တိတ်တဆိတ်လူသတ်သမားလို့ နှလုံးရောဂါကို ခေါ်ကြတယ်။

နှလုံးရောဂါဟာ လူ့အသက်ကို ဒုက္ခပေးနိုင်တဲ့ ရောဂါတွေအနက် တစ်ခုအပါအဝင်ဖြစ်ပြီး ကမ္ဘာတစ်ဝန်းမှာ နှစ်စဉ် နှလုံးရောဂါရင်ဆိုင်နေရသူတွေလည်း များပြားလာနေပါတယ်။ အစားအသောက်၊ အနေအထိုင်၊ ပတ်ဝန်းကျင်နဲ့ စိတ်ဖိစီးမှုတွေကလည်း နှလုံးကျန်းမာရေးကို ထိခိုက်စေပါတယ်။ ဒီလိုအလေ့အထကောင်းလေးတွေ ရှိနေမယ်ဆိုရင်တော့ သင့်နှလုံးက ကျန်းမာကြံ့ခိုင်နေမှာပါ။

၁။ အမျှင်ဓာတ်

sweet-potato.jpg 

အမျှင်ဓာတ်ပါတဲ့စားစရာတွေက အစာခြေစနစ်ကို ကောင်းမွန်စေရုံသာမက နှလုံးအတွက်လည်း ကောင်းပါတယ်။ American Heart Association ရဲ့ အဆိုအရ ကျန်းမာရေးနဲ့လျှော်ညီတဲ့ အစေ့အဆံတွေဟာ ခန္ဓာကိုယ်တွင်းမှာ ကိုလက်စထရောပမာဏမြင့်တက်မလာစေဘူးလို့ သိရပါတယ်။ ဒါ့အပြင် နှလုံးရောဂါ၊ လေသင်တုန်းဖြတ်ခြင်း၊ အဝလွန်ရောဂါနဲ့ ဆီးချိုရောဂါ အမျိုးအစား-၂ တို့ မဖြစ်စေဘူးလို့လည်း ဆိုပါတယ်။ အမျှင်ဓာတ်ပါဝင်တဲ့ အစားအစာတွေကို စားသုံးပေးတတ်တဲ့ အလေ့အကျင့်ဟာ သင့်နှလုံးကို ကျန်းမာနေစေမှာပါ။ တစ်နေ့ကို အမျှင်ဓာတ် ၇ ဂရမ် စားပေးတဲ့အခါ နှလုံးကြွက်သားဆိုင်ရာရောဂါ ဖြစ်နိုင်ခြေကို အနည်းဆုံးဖြစ်အောင် လျှော့ချပေးနိုင်ကြောင်း Leeds တက္ကသိုလ်က ၂၀၁၃ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုကလည်း ထောက်ခံထားပါသေးတယ်။

၂။ ကျန်းမာစေမယ့်အဆီဓာတ်

walnuts.jpg 

British Medical Journal မှာ ဖော်ပြခဲ့တဲ့ လေ့လာမှုတစ်ခုမှာတော့ ပြည့်ဝဆီ (saturated fats)တွေ နေရာကို ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ polysaturated fats တွေနဲ့ အစားထိုးပြီး အစေ့အဆံ (whole grains)၊ အပင်ကရတဲ့ပရိုတိန်းတို့ကို စားသုံးပေးခြင်းဟာ နှလုံးရောဂါဖြစ်နိုင်ခြေ နည်းပါစေတယ်လို့ ဆိုပါတယ်။ ဆယ်လ်မွန်ငါးမှာပါဝင်တဲ့ အိုမီဂါ - ၃ နဲ့ သစ်ကြားသီးတို့လို ကျန်းမာရေးအတွက်ကောင်းတဲ့ အဆီကို စားသင့်ပါတယ်။ နေ့စဉ် အခွံမာသီး လက်တစ်ဆုပ်စားပေးတဲ့အခါ နှလုံးသွေးလွှတ်ကြောဆိုင်ရာဂါ ဖြစ်နိုင်ခြေကို ၃၀% လျော့သွားစေတယ်လို့ BioMed Central ဆေးပညာဆိုင်ရာဂျာနယ်မှာ ဖော်ပြဖူးပါတယ်။

၃။ ကိုယ်လက်လှုပ်ရှားမှု

running-shoes-best-body-weight-workouts.jpg 

ပြင်းထန်တဲ့ကာယလှုပ်ရှားမှုတွေ လုပ်ရမယ်လို့ မဆိုလိုပါဘူး။ ရုံးတက်၊ ရုံးဆင်းတဲ့အခါ လှေကားတွေကို ခြေလျင်တက်တာမျိုးနဲ့ ပေါ့ပါးတဲ့ ကိုယ်လက်လှုပ်မှုမျိုး လုပ်ပေးရုံနဲ့တင် နှလုံးကို ကျန်းမာကြံ့ခိုင်စေပါတယ်။

၄။ စိတ်ဖိစီးမှုကင်းဝေးခြင်း

plus-size-fitness-yoga.jpg 

စိတ်ဖိစီးမှုနဲ့ နှလုံးရောဂါက ဆက်စပ်နေပါတယ်။ စိတ်ဖိစီးမှုတွေကို အမြဲတမ်းလိုလို ကြုံတွေ့နေရတဲ့အခါ နှလုံးရောဂါ ဖြစ်လာတော့တာပါပဲ။ စိတ်ဖိစီးမှုများလာရင် သွေးတိုးလာမယ်၊ ဗိုက်အောင့်လာမယ် စတာတွေကြုံလာရနိုင်ပါသေးတယ်။ စိတ်ဖိစီးမှုတွေကနေ ကင်းဝေးအောင် နေတတ်ခြင်းကလည်း နှလုံးကို ကျန်းမာရေးကောင်းစေမှာပါပဲ။

၅။ ဆေးလိပ်

smoking-weight-loss.jpg 

National Heart, Lung, and Blood Institute ရဲ့ ထုတ်ပြန်ချက်အရ အမေရိကားမှာ နှစ်စဉ်လူသေဆုံးမှုများအနက် ငါးဦးလျှင်တစ်ဦးက စီးကရက်သောက်သုံးမှုကြောင့် သေဆုံးသူဖြစ်တယ်လို့ သိရပါတယ်။ ဆေးလိပ်ဖြတ်ရုံနဲ့တင် နှလုံးရောဂါမဖြစ်အောင် ကာကွယ်ရာရောက်သွားပါပြီ။ စီးကရက်မှာပါဝင်တဲ့ ကတ္တရာက သွေးကြောတွေကို မာကြောသွားစေပြီး နှလုံးကိုသွေးစီးဆင်းမှုနည်းသွားစေပါတယ်။ စီးကရက်မသောက်သူတွေမှာတောင် အငွေ့ရှုမိတာနဲ့ နှလုံးတစ်ရှုးတွေကို ပျက်စီးစေနိုင်တာမို့ ဆေးလိပ်ဖြတ်ဖို့ လိုပါတယ်။

Source : Eat This

Share

Loading Next Article...
က္က