ငယ်ငယ်ရွယ်ရွယ်နဲ့ ဒေါ်လာသန်းထောင်နဲ့ချီပြီး ချမ်းသာနေတဲ့ ဘီလျံနာသူဌေးလေးတွေရှိပါတယ်။
 

ငွေကြေးကြွယ်ဝချမ်းသာခြင်းဆိုတာကို မလိုချင်တဲ့သူ ဘယ်သူရှိမလဲ။ ငွေဟာ ဒုတိယဘုရားသခင်ဖြစ်လာခဲ့ပြီးနောက် ငွေကြေးချမ်းသာခြင်းဟာ တန်ခိုးအာဏာကြီးမားခြင်းလည်း ဖြစ်လာခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ ထူးထူးခြားခြား ကံကောင်းစွာနဲ့ (သို့) မိမိရဲ့ကြိုးစားအားထုတ်မှုကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ ဒေါ်လာသန်းထောင်နဲ့ချီပြီး ချမ်းသာနေတဲ့ ဘီလျံနာသူဌေးလေးတွေရှိပါတယ်။

မိမိအသက် ဘယ်လောက်ရှိပြီလဲဆိုတာ ပြန်စမ်းစစ်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ ဘီလျံနာဖြစ်နေသူတွေကို အားကျအတုယူနိုင်ဖို့ ကမ္ဘာကျော် လူငယ်ဘီလျံနာ (၁၀) ဦးကို ဖော်ပြပေးလိုက်ပါတယ်နော်။ သတိပြုရမှာတစ်ခုက နံပါတ်စဉ် တပ်ထားပေမယ့် အချမ်းသာဆုံးကနေ အစဉ်လိုက် စီထားတာတော့ မဟုတ်ပါဘူး။

၁။ Gustav Magnat Witzoe

LHS_GustavWitzøe03.jpg 

ဒီလူငယ်လေးကတော့ မိဘအမွေကိုဆက်ခံနိုင်ခဲ့တာကြောင့် ချမ်းသာလာခဲ့တာပါ။ သူ့အဖေ Witzoe senior ကြီးကတော့ ကမ္ဘာပေါ်မှာ ဆယ်လ်မွန်ငါးဖြန့်ချီရောင်းချီသူ ကုမ္မဏီကြီးဖြစ်တဲ့ Salmar ASA ရဲ့ ပိုင်ရှင်ဖြစ်ပါတယ်။ Gustav ရဲ့အသက်က ခုမှ (၂၃) နှစ်ပဲရှိပါသေးတယ်။ တယ်ကံကောင်းတဲ့ လူငယ်လေးပါပဲ။ :) ကြွယ်ဝမှှုကတော့ (၁.၄၉) ဘီလီယံဖြစ်ပါတယ်။

၂။ Mark Zuckerberg

mark-zuckerberg-headshot.jpg 

ဒီခေတ်ကြီးမှာ Mark Zuckerberg ကို မသိတဲ့သူဘယ်သူရှိမလဲကွယ်။ ကျွန်တော်တို့အားလုံး မိုးလင်းကနေ မိုးချုပ်ထိ သူ့ရဲ့ထုတ်ကုန်ပစ္စည်းတစ်ခုဖြစ်တဲ့ Facebook ပေါ်မှာပဲ အချိန်းဖြုန်းနေကြရတာ မဟုတ်ပါလား။ သူ့ရဲ့ကြွယ်ဝချမ်းသာမှုက ဒေါ်လာ (၅၈.၉) ဘီလီယံရှိပါသတဲ့။ သုညလေးတွေလိုက်ရေဖို့ မစဉ်းစားပါနဲ့။ မိုးလင်းသွားပါလိမ့်မယ်။ သူ့ရဲ့ကြွယ်ဝမှုက သူရဲ့သားသမီး (၁၀) သက်ထိုင်စားလို့မကုန်နိုင်ဘူးလို့တောင် ဆိုနိုင်ပါတယ်။ သူ့အသက်က ခုမှ (၃၅) နှစ်ပဲရှိသေးပါတယ်။

၃။ Dustin Moscovitz

Dustin-Moskovitz.jpg 

Dustin ကတော့ Facebook ရဲ့ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်ပါတယ်။ သူဟာ Harvard တက္ကသိုလ်မှာတုံးက Zuckerberg ရဲ့အခန်းဖော်လည်း ဖြစ်ခဲ့ပါတယ်။ အခုအချိန်မှာတော့ သူဟာ Facebook နဲ့ ပတ်သက်မှုမရှိတော့ဘဲ သူ့ရဲ့ကိုယ်ပိုင် Business management software ကုမ္မဏီတစ်ခုဖြစ်တဲ့ Asana ကိုတည်ထောင်ထားပါတယ်။ သူ့အသက်ကလည်း Zuckerberg နဲ့တူတူ (၃၅) နှစ်ပဲရှိပါသေးတယ်။

၄။ Yang Huiyan

huiyan-yang-pic.jpg 

တရုပ်အမျိုးသမီးငယ်လေးဖြစ်တဲ့ Yang Huiyan ဟာ အာရှတိုက်မှာ အငယ်ရွယ်ဆုံးနဲ့အချမ်းသာဆုံးအမျိုးသမီးတစ်ဦးဖြစ်ပါတယ်။ သူမရဲ့အသက်ဟာ ခုမှ (၃၅) နှစ်ပဲရှိသေးပြီး သူမရဲ့ဖခင်ဆီက Country Garden Holdings ကုမ္မဏီကိုအမွေဆက်ခံရရှိခဲ့ပါတယ်။ ကုမ္မဏီရဲ့တန်ဖိုးက (၉.၄) ဘီလီယံလောက်တန်ကြေးရှိပြီး (၂၀၀၇) ခုနှစ်တုံးကစစ်တမ်းအရဆိုရင် Yang ရဲ့အသားတင် ချမ်းသာကြွယ်ဝမှုက အမေရိကန်ဒေါ်လာ (၁၆.၂) ဘီလီယံရှိတယ်လို့ ခန့်မှန်းထားပါတယ်။

၅။ Kelly Zong

st_20161218_kpheirs180wgx_2816507.jpg 

သူမကတော့ တရုပ်ပြည်မှာအကြီးမားဆုံး ရေသန့်၊ နွားနို့၊ အဖျော်ယမကာစတာတွေကို ထုတ်လုပ်ရောင်းချသူတစ်ဦးဖြစ်တဲ့ ZongQuinhoe ရဲ့သမီးဖြစ်ပါတယ်။ သူမရဲ့အသားတင်ချမ်းသာကြွယ်ဝမှုကတော့ ဒေါ်လာ (၂၀) ဘီလီယံရှိပါသတဲ့။ သူမကလည်း အသက် (၃၅) နှစ်ပဲရှိပါသေးတယ်။

၆။ Sean Parker

billionaire-napster-founder-sean-parker-is-hacking-cancer-with-a-250-million-institute.jpg 

Sean ကတော့ ယနေ့ခေတ်အင်တာနက်ပေါ်မှာ အကြီးမားဆုံး music sharing app တစ်ခုဖြစ်တဲ့ Napster ရဲ့တည်ထောင်သူ ဖြစ်ပါတယ်။ သူ့အသက်ကတော့ (၃၆) နှစ်ရှိပြီဖြစ်ပြီး အသားတင်ကြွယ်ဝမှုက ဒေါ်လာ (၂.၅) ဘီလီယံရှိပါတယ်။ သူဟာ Facebook ရဲ့အောင်မြင်မှုသမိုင်းကြောင်းမှာ အလွန်အရေးပါတဲ့အခန်းကဏ္ဍတစ်ရပ်မှာ ပါဝင်ခဲ့ပြီး သူသာမရှိခဲ့ရင် Facebook ဒီလောက် မြန်မြန်အောင်မြင်လာပါ့ မလားဆိုတာ သံသယဖြစ်စရာရှိပါတယ်။ Silicon Valley မှာ အသိအကျွမ်းများစွာရှိတဲ့ Sean ဟာ Facebook ရဲ့ President အဖြစ်တာဝန်ထမ်းဆောင်ခဲ့တုံးက Zuckerberg တို့ကို အများကြီး အကူအညီပေးခဲ့ပါတယ်။ သူဟာ Facebook (၅) လ သက်တမ်းပဲရှိစဉ်ကတည်းက တာဝန်ထမ်းဆောင်ခဲ့တာပါ။

၇။ Evan Spiegel

t-evan-spiegel-snapchat.jpg 

ကျွန်တော်တို့နိုင်ငံမှာ လူသိသိပ်မများသေးပေမယ့် အနောက်နိုင်ငံတွေမှာ လူသိများပြီး လူငယ်တွေအသုံးများတဲ့ app ကတော့ Snapchat ပါပဲ။ Snapchat ကတော့ ဓာတ်ပုံတင်တဲ့ app တစ်ခုဖြစ်ပြီး Evan ကတော့ Snapchat ရဲ့တည်ထောင်သူဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာပေါ်မှာ ခေတ်စားနေပြီး Facebook ကတောင် အတုယူပြီး လိုက်ကူးချနေရတဲ့ Dog Face Filter တို့၊ My day တို့ဟာ Evan ရဲ့တီထွင်မှုတွေ ဖြစ်ပါတယ်။ သူ့အသက်က ခုမှ (၂၇) နှစ်ပဲရှိပါသေးတယ်။ ကြွယ်ဝမှုကတော့ (၅) ဘီလီယံတောင်ရှိနေပါပြီ။ wow ပေါ့နော်။

၈။ Lukas Walton

Lukas_Thürauer_-_SKNV_St._Pölten_(01).jpg 

Lukas ကတော့ အသက် (၂၉) နှစ်ပဲရှိသေးပြီး သူ့ရဲ့ထင်ရှားတဲ့အဘိုးဖြစ်သူကြောင့် ပိုမိုထင်ရှားရပါတယ်။ သူဟာ ကမ္ဘာကျော် စူပါမားကက်ကုမ္ပဏီ Walmart ရဲ့တည်ထောင်သူ Sam Walton ရဲ့မြေး ဖြစ်ပါတယ်။ သူ့ရဲ့ကြွယ်ဝမှုကတော့ (၃၅) ဘီလီယံရှိပါတယ်။

၉။ Wang Han

2418292549uk.jpg 

သူလည်း အသက် (၃၉) နှစ်တောင်မပြည့်သေးပါဘူး။ ဒါပေမယ့် ဒေါ်လာ (၂) ဘီလီယံတောင် ချမ်းသာနေပါပြီ။ ဘာလို့လဲဆိုတော့ သူ့အဖေက ရှန်ဟိုင်းအခြေစိုက်လေကြောင်းလိုင်းတစ်ခုဖြစ်တဲ့ Juneyao လေကြောင်းလိုင်းရဲ့ပိုင်ရှင်ဖြစ်နေလို့ပါပဲ။

၁၀။ Scott Duncan

87f50d4b1eed94018bf8ce74d3544441.jpg 

Scott Duncan ကတော့ အမေရိကန်ရဲ့စွမ်းအင်ကုမ္မဏီတစ်ခုဖြစ်တဲ့ Enterprise ရဲ့အမွေဆက်ခံသူတစ်ဦးဘဝကို အသက် (၃၃) နှစ်မှာရောက်ရှိခဲ့ပါတယ်။ (၂၀၁၄) ခုနှစ် မတ်လမှာပြုလုပ်တဲ့ Forbes ရဲ့စစ်တမ်းမှာ Scott Duncan ဟာ အမေရိကန်ဒေါ်လာ (၆.၃) ဘီလီယံကြွယ်ဝတယ်လို့ ဆိုထားပါတယ်။

Source: Youngisthan

Share

Loading Next Article...
က္က