အသည်းဆိုတာ လူ့ခန္ဓာကိုယ်ရဲ့အစာခြေစနစ်မှာ အရေးကြီးတဲ့အခန်းကဏ္ဍတစ်ရပ်က ပါဝင်လုပ်ဆောင်ပေးတဲ့ ကိုယ်တွင်းအင်္ဂ ါ တစ်ခုပါပဲ။
 

အသည်းဆိုတာ လူ့ခန္ဓာကိုယ်ရဲ့အစာခြေစနစ်မှာ အရေးကြီးတဲ့အခန်းကဏ္ဍတစ်ရပ်က ပါဝင်လုပ်ဆောင်ပေးတဲ့ ကိုယ်တွင်းအင်္ဂ ါ တစ်ခုပါပဲ။ ခင်ဗျားစားလိုက်တဲ့၊ သောက်လိုက်တဲ့အရာတိုင်းဟာ အသည်းကို ဖြတ်သန်းသွားရပါတယ်။ ဒါကြောင့် အသည်းကျန်းမာ နေဖို့ကလည်း လူတစ်ယောက်အတွက် အလွန်အရေးကြီးပါတယ်။ နောက်ပြီး ဘယ်လိုအစားအစာမျိုးတွေက အသည်းကို ထိခိုက်စေနိုင်တယ်ဆိုတာကို သိရှိထားပြီး သတိပြုရှောင်ကြဉ်မယ်ဆိုရင် အကောင်းဆုံးပါပဲ။

၁။ အဆီများတဲ့အစားအစာတွေ

004f49db35a9d1de7e09d3170ab3d468.jpg 

အာလူးချောင်းကြော်နဲ့ ဟမ်ဘာဂါတွေဟာ အသည်းကျန်းမာရေးနဲ့ မကိုက်ညီတဲ့ရွေးချယ်မှုတွေပါပဲ။ အဲဒီလိုအဆီများတဲ့ အစားအသောက်တွေကို အများကြီးစားမိမယ်ဆိုရင် အသည်းရဲ့ပုံမှန်လုပ်ဆောင်မှုတွေကို လုပ်ဆောင်ဖို့ခက်ခဲစေမှာပါ။ အချိန်ကြာလာတာနဲ့အမျှ အရေပြားရောင်ရမ်းရာကနေ အသည်းမှာထိခိုက်ဒဏ်ရာရလာပြီး cirrhosis လို့ခေါ်တဲ့ အသည်းရောဂါ တစ်မျိုးကို ရရှိစေနိုင်ပါတယ်။ ဒါကြောင့် မနက် ရုံးချိန်အမီသွားရပြီး မနက်စာအတွက် fast food တစ်မျိုးမျိုး စားရတော့မယ်ဆိုရင် ကျန်းမာရေးနဲ့ ပိုမိုညီညွှတ်တဲ့ menu တစ်ခုခုကို ရွေးချယ်လိုက်ပါ။

၂။ အချိုဓာတ် (သကြား)

halloween-candy.jpg 

ငယ်ငယ်က သကြားလုံးတွေ၊ အချိုရည်တွေ၊ ချောကလက်တွေ အရမ်းကြိုက်ခဲ့ဖူးပါသလား။ အခုအချိန်ထိကော ကော်ဖီသောက်ရင် သကြားများများ၊ ခရင်မ်များများနဲ့ (Mocha ကော်ဖီလိုမျိုး) ကိုမှ နှစ်သက်နေမိ တုံးလား။ ဒါဆိုရင်တော့ ပြန်စဉ်းစားလိုက်ပါဦး။ အချိုလွန်ကဲစွာစားသုံးခြင်းက အသည်းကိုထိခိုက်စေနိုင်လို့ပါပဲ။

အသည်းရဲ့လုပ်ဆောင်မှုတွေထဲမှာ သကြားဓာတ်တွေကို အဆီအဖြစ်ပြောင်းလဲပစ်ခြင်းလည်း ပါနေတော့ အချိုအများအပြား စားသုံးခြင်းက အဆီလွန်ကဲစွာဖြစ်ပေါ်ခြင်းလို့လည်း အဓိပ္ပာယ်ရနေပါတယ်။ အဲဒီကမှတဆင့် အသည်းအဆီဖုံးရောဂါလိုမျိုး ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်အသည်းကိုယ် သနားရင် အချိုလေးနည်းနည်းလျှော့စားကြပါဦး။

၃။ အငန်ဓာတ်

ဆားမပါတဲ့ဟင်းက ပေါ့ပျက်ပျက်နိုင်ပါတယ်။ အရသာရှိစေဖို့အတွက်သာမက ကျွန်တော်တို့ခန္ဓာကိုုယ်ကလည်း ဆားကို လိုအပ်ပါတယ်။ ဒါပေမယ့် အငန်ဓာတ်လွန်ကဲပြန်ရင်လည်း ကျန်းမာရေးအတွက် မကောင်းပြန်ပါဘူး။ လေ့လာမှုတွေက ဖော်ပြနေတာကတော့ ဆိုဒီယမ်ပါဝင်မှုများပြားတဲ့ အစားအစာတွေဟာ fibrosis လို့ခေါ်တဲ့ အသည်းထိခိုက်ခြင်းရဲ့ပထမအဆင့်ကို ဖြစ်စေနိုင်ပါတယ်။

အငန်ဓာတ် လွန်ကဲခြင်းကို ရှောင်ရှားဖို့အတွက် ဝက်ပေါင်ခြောက်တို့၊ အသားဆားနယ်တို့လို အစားအသောက်တွေကိုရှောင်ရှားပါ။ စည်သွပ်ထားတဲ့အသီးအရွက်တွေအစား လတ်လတ်ဆတ်ဆတ် ဟင်းသီးဟင်းရွက်တွေကို ရွေးချယ်ပါ။ ထမင်းစား စားပွဲပေါ်က ဆားဘူးကိုလည်း လက်လှမ်းမှီနိုင်တဲ့နေရာကနေ ဝေးဝေးရွှေ့ထားလိုက်ပါ။

၄။ အရက်အလွန်အကျွံ သောက်သုံးခြင်း

1485543997082-alcohol-492871_1920.jpg 

ဒါကတော့ လူသိများပြီးသား ကျန်းမာရေးဗဟုသုတတစ်ခုပါ။ ဒါပေမယ့်လိုက်နာနိုင်လားဆိုပြန်တော့လည်း အပြည့်အဝ မလိုက်နာနိုင်ကြသေးပါဘူး။ အဲဒါကတော့ အရက်အလွန်အကျွံသောက်သုံးခြင်းက အသည်းကို ထိခိုက်စေတယ်ဆိုတာပါပဲ။ အချိန်ကြာလာတာနဲ့အမျှ အသည်းခြောက်ရောဂါဖြစ်လာစေနိုင်ပါတယ်။

ပုံမှန်ဆိုရှယ်သောက်တာလို့ပြောလို့ရတဲ့ အမျိုးသမီးတွေအတွက်ဆို တစ်နေ့ (၄) ခွက်၊ အမျိုးသားတွေအတွက်ဆို တစ်နေ့ (၅) ခွက်လောက်သောက်တာတောင် အန္တရာယ်ရှိနိုင်ပါတယ်။ ဒါကြောင့် အမျိုးသမီးတွေဆိုရင် တစ်နေ့ (၁)ခွက်၊ အမျိုးသားတွေဆို တစ်နေ့ (၂) ခွက်လောက် သောက်တာက ဆေးဖြစ်ဝါးဖြစ်ဆိုသလို ကျန်းမာရေးကို အလွန်အကျွံ မထိခိုက်စေနိုင်ပါဘူး။

၅။ ထုပ်ပိုးပြီးမုန့်ပဲသရေစာတွေ

မုန့်ဆိုင်မှာ မုန့်ဝယ်စားတာပဲဖြစ်ဖြစ်၊ ရုပ်ရှင်ရုံမှာ ရုပ်ရှင်သွားကြည့်တာပဲဖြစ်ဖြစ် ထုပ်ပိုးပြီးမုန့်ပဲသရေစာတွေအစား ကျန်းမာရေးနဲ့ ပိုမိုညီညွှတ်တဲ့ မုန့်တွေကို ဦးစားပေးရွေးချယ်ပါ။ ဥမာ... ထောပတ်မပါတဲ့ ပြောင်းဖူးပေါက်ပေါက်တို့ဘာတို့ပေါ့။

အဲဒီလိုထုပ်ပိုးပြီး သရေစာမုန့်တွေဖြစ်တဲ့ အာလူးကြော်တို့၊ ပုဇွန်မုန့်တို့ဟာ သကြားတွေ၊ ဆားတွေ၊ အဆီဓာတ်တွေနဲ့ ပြည့်နှက်နေတတ်ပါတယ်။ နေ့လည်နေ့ခင်း Coffee Break မှာ အဲဒီလိုမုန့်ပဲသရေစာတွေဆီ လက်မလှမ်းမိစေဖို့ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအသောက်တွေကိုယူလာခဲ့ပါ။ ဥပမာ... သစ်သီးစုံကို ဘူးလေးနဲ့ထည့်လာတာမျိုးဖြစ်ဖြစ်ပေါ့။

သင်စိတ်ဝင်စားမယ့်အကြောင်းအရာ (အသည်းအတွက် ကောင်းမွန်တဲ့အစားအစာများ)

Source: Webmd

Share

Loading Next Article...
က္က