ကိုယ့်အိမ်ကိုလည်း ပိုထည်ဝါသွားစေတယ်။

အိမ်တစ်အိမ်မှာ ဧည့်ခန်းက အရမ်းအရေးကြီးတယ်။ အိမ်ရဲ့မျက်နှာစာလည်းဖြစ်တာမို့လို့ ကိုယ့်အိမ်လာလည်သူတွေက ဧည့်ခန်းကိုကြည့်ပြီး ဝေဖန်အကဲဖြတ်တတ်ကြပါတယ်။ ဧည့်ခန်းကို သပ်ရပ်သန့်ရှင်းအောင် ထားသင့်သလို ပစ္စည်းတွေနဲ့ ရှုပ်ထွေးနေအောင်လည်း မထားရဘူး။ ကိုယ့်အိမ်ရဲ့ ဧည့်ခန်းလေးက အရမ်းကျဉ်းနေတယ်လို့ ခံစားရရင် ပိုကျယ်သလို ထင်ရအောင် ဒါလေးတွေကိုသုံးပါနော်။

၁။ စားပွဲအရွယ်အစား

the-everygirl-one-room-two-ways-41-1.jpg 

ဧည့်သည်လာရင် ကော်ဖီတိုက်၊ မုန့်ကျွေးဧည့်ခံဖို့ ချထားတဲ့ စားပွဲက အရမ်းကြီးနေစရာမလိုဘူးနော်။ ဧည့်ခန်းကျဉ်းရင် စားပွဲသေးသေးကိုပဲသုံးပါလား။ မဟုတ်ရင် တစ်ခန်းလုံး စားပွဲနဲ့ပြည့်နေတာ ကြည့်မကောင်းလို့ပါ။

၃။ မှန်ဗီရို

the-everygirl-one-room-two-ways-22.jpg 

မှန်ပါတဲ့ ဗီရိုရှည်တစ်လုံးလောက် ဧည့်ခန်းမှာ ထားလိုက်ပါ။ စာအုပ်တွေထည့်မလား၊ ဆုတံဆိပ်တွေ၊ အမှတ်တရပစ္စည်းတွေထည့်မလား အဆင်ပြေတယ်။ ကိုယ့်အိမ်ကိုလည်း ပိုထည်ဝါသွားစေတယ်။ လူအထင်ကြီးအောင် ရှိုးထုတ်ရာရောက်သလို ဧည့်ခန်းသွင်ပြင် ပိုခမ်းနားသွားစေတယ်လို့ ထင်ရတယ်။

၃။ ဘီးပါတဲ့ပရိဘောဂ

the-everygirl-one-room-two-ways-81.jpg 

ဘီးလေးတွေပါတဲ့ စားပွဲ၊ စင်လေးတွေကို ရွေးချယ်တာကလည်း မမှားပါဘူး။ အကြောင်းကတော့ ဘီးလေးတွေရဲ့ကျေးဇူးနဲ့ အလွယ်တကူ ရွှေ့ပြောင်းလို့ရတယ်လေ။ ကြိုက်တဲ့နေရာကို ရွှေ့လိုက်ရုံပဲ။

Source : She Find

Share

Loading Next Article...
က္က