အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ဒေါ်လာသန်းနဲ့ချီပိုင်ဆိုင်တဲ့ သန်းကြွယ်သူဌေးလေးတွေ ဖြစ်နေကြပါပြီ။
 

ကမ္ဘာပေါ်မှာလူတွေရဲ့ကံတရားကလည်း ထူးဆန်းပါတယ်။ တချို့လူတွေက ထမင်းတစ်လုပ်စားရဖို့အတွက် နဖူးကချွေး ခြေမကျအောင် အလုပ်လုပ်နေရပေမယ့် တချို့ကျပြန်တော့လည်း မွေးရာပါကံကောင်းပြီး ဘီလျံနာ သူဌေးတွေ၊ မီလျံနာသူဌေးတွေရဲ့ သားသမီးဖြစ်ရတဲ့အခါ ချမ်းသာကြွယ်ဝကြရပါတယ်။ တချို့တွေဆို အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ဒေါ်လာသန်းနဲ့ချီပိုင်ဆိုင်တဲ့ သန်းကြွယ်သူဌေးလေးတွေ ဖြစ်နေကြပါပြီ။

ဒီစာရင်းထဲမှာပါဝင်တဲ့ တချို့ကလေးတွေကျပြန်တော့လည်း မိဘကချမ်းသာတဲ့အပြင် ကိုယ်ကိုယ်တိုင်ကလည်း ကြိုးစားတော့ ချမ်းသာကြွယ်ဝကြပါတယ်။ အောက်မှာဖော်ပြထားတာက ကမ္ဘာပေါ်မှာအချမ်းသာဆုံး ကလေးတွေပဲ ဖြစ်ပါတယ်။

၁။ Jaden Smith (ဂျေဒင် စမစ်)

jaden-smith-sarah-snyder-5.jpg 

Jaden Christopher Syre Smith (ဂျေဒင် စမစ်) ဟာ အမေရိကန်ရုပ်ရှင်သရုပ်ဆောင်နဲ့ Rap အဆိုတော်တစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့အဖေကတော့ အားလုံးသိကြတဲ့ နာမည်ကြီး ရုပ်ရှင်မင်းသား ဝီလ်စမစ် (Will Smith) ပဲဖြစ်ပါတယ်။ ဂျေဒင့်ရဲ့ ပထမဆုံးရုပ်ရှင်ဇာတ်ကားကတော့ သူ့ရဲ့ဖခင်နဲ့အတူရိုက်ကူးခဲ့တဲ့ရုပ်ရှင် (The Pursuit of Happyness) ဖြစ်ပါတယ်။ ဂျေဒင်ဟာ ၂၀၁၀ ခုနှစ်က ဂျက်ကီချန်း (Jackie Chan) နဲ့ တူတူရိုက်ကူးတဲ့ The Karate Kid ရုပ်ရှင်ကြောင့်နာမည်ကျော်ကြားလာခဲ့ပြီး ၂၀၁၃ ခုနှစ်မှာလည်း ဖခင်ဖြစ်သူနဲ့အတူ After Earth ဆိုတဲ့ခေတ်လွန်သိပ္ပံရုပ်ရှင်ကားတစ်ကားကို ရိုက်ကူးခဲ့ပါသေးတယ်။

ဂျေဒင်ဟာ အသက် (၇) နှစ်အရွယ်ကတည်းက ကိုယ်ပိုင်ဝင်ငွေရှာနိုင်ခဲ့ပါတယ်။ သူ့ရဲ့အသားတင်ပိုင်ဆိုင်မှုက ဒေါ်လာ (၉) သန်းကျော်ရှိပြီး သူ့မိဘတွေပေးခဲ့မယ့် အမွေတွေပါထည့်ပေါင်းလိုက်မယ်ဆိုရင် ဒေါ်လာ (၅၅၄) သန်းရှိပါတယ်။ ဂျေဒင်ဟာ မကြာသေးခင်ကမှ အသက် (၁၉) နှစ်ပြည့်တာပါ။

၂။ Dannielynn Birkhead Marshall (ဒန်နီရယ်လင်း ဘက်ခ်ဟာ့ထ် မာရှယ်)

dannielynn-birkhead-larry-birkhead-horizontal-promos-zoom-0f8d34b3-7952-4f8a-8066-485bc5bac743.jpg 

ဒယ်နီရယ်လင်းကတော့ အမေရိကန်ကလေးမော်ဒယ်နဲ့ လူပိန်းကြိုက်သတင်းလို့ခေါ်ဝေါ်ကြတဲ့ Tabloid sensation နဲ့ ရုပ်သံအစီအစဉ်တွေမှာ ပါဝင်သရုပ်ဆောင်သူတစ်ဦးဖြစ်ပါတယ်။ သူမရဲ့မိခင်ကတော့ တချိန်ကနာမည်ကြီးရုပ်ရှင်သရုပ်ဆောင် Anna Nichole Smith ဖြစ်ပါတယ်။ ဒယ်နီရယ်လင်းဟာ သူမမိခင်ဖြစ်သူရဲ့ခြေရာကိုနင်းနိုင်ပြီး အခုဆိုရင် Kids Guess ဆိုတဲ့ အစီအစဉ်မှာလည်း မော်ဒယ်တစ်ယောက် အဖြစ်လုပ်ကိုင်နေပါပြီ။ သူမရဲ့အသားတင်ပိုင်ဆိုင်မှုက ဒေါ်လာ (၁၀) သန်းကျော်ပါတယ်။ ဒယ်နီရယ်လင်းကတော့ ခုမှ အသက် (၁၀) နှစ်ပဲရှိပါသေးတယ်။

၃။ Suri Cruise (ဆူရီ ခရုစ်)

09-suri-cruise-birthday.jpg 

ဆူရီ ခရုစ်ကတော့ နာမည်ကျော်ဟောလီးဝုဒ်ရုပ်ရှင်သရုပ်ဆောင် တွမ်ခရုစ် (Tom Cruise) နဲ့ မော်ဒယ် ကေတီဟုမ်းစ် (Kate Holmes) တို့ရဲ့သမီးလေးပဲဖြစ်ပါတယ်။ သူမရဲ့အသက်က ခုမှ (၁၁) နှစ်ပဲ ရှိပါသေးတယ်။ တွမ်နဲ့ ကေတီကွာရှင်းပြီးနောက် ဆူရီဟာ မိခင်ဖြစ်သူ ကေတီနဲ့နေခဲ့တဲ့အတွက် ဖခင်ဖြစ်သူနဲ့ တူတူနေခွင့်မရခဲ့ပါဘူး။ ဆူရီဆိုတဲ့နာမည်က ပါရှားဘာသာစကားအရဆိုရင် နှင်းဆီနီ လို့ အဓိပ္ပာယ် ရပါတယ်။

တွမ်ရဲ့အသားတင်ပိုင်ဆိုင်မှုဟာ ဒေါ်လာ သန်း (၅၀၀) ကျော်ပြီး ကေတီရဲ့ပိုင်ဆိုင်မှုကတော့ (၂၆) သန်းရှိပါတယ်။ ဒါတွေကို အမွေဆက်ခံခွင့်ရှိသူကတော့ သူမပါပဲ။ ဒါ့အပြင်သူမကိုယ်တိုင်လည်း သရုပ်ဆောင်နဲ့ မော်ဒယ်လောကကို ဝင်ရောက်လာပြီ ဖြစ်တဲ့အတွက် ကမ္ဘာ့အချမ်းသာဆုံး ဆယ်ကျော်သက်ကလေးစာရင်းထဲမှာ ပါဝင်ရခြင်းဖြစ်ပါတယ်။ မိဘအမွေမပါသေးဘဲ သူမကိုယ်တိုင်ရှာထားတဲ့ ဝင်ငွေအရတောင် သူမရဲ့ပိုင်ဆိုင်မှုက ဒေါ်လာ (၅) သိန်းကျော်မယ်လို့ ခန့်မှန်းထားပါတယ်။

၄။ Valentina Paloma Pinault (ဗယ်လက်တီးနား ပယ်လိုမာ ပိုင်နော့ထ်)

BBlrO5l.jpg 

ဗယ်လက်တီးနားဟာ အလွန်ချမ်းသာတဲ့အိမ်တော်မှာမွေးဖွားခဲ့ပြီး သူမဖခင် ပြင်သစ်စီးပွားရေးလုပ်ငန်းရှင် ဖရန်စစ်ဟာ ဒေါ်လာ (၁၅) သန်းအသားတင်ဝင်ငွေရှိပါတယ်။ သူမရဲ့မိခင် ဆယ်လ်မာ ဟေးရပ်ခ်ကတော့ အမေရိကန်ရုပ်ရှင်သရုပ်ဆောင်တစ်ဦးဖြစ်ပြီး အသားတင်ပိုင်ဆိုင်မှု ဒေါ်လာ (၈၈) သန်းရှိပါတယ်။

ဗယ်လက်တီးနားဟာ ကိုယ်ပိုင်ဝင်ငွေမရှာနိုင်သေးပေမယ့် သူမနာမည်နဲ့ ဝယ်ထားတဲ့အိမ်က ဒေါ်လာ (၁၂) သန်းတန်ပါတယ်။ ဒါဟာ အသက် (၇) နှစ်အရွယ်ကလေးတစ်ယောက်အတွက်တော့ ကြီးမားတဲ့ ပိုင်ဆိုင်မှုတစ်ခုပါပဲ။ နောက်ပြီး သူမဟာ နှစ်ဖက်မိဘ ဆွေမျိုးတွေဆီက အမွေတွေဆက်ခံရရှိဖို့ရှိပြီး သူမနာမည်နဲ့ယုံကြည်အပ်နှံငွေ ဒေါ်လာ (၂၅) သန်းရှိပါတယ်။

၅။ Los Chicos Gates (ဂိတ် မောင်နှမ (၃) ယောက်)

maxresdefault (1).jpg 

မိုက်ခရိုဆော့ဖ် (microsoft) ကုမ္မဏီတည်ထောင်သူ ကမ္ဘာကျော်သူဌေးကြီး ဘီလ်ဂိတ်နဲ့ မီလင်ဒါဂိတ်တို့မှာ သားသမီး (၃) ယောက် ထွန်းကားပါတယ်။ ဖိုဘီ (Phoebe) နဲ့ ဂျနီဖာ (Jennifer) ဆိုတဲ့သမီး (၂) ယောက်နဲ့ ရိုဝီ (Rory) ဆိုတဲ့ သားတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဘီလ်ရဲ့အသားတင်ချမ်းသာကြွယ်ဝမှုက ဒေါ်လာ (၈၅) ဘီလျံ (ဒေါ်လာ သန်း ၈၅၀၀၀) ကျော်ရှိပြီး မီလင်ဒါကတော့ ဒေါ်လာ (၅၁) ဘီလျံ ကျော် ချမ်းသာကြွယ်ဝပါတယ်။

ဂိတ်ဇနီးမောင်နှံဟာ သူတို့ရဲ့ပိုင်ဆိုင်မှုအများစုကို ပရဟိတလုပ်ငန်းတွေမှာ ထည့်ဝင်လှူဒါန်းလိုက်ကြပါပြီ။ ဒါပေမယ့် ဂိတ်ဇနီးမောင်နှံဟာ သူတို့ရဲ့သားသမီးတွေအတွက် အသက် (၂၁) နှစ် ပြည့်ရင် ထုတ်ယူနိုင်တဲ့ ဒေါ်လာ သန်း (၅၀) စီကို ဘဏ်မှာယုံကြည်အပ်နှံငွေအဖြစ် အပ်ထားပါတယ်။ သူတို့အဖေသေပြီးသွားရင် သူတို့ရမယ့်အမွေက ပိုလို့တောင်များပြားလာဦးမှာပါ။ ဘာလို့လဲဆိုတော့ ဘီလ်ရဲ့ဝင်ငွေက နှစ်စဉ်တိုးပွားလာနေပြီး သူ့ရဲ့သေတမ်းစာထဲမှာ ကျန်ရှိငွေကြေးအားလုံးကို သားသမီးတွေကို အမွေပေးခဲ့လို့ပါပဲ။

ဆက်လက်ဖော်ပြပါမည်။

Source: bradofo

Share

Loading Next Article...
က္က