေ ဆိုရင် ဦးရေပြားပေါ်မှာအနီကွက်တွေပေါ်လာတယ်လို့တောင် အဆိုရှိကြပါတယ်။ ဆံပင်ဆိုးဆေးနဲ့ထိတွေ့မိတဲ့နေရာတွေမှာ အနီကွက်တွေပေါ်လာတာပါ။

၅။ မျက်စိထိခိုက်ခြင်း

sore-eyes-2.jpg 

ဆံပင်ဆိုးဆေးဘူးပေါ်မှာရေးထားတဲ့ ညွှန်ကြားချက်တွေကိုအပြည့်အဝမလိုက်နာရင် ဆံပင်ဆေးဆိုးနေချိန်မှာ ဓာတုပစ္စည်းတွေနဲ့ ထိတွေ့ပြီး မျက်စိနဲ့မျက်ခွံမှာထိခိုက်မှုတွေ ရှိနိုုင်ပါတယ်။ မျက်စိနာတာတို့၊ မျက်ခွံရောင်ရမ်းတာတို့လိုပေါ့။ ဒါကြောင့် ဆံပင်အရောင်မဆိုးခင် ဘူးပေါ်ကညွှန်ကြားချက်တွေကိုဖတ်ပြီး သေချာလိုက်နာပါ။

Source: Youngisthan

Share

Loading Next Article...
က္က