အသည်းကွဲနေတဲ့အချိန်ဖြစ်စေ အောင်ပွဲခံချိန်မှာဖြစ်စေ စိတ်ခံစားချက်အတွက် သီချင်းနားထောင်ကြပါတယ်။ သီချင်းနားထောင်ခြင်းဟာ စိတ်ခံစားမှုကို ကောင်းမွန်စေတယ်ဆိုတာ သိခဲ့ကြပြီးပါပြီ။ စိတ်ခံစားချက်အလိုက်လည်း သီချင်းတွေကို ပြောင်းလဲနားထောင်ကြပါတယ်။ ဂီတကုထုံးပညာရှင်တွေကတော့ သူတို့ထံလာရောက်သူတွေကို ဒီသီချင်းမျိုးတွေနဲ့ ကူညီဖြေရှင်းပေးကြတယ်လို့ ဆိုပါတယ်။
မှတ်ဉာဏ်လျော့နည်းနေတဲ့ သက်ကြီးရွယ်အိုတွေကို မှတ်ဉာဏ်ပြန်ရစေချင်တဲ့အခါ အချိန်၊ နေရာ၊ ခံစားချက်တွေပါဝင်တဲ့ သီချင်းမျိုး နားထောင်စေပါတယ်။ သူတို့အကြိုက်ဆုံး သီချင်းဟောင်းတစ်ပုဒ်ကိုကြားရတဲ့အခါ ပျော်ရွှင်ခဲ့တဲ့အချိန်ကာလေတွေကို ပြန်လည်မှတ်မိသွားပါတယ်။
ဒရမ်သံ၊ Beat box သံတွေ များများပါတဲ့ သီချင်းမျိုး နားထောင်ပါ။ စိုးရိမ်ပူပန်မှုဆိုတာ ကြောက်လန့်မှုကို ခန္ဓာကိုယ်က အလိုအလျောက်တုန့်ပြန်တဲ့အရာဖြစ်ပါတယ်။ ဒရမ်သံပါတဲ့သီချင်းတွေ နားထောင်ခြင်းနဲ့ ပါးစပ်နေ Beat Box သံ ပြုလုပ်ခြင်းတွေက စိတ်ပူပန်မှုကို လျော့ကျသွားစေပါတယ်။ Beat Box လုပ်တတ်အောင် လေ့ကျင့်ကြည့်ပါ။
ကိုယ်အကြိုက်ဆုံးသီချင်းတွေကို စာရင်းတစ်ခုလုပ်ထားပြီး နားထောင်ပေါ့။ Playlist ကတော့ လူတိုင်းမှာ ရှိမယ်ထင်ပါတယ်။ အာရုံစိုက်ဖို့လိုတဲ့အချိန်မှာ အဲ့ဒီ playlist ကို ဖွင့်ထားကြည့်ပါ။ နှလုံးခုန်နှုန်းလည်း မှန်စေပြီး ပြင်ပက ဆူညံသံတွေဝင်လာလို့ အာရုံပျက်တာမျိုးလည်း မရှိတော့ဘူး။ ပြီးတော့ အသက်ရှုမှန်စေတယ်။
ကားမောင်းနေချိန်အတွက် ဂီတကတော့ ကိုယ်တိုင်သီဆိုနေတာပါပဲ။ သာယာငြိမ့်ငြောင်းတဲ့သီချင်းလေးတွေကို ပါးစပ်ကနေ ဆိုနေရင်း ကားမောင်းတဲ့အခါ မောင်းလို့ပိုကောင်းလာတယ်။
ဘာမှမလုပ်နိုင်လောက်အောင် စိတ်ဓာတ်တွေကျဆင်းနေပြီဆို Classical music တွေ နားထောင်လိုက်ပါ။ မနက်အစောကြီး အိပ်ရာကနိုးလို့ တစ်ယောက်တည်း ကြောက်လန့် အထီးကျန်နေမယ်၊ ဝမ်းနည်းနေမယ်ဆိုရင် ဂန္တဝင်ဂီတသံတွေကို ကိုယ်ကြားရုံလောက်လေး ခပ်တိုးတိုးဖွင့်ထားလိုက်ပါ။
ကာယလေ့ကျင့်ခန်းတွေလုပ်တယ်၊ အားကစားလုပ်တယ်။ ဒါပေမဲ့ တစ်ခါတစ်လေကျတော့ လုပ်ချင်စိတ်မရှိဘူး ပျင်းနေမိတာ။ အဲ့လိုအချိန်တွေမှာဆိုရင်တော့ နှလုံးခုန်နှုန်းမြန်စေမယ့် သီချင်းတွေ ဖွင့်လိုက်ပါ။ မြူးမြူးကြွကြွနဲ့ ကျယ်ကျုယ်လေးပေါ့။
Source : Daily Mail
Share