အရပ်ရှည်ခြင်းကို ဆွဲဆောင်မှုရှိခြင်းလို့ မှတ်ယူထားကြပါတယ်။ ယောကျ်ားလေးတွေဆိုရင် ရုပ်မချောရင်တောင် အရပ်လေးရှည်ပြီး ဘော်ဒီကျစ်ကျစ်လျစ်လျစ်ရှိရင် ဆွဲဆောင်မှုရှိတယ်လို့ မိန်းကလေးတွေက မှတ်ယူတတ်ကြသလို အရပ်ရှည်တဲ့မိန်းကလေးတွေ ကိုလည်း ယောကျ်ားလေးတွေက ပေါင်တံရှည်ရှည်နဲ့ ဆွဲဆောင်နိုင်စွမ်းအပြည့်ရှိတယ်လို့ မြင်တတ်ကြပါတယ်။ ဆိုတော့ကာ.... အရပ်ရှည်တယ်ဆိုတာ တကယ်တော့ အားသာချက်တစ်ခုပါပဲ။
ဒါပေမယ့် အရပ်ရှည်တယ်၊ ပုတယ်ဆိုတာ မျိုးရိုးဗီဇနဲ့လည်းဆိုင်ပါတယ်။ မိဘ (၂) ပါးစလုံး အရပ်ပုရင် ရလာတဲ့သားသမီးက ဘက်စ်ကက်ဘောကစားသမားတစ်ယောက်လိုတော့ အရပ်ဘယ်ရှည်နိုင်မလဲ။ ဒါပေမယ့် မျိုးရိုးဗီဇတစ်မျိုးတည်းက အရပ်ရှည်မလား/ ပုမလားကို ဆုံးဖြတ်ပေးနိုင်တာတော့လည်း မဟုတ်ပြန်ပါဘူး။ အရပ်ရှည်လာအောင် လုပ်ပေးလို့ရတဲ့ လေ့ကျင့်ခန်းတွေ၊ အားကစားတွေ၊ ဗိုက်တာမင်အားဆေးတွေလည်း ရှိနေပါသေးတယ်။ ဒါပေမယ့် အကောင်းဆုံးကတော့ သဘာဝဟင်းသီးဟင်းရွက် တွေစားပြီး အရပ်ရှည်လာတာပါပဲ။ အရပ်ရှည်ခြင်းကို အထောက်အကူပေးနိုင်တဲ့ ဟင်းသီးဟင်းရွက်တွေကတော့....
မုန်ညင်းစိမ်းကတော့ Acephala လို့ခေါ်တဲ့ ဂေါ်ဖီရွက်မျိုးရိုးအုပ်စုထဲမှာ ပါဝင်တဲ့အပင်တစ်မျိုးဖြစ်ပါတယ်။ သူတို့ဟာ အာဟာရဓာတ် အလွန်ကြွယ်ဝစွာပါဝင်တဲ့ အပင်တွေလည်းဖြစ်ပါတယ်။ မုန်ညင်းစိမ်းမှာ ဗိုက်တာမင်စီ၊ ဗိုက်တာမင်ကေ၊ အမျှင်ဓာတ်နဲ့ ကင်ဆာရောဂါ ကာကွယ်တိုက်ဖျက်ပေးနိုင်တဲ့ ဂုဏ်သတ္တိအချို့ ပါဝင်ပါတယ်။ မုန်ညင်းစိမ်းကို ကြော်ချက်စားပေးမယ်ဆိုရင် အရပ်ရှည်လာစေဖို့ ကူညီပေးနိုင်ပါတယ်။
ဟင်းနုနွယ်ရွက်ကတော့ အရှေ့တောင်အာရှနိုင်ငံတွေမှာ များသောအားဖြင့် တွေ့ရလေ့ရှိတဲ့ အစိမ်းရောင်ဟင်းသီးဟင်းရွက် တစ်မျိုးဖြစ်ပါတယ်။ သင်္ဘောသားလေး Popeye ကာတွန်းကားထဲမှာ Popeye ရဲ့ အနှစ်သက်ဆုံးအစားအစာဟာ ဟင်းနုနွယ်ရွက် စည်သွပ်ဘူးဆိုတာကို မှတ်မိကြမှာပါ။
ဟင်းနုနွယ်ရွက်မှာ အာဟာရကြွယ်ဝစွာပါဝင်ပြီး ခန္ဓာကိုယ်လုပ်ဆောင်မှုတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ကယ်လ်ဆီယမ်၊ ဗိုက်တာမင်၊ သံဓာတ်နဲ့ အမျှင်ဓာတ်တွေလည်း စုံလင်စွာပါဝင်ပါတယ်။ ခန္ဓာကိုယ်ကြီးထွားမှုအတွက် အရေးပါတဲ့အာဟာရဓာတ်တွေကြွယ်ဝတဲ့ ဟင်းနုနွယ်ရွက်ဟာ အရပ်ရှည်လိုသူတွေ စားပေးသင့်တဲ့ ဟင်းသီးဟင်းရွက်တစ်မျိုးပါပဲ။
မုန်လာဥတွေဟာ သမပိုင်းဇုန်တွေမှာအပေါက်များပြီး အခုအချိန်မှာတော့ ကမ္ဘာတလွှားမှာ တွေ့မြင်နေရပါပြီ။ မုန်လာဥဖြူမှာလည်း ဗိုက်တာမင်၊ အမျှင်ဓာတ်၊ ပရိုတိန်းဓာတ်၊ အဆီဓာတ်နဲ့ ကိုလက်စထရောတွေ ကြွယ်ဝစွာပါဝင်ပါတယ်။ မုန်လာဥဖြူကတော့ ခန္ဓာကိုယ်ထဲက ကြီးထွားဟော်မုန်းတွေရဲ့လုပ်ဆောင်မှုကို ထိန်းသိမ်းပေးပြီး အရပ်ရှည်ခြင်းကိုလည်း ကူညီလုပ်ဆောင်ပေးပါတယ်။
ရုံးပတီသီးကို အမျိုးသမီးလက်ချောင်း (Lady's Fingers) လို့လည်းခေါ်ပါတယ်။ ရုံးပတီသီးကတော့ ပျစ်ချွဲချွဲနိုင်ပြီး ခန္ဓာကိုယ်ထဲမှာ ချောဆီတစ်မျိုးအဖြစ်လည်း လုပ်ဆောင်ပေးပါတယ်။ ရုံးပတီသီးထဲမှာလည်း ဗိုက်တာမင်၊ သတ္ထုဓာတ်၊ ကာဘိုဟိုက်ဒရိတ်၊ ရေဓာတ်နဲ့ အမျှင်ဓာတ်တွေ ပါဝင်ပါတယ်။ အဲဒီအာဟာရဓာတ်တွေက ခန္ဓာကိုယ်ထဲက ကြီးထွားဟော်မုန်းတွေနဲ့ပူးတွဲလုပ်ဆောင်ပေးပြီး အရပ်ရှည်စေဖို့လည်း ကူညီပေးနိုင်ပါတယ်။
ပဲတောင့်ရှည်ကလည်း အာဟာရဓာတ်ကြွယ်ဝတဲ့ဟင်းသီးဟင်းရွက်တစ်မျိုးပါပဲ။ သူတို့မှာ ဗိုက်တာမင်၊ ပရိုတိန်း၊ ကာဘိုဟိုက်ဒရိတ်၊ ဖိုလိတ်နဲ့ အမျှင်ဓာတ်တွေ ကြွယ်ဝပါတယ်။ ဒါကြောင့် ပဲတောင့်ရှည် များများစားပေးမယ်ဆိုရင်လည်း အရပ်မြင့်လာစေနိုင်ပါတယ်။ တချို့ဆို ပဲတောင့်ရှည်အစိမ်းကို မုန့်ဟင်းခါးထဲညှပ်ထည့်စားကြပါတယ်။
ပန်းဂေါ်ဖီ (အရပ်အပေါ် ပန်းပွင့်) ဟာဂေါ်ဖီထုပ်အပင်မျိုးစုထဲမှာပါဝင်တဲ့ အပင်တစ်မျိုးပါပဲ။ အာဟာရဓာတ်လည်းကြွယ်ဝစွာပါဝင်ပြီး ဗိုက်တာမင်စီ၊ အမျှင်ဓာတ်၊ သံဓာတ်နဲ့ တချို့ကင်ဆာရောဂါတွေကို ကာကွယ်ပေးနိုင်တဲ့ ဂုဏ်သတ္တိတွေပါဝင်နေပါတယ်။ ပန်းဂေါ်ဖီကို ပုံမှန်စားသုံးပေးမယ်ဆိုရင် ခန္ဓာကိုယ်လုပ်ဆောင်မှုတွေ အဆင်ပြေချောမွေ့စွာလည်ပတ်စေနိုင်ပြီး အရပ်ရှည်စေတဲ့ ကြီးထွားဟော်မုန်းတွေကိုလည်း ကူညီပေးနိုင်ပါတယ်။
အစိမ်းရောင်ပဲစေ့လုံးလုံးလေးတွေဟာ အာဟာရဓာတ်ကြွယ်ဝပြီး လူတစ်ယောက်ရဲ့ကြီးထွားဖွံ့ဖြိုးမှုကို အထောက်အကူပြုပေး နိုင်ပါတယ်။ သူ့မှာလည်း ပရိုတိန်း၊ ဗိုက်တာမင်၊ အမျှင်ဓာတ်၊ လူတိန်းနဲ့ သတ္ထုဓာတ်တွေ ပါဝင်ပါတယ်။
Source: Stylecraze
Share