ကိုယ်အလေးချိန်လျော့ချလိုသူအတွက် အကောင်းဆုံးလေ့ကျင့်ခန်းဟာ လက်ဝှေ့ထိုးခြင်းသာဖြစ်တယ်လို့ စစ်တမ်းကောက်ယူမှုတစ်ခုက ဖော်ပြလိုက်ပါတယ်။ လက်ဝှေ့ထိုးနေချိန်မှာ တစ်နာရီကို ကယ်လိုရီ ၈၀၀ လောင်ကျွမ်းပေးနိုင်တာကြောင့် ဝိတ်ချချင်သူတွေအတွက် မြန်မြန်ဆန်ဆန်နဲ့ဝိတ်ကျသွားစေမယ့် အားကစားလည်း ဖြစ်ပါတယ်။
တင်းနစ်ရိုက်ခြင်းကလည်း လက်ဝှေ့ထိုးတာလောက်နီးနီး ကယ်လိုရီတွေကို လောင်ကျွမ်းစေပါတယ်။ တစ်နာရီကို ကယ်လိုရီ ၇၄၈ လောက် လောင်ကျွမ်းပေးနိုင်ပါတယ်။ နောက်တစ်ခုကတော့ ချစ်တင်းနှောခြင်းဖြစ်ပါတယ်။ ချစ်တင်းနှောခြင်းကြောင့်လည်း ကယ်လိုရီတွေ လောင်ကျွမ်းပါသတဲ့။ ဒါပေမဲ့ အမျိုးသမီးနဲ့အမျိုးသား ကယ်လိုရီလောင်ကျွမ်းနှုန်း မတူညီကြပါဘူး။ ချစ်တင်းနှောနေချိန်အတွင်းမှာ အမျိုးသားတွေက ကယ်လိုရီ ၂၀၀ လောင်ကျွမ်းပြီး အမျိုးသမီးတွေကတော့ ကယ်လိုရီပမာဏ ၁၃၈ သာ လောင်ကျွမ်းတယ်လို့ လေ့လာမှုရလဒ်တွေက ဖော်ပြပါတယ်။ လေ့လာမှုကိုတော့ ကျန်းမာရေးကောင်းမွန်တဲ့ အမျိုးသမီး၊ အမျိုးသားတွေထံက ဘယ်လိုမျိုးကယ်လိုရီလောင်ကျွမ်းခဲ့သလဲဆိုတဲ့အပေါ် မှတ်တမ်းတွေကို ကြည့်ရှုလေ့လာခဲ့ကြတယ်လို့ သိရပါတယ်။
ဝိတ်ကျဖို့အတွက် အားကစားနည်းတွေကတော့
၁။ လက်ဝှေ့ = တစ်နာရီလျှင် ကယ်လိုရီ ၈၀၀
၂။ တင်းနစ်ရိုက်ခြင်း = တစ်နာရီလျှင် ကယ်လိုရီ ၇၄၈
၃။ လှေလှော် = တစ်နာရီလျှင် ကယ်လိုရီ ၇၄၀
၄။ လမ်းပေါ်၌ အမြန်ပြေးခြင်း (သို့) အသင့်အတင့်အမြန်ပြေးခြင်း = တစ်နာရီလျှင် ကယ်လိုရီ ၇၀၀
၅။ ရေကူးခြင်း (လက်ပစ်ကူး/ လိပ်ပြာကူး) = တစ်နာရီလျှင် လယ်လိုရီ ၆၈၀
၆။ ရက်ဘီ (Rugby) = တစ်နာရီလျှင် ကယ်လိုရီ ၆၁၄
၇။ ဘောလုံးကစားခြင်း = တစ်နာရီလျှင် ကယ်လိုရီ ၆၁၂
၈။ လမ်းပေါ်၌ စက်ဘီးအမြန်စီးခြင်း = တစ်နာရီလျှင် ကယ်လိုရီ ၆၀၄
၉။ Gym ၌ လေ့ကျင့်ခန်းလုပ်ခြင်း (အလေးမခြင်းနှင့် cardio) = တစ်နာရီလျှင် ကယ်လိုရီ ၅၉၀
၁၀။ ပြေးစက်ပေါ်၌ပြေးခြင်း = တစ်နာရီလျှင် ကယ်လိုရီ ၅၈၀
Source : Daily Mail