လိင်စိတ်ဆန္ဒဆိုတာ ပုံမှန်ကျန်းမာရေးကောင်းတဲ့ လူသားတိုင်းမှာရှိတတ်တဲ့ ဆန္ဒတစ်ခုပါပဲ။
 

လိင်စိတ်ဆန္ဒဆိုတာ ပုံမှန်ကျန်းမာရေးကောင်းတဲ့ လူသားတိုင်းမှာရှိတတ်တဲ့ ဆန္ဒတစ်ခုပါပဲ။ လူမှုစံနှုန်းတွေအရ ဒါကိုလူရှေ့သူရှေ့မှာ ထုတ်ဖော်ဆွေးနွေးစရာမလိုတဲ့ ကိစ္စတစ်ခုလို့သတ်မှတ်ထားကြပေမယ့် အမှန်တော့ လူသားမျိုးနွယ် ဆက်လက်တည်ရှိနေဖို့ရယ်၊ လူ့လောကကြီးထဲမှာ နေထိုင်ရတာအဓိပ္ပာယ်တစ်ခုရှိနေစေဖို့အတွက်ရယ် မရှိမဖြစ်လိုအပ်တဲ့ အရာတစ်ရပ်ပါပဲ။

ဒါပေမယ့် တစ်ခါတလေမှာ အကြောင်းအမျိုးမျိုးကြောင့် မိမိတို့ရဲ့လိင်စိတ်ဆန္ဒတွေကုန်ခမ်းနေသလို ခံစားရတတ်ပါတယ်။ လိင်စိတ်ဆန္ဒလျော့ပါးသွားစေတဲ့အကြောင်းရင်းတွေကတော့....

၁။ အသက်အရွယ်ရလာခြင်း

01-low-sex-drive-upset-woman-bed.jpg 

ဒါကလည်း လူတစ်ယောက်နဲ့တစ်ယောက်နဲ့တော့ မတူညီနိုင်ပါဘူး။ ဒါပေမယ့် ယေဘုယျအားဖြင့်ပြောရရင်တော့ ယောကျ်ားလေးတော်တော်များများဟာ အသက်အရွယ်ရလာတာနဲ့အမျှ testosterone လို့ခေါ်တဲ့ လိင်စိတ်ဖြစ်ပေါ်စေတဲ့ ဟော်မုန်းတွေထုတ်လွှတ်လိုက်မှု ကျဆင်းသွားပြီး လိင်ဆက်ဆံလိုတဲ့ဆန္ဒတွေလည်း လျော့နည်းလာပါတယ်။

မိန်းကလေးတွေကျပြန်တော့လည်း အသက်အရွယ်ရလာရင် estrogen လို့ခေါ်တဲ့ ဟော်မုန်းထုတ်လွှတ်မှုကျဆင်းလာတာကြောင့် လိင်စိတ်တွေလျော့နည်းလာတတ်ပါတယ်။ ဒါကြောင့်အသက်အရွယ်ရလာခြင်းကို လိင်စိတ်ကျဆင်းလာခြင်းရဲ့ အကြောင်းရင်းတစ်ခုအဖြစ် သတ်မှတ်နိုင်ပါတယ်။

၂။ တချို့ဆေးဝါးများမှီဝဲခြင်း

ခင်ဗျားရဲ့ရုတ်တရက်လိင်စိတ်ကျဆင်းလာခြင်းက ဆေးဝါးကုသမှုခံယူနေရခြင်းတစ်ခုခုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ တချို့ဆေးဝါးတွေရဲ့ဘေးထွက်ဆိုးကျိုးက လူတွေရဲ့လိင်စိတ်ဆန္ဒကို ကျဆင်းစေတာပဲ ဖြစ်ပါတယ်။ ဥပမာ တစ်ခုပေးရရင် စိတ်ကျရောဂါပျောက်ဆေးမှီဝဲနေရတဲ့လူနာတွေပါပဲ။ သူတို့ဟာ သူတို့သုံးစွဲနေရတဲ့ဆေးဝါးတွေကြောင့် လိင်စိတ်တွေ လျော့ပါးနေကြရပါတယ်။ လိင်စိတ်လျော့ပါးစေတဲ့ တခြားဆေးဝါးတွေကတော့ ဓာတ်မတည့်တဲ့ရောဂါပျောက်ဆေး၊ သဒ္ဓေတားဆေးတွေ၊ စိတ်ကျရောဂါပျောက်ဆေးတွေ၊ လေသင်ဒုန်းရောဂါကာကွယ်ဆေးတွေတို့ပဲဖြစ်ပါတယ်။

၃။ စိတ်ဖိစီးမှုများပြားခြင်း

o-ANXIETY-SLEEP-facebook.jpg 

စိတ်ဖိစီးမှုနဲ့ စိတ်ကျရောဂါဟာလည်း လိင်စိတ်ဆန္ဒယာယီပျောက်ကွယ်သွားစေနိုင်တဲ့ အကြောင်းအရာတွေပါပဲ။ များသောအားဖြင့်တော့ လုပ်ငန်းခွင်စိတ်ဖိစီးမှုတို့၊ ငွေကြေးအခက်အခဲတို့၊ ကလေးမွေးဖွားခြင်းတို့၊ သမီးရည်းစားဆက်ဆံရေးမှာ အဖုအထစ်တွေများပြားနေမှုတို့ကြောင့် ဖြစ်နိုင်ပါတယ်။ စိတ်ဖိစီးတာတို့၊ ယာယီစိတ်ဓာတ်ကျတာတို့က လူသားထုံးစံပဲဖြစ်ပေမယ့် အဲဒီလိုဖြစ်နေတာ (၂) လ ကျော်လာပြီဆိုရင်တော့ စိတ်ကျရောဂါလို့သတ်မှတ်နိုင်ပြီး ဆရာဝန်ရဲ့ကုသမှုကို သေချာခံယူသင့်ပါပြီ။

၄။ ရုပ်ပိုင်းဆိုင်ရာဆွဲဆောင်မှုလျော့နည်းလာခြင်း

ဒါဟာ အတွဲတွေကြားမှာ တွဲတာကြာလာရင်ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာတစ်ခုပါပဲ။ တစ်ယောက်ယောက်က ဂရုမစိုက်ဘဲ ပစ်ထားတာကြာလို့ပဲဖြစ်ဖြစ်၊ တစ်ယောက်ယောက်ရဲ့ ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုကို ကျန်တစ်ယောက်က မနှစ်မြို့တော့တဲ့အခါမျိုး ကျရင် ဖြစ်တတ်ပါတယ်။ အဖြစ်အများဆုံးပြဿနာကတော့ ကိုယ်အလေးချိန်မြင့်တက်လာခြင်းပါပဲ။ မိမိရဲ့လက်တွဲဖော်မှာ ရုပ်ပိုင်းဆိုင်ရာဆွဲဆောင်နိုင်မှု လျော့နည်းလာတဲ့အခါမှာလည်း လိင်စိတ်ဆန္ဒတွေလျော့နည်းလာတတ်ပါတယ်။

၅။ ကိုယ်နံ့ဆိုးရွားခြင်း

iStock_000018110415Medium.jpg 

ဒီတစ်ခုကလည်း ပထမတစ်ခုလိုပါပဲ။ တစ်ကိုယ်ရည်သန့်ရှင်းမှုလျော့နည်းတဲ့အခါမှာ (ဥပမာ ချွေးနံ့တွေဆိုးဝါးလာတဲ့အခါ) တစ်ဖက်လူမှာ လိင်စိတ်ဆန္ဒလျော့နည်းလာတတ်ပါတယ်။ ဒီပြဿနာကို ဖြစ်စေနိုင်တဲ့ အရင်းခံတွေကတော့ အရက်အလွန်အကျွံသောက်သုံးခြင်း၊ အနီရောင်အသားနဲ့ ကြက်သွန်ဖြူလို ကိုယ်နံ့ဆိုးရွားစေတဲ့ အစားအစာတွေကို အစားများခြင်း၊ ရေပုံမှန်မချိုးခြင်းတို့ပဲ ဖြစ်ပါတယ်။

ဘာကြောင့်ပဲဖြစ်ဖြစ် မိမိရဲ့ကိုယ်နံ့ဆိုးဝါးခြင်းကလည်း မိမိလက်တွဲဖော်ရဲ့လိင်စိတ်ဆန္ဒအပေါ်မှာ အကျိုးသက်ရောက်မှုရှိတာကို နားလည်ထားရပါမယ်။

၆။ တစ်ဖက်လူကို အလေးမထားခြင်း

တကယ်တော့ လိင်စိတ်ဆန္ဒဆိုတာ လူ့သဘာဝရဲ့ပုံမှန်အချက်တစ်ချက်ပါပဲ။ လိင်စိတ်ဆန္ဒဖြစ်လာပြီဆိုရင် စိတ်အလောမကြီးဖို့က အရေးကြီးပါတယ်။ အထူးသဖြင့် ယောကျ်ားလေးတွေပေါ့။ Foreplay လို့ခေါ်တဲ့ လိင်စိတ်ကိုဖြစ်စေနိုင်တဲ့ ပွေ့ဖက်တာတို့၊ နမ်းတာတို့ကို အချိန်ပေးမလုပ်ဘဲ လိုရင်းကိုတန်းသွားလိုက်ရင် တစ်ဖက်လူမှာ လိင်စိတ်ကုန်ခမ်းသွားတတ်ပါတယ်။ တချို့လူတွေက နှုတ်က ပေါ်တင်ထုတ်ပြောပြီး တောင်းဆိုတတ်ကြပေမယ့် တချို့က ရှက်ပြီး မတောင်းဆိုတတ်ကြတဲ့အတွက် (သို့) တောင်းဆိုရကောင်းမှန်းမသိတဲ့အတွက် လိင်စိတ်ကုန်ခမ်းတာတို့၊ ဆက်ဆံရေးအဆင်မပြေတာတို့ ဖြစ်လာတတ်ပါတယ်။

Source: Stylecraze

Share

Loading Next Article...
က္က