Pringles ဆိုတာ အမေရိကန်အာလူးကြော်အမှတ်တံဆိပ်တစ်မျိုးဖြစ်ပြီး ကျွန်တော်တို့ဆီက City Mart တို့၊ Orange တို့မှာလည်း Pringles အာလူးကြော်ဘူးတွေကို အလွယ်တကူ ဝယ်ယူလို့ရပါတယ်။ Pringles အာလူးကြော်ဘူးတွေဟာ အရသာရှိမှုနဲ့ စားသုံးနိုင်တဲ့အရသာစုံလင်မှုတို့ကြောင့် နာမည်ကျော်ကြားပြီး ကမ္ဘာတဝှမ်းလုံးကအစားအသောက်ချစ်သူတွေ နှစ်ခြိုက်စွာ စားသုံးကြပါတယ်။
အာလူးကြော်ဆိုပေမယ့် အာလူးတစ်မျိုးတည်းကို ဆီနဲ့ကြော်ထားတာမျိုးမဟုတ်ဘဲ အာလူးနဲ့ဂျုံနဲ့ကိုရောပြီး တခြားအရသာတွေနဲ့ အရသာရှိအောင်ဖန်တီးပြုလုပ်ထားတာကြောင့် လူတိုင်းနှစ်သက်ကြတာပါ။ ၂၀၁၂ ခုနှစ်က စစ်တမ်းတွေအရဆိုရင် Pringles ဟာ ကမ္ဘာ့လူကြိုက်အများဆုံး မုန့်ပဲသရေစာတွေထဲမှာ နံပါတ် (၄) ဖြစ်ပါသတဲ့။
Pringles အာလူးကြော်ဘူးတွေမှာ အရသာအစုံရှိပါတယ်။ နာမည်အကြီးဆုံးအရသာတွေကတော့ Original (မူလအရသာ)၊ salt and vinegar (ဆားနဲ့ရှာလကာရည် ပြွမ်းတဲ့အရသာ)၊ Sour cream and onion (ခရင်မ်နဲ့ကြက်သွန်နီပြွမ်းတဲ့အရသာ)၊ barbecue (အသားကင်အရသာ)၊ hot and spicy (ပူပူစပ်စပ်အရသာ) နဲ့ baked potato (အာလူးဖုတ်အရသာ) တို့ဖြစ်ကြပါတယ်။
အရသာအသစ်
Pringles အာလူးကြော်ချစ်သူတွေအတွက် Pringles က နောက်ဆုံးထုတ်လုပ်ပေးလိုက်တဲ့အရသာကတော့ Nissin Top Ramen chicken flavour (Nission Top ကြက်သား Ramen ခေါက်ဆွဲအရသာ) အာလူးကြော်ပဲဖြစ်ပါတယ်။ ဒီအာလူးကြော်ဟာဆိုရင် Pringles ကုမ္မဏီနဲ့ ခေါက်ဆွဲခြောက်ထုတ်လုပ်ရောင်းချသူ Nissin ကုမ္မဏီတို့ကြားက ပူးပေါင်းဆောင်ရွက်မှုရလဒ်တစ်ခုဖြစ်ပြီး Nissin Ramen ခေါက်ဆွဲ အရသာကိုနှစ်သက်သူတွေနဲ့ Pringles အာလူးကြော်နှစ်သက်သူတွေ ခေါက်ဆွဲလေးပြုတ်ပြီးမှ အာလူးကြော်လေး ထုတ်ဝါးတာမျိုး လုပ်စရာမလိုတော့ပါဘူး။
သွားလေရာမှာ အာလူးကြော်ဘူးလေး ဆောင်ထားရုံနဲ့ Ramen ခေါက်ဆွဲအရသာကိုခံစားနိုင်ပါပြီ။ တကယ်လို့ ခင်ဗျားဟာ Ramen ခေါက်ဆွဲတွေကိုလည်း နှစ်သက်ပြီး အာလူးကြော်ဝါးရတာကိုလည်း ကြိုက်နှစ်သက်သူဖြစ်နေမယ်ဆိုရင် ဒီအခိုက်အတန့်လေးဟာ ဆောင်ဂျွန်ကီနဲ့ ဆောင်းဟေဂျို လက်ထပ်တော့မယ်ဆိုတဲ့သတင်းကြားလိုက်ရတုံးကလိုပါပဲ။ မိမိအနှစ်သက်ဆုံး အရသာ (၂) မျိုး ပေါင်းစပ်ထားရတာကို ဝါးရတော့မယ်ဆိုတဲ့အသိက အစားအသောက်ချစ်သူတွေအတွက်တော့ သတင်းကောင်းတစ်ခုပါပဲ။
တစ်ခုရှိတာက ဒီအာလူးကြော်ဘူးတွေကို Limited Time Only ထုတ်လုပ်ထားတာဖြစ်လို့ မြန်မာပြည်ကို ဘယ်နဘူးရောက်လာမလဲ ဆိုတာကိုတော့ မသိနိုင်သေးပါဘူး။ အရသာအသစ်တွေကိုမှ မြည်းစမ်းချင်တဲ့ အစားအသောက်ချစ်သူတွေအတွက်တော့ ကြက်သား Ramen ခေါက်ဆွဲအရသာနဲ့ မူလပထမ Pringles အာလူးကြော်အရသာကိုပေါင်းစပ်ထားတဲ့ Pringles ရဲ့ Nissin Top Ramen chicken flavour လေးကို မဖြစ်မနေဝယ်ယူမြည်းစမ်းကြည့်သင့်ပါတယ်။
Source: Bustle