အချက် သုံးချက်နဲ့ ဖြေရှင်းနိုင်ပါတယ်။
 

ဖျားတဲ့အခါ အစားအသောက်တွေစားရတာ ခါးသလို ဖြစ်နေပြီး စားချင်သောက်ချင်စိတ် ပျောက်နေတတ်ပါတယ်။လေ့လာချက်တစ်ခုအရ နေမကောင်းဖြစ်နေတဲ့အချိန် ခါးလာတာဟာ အရသာကို ခံစားတဲ့အာရုံက ပိုအကဲဆတ်လာပြီး အခါးအရသာကို ပိုပြီးလည်းခံစားလွယ်လာလို့ ဖြစ်ပါတယ်။

အဆိုပါလေ့လာချက်ကို  Brain, Behavior, and Immunity ဂျာနယ်မှာ ဖော်ပြခဲ့တာဖြစ်ပြီး TNF-α လို့ခေါ်တဲ့ ပရိုတိန်းဟာ ဖျားနာနေတဲ့အချိန်မှာ အရည်အတွက် မြင့်မားလာတာ ဖြစ်ပါတယ်။ အဆိုပါ ပရိုတိန်းဟာ ကိုယ်ခံအားစနစ်ကို မြှင့်တင်ရာမှာ ကူညီပေးပြီး ရောဂါဖြစ်ပွားစေတဲ့ ပိုးမွှားတွေကို တိုက်ခိုက်ပေးတာ ဖြစ်ပါတယ်။ TNF-α  ပရိုတိန်းမြင့်မားလာတာကြောင့် လျှာပေါ်က အရသာခံအဖုလေးတွေဟာ ခါးသက်တဲ့အရသာကို ပိုပြီးခံစားလာနိုင်တာလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဖျားတဲ့အချိန်မှာ အစားအသောက်တွေစားရတာဟာ ခါးသလို ဖြစ်နေတာပါ။

(သင်စိတ်ဝင်စားနိုင်တဲ့သတင်း -ဗိုက်အောင့်စေတဲ့ အကြောင်းရင်း (၅) မျိုး )

 

ဒီပြသနာကို အောက်ပါအချက် သုံးချက်နဲ့ ဖြေရှင်းနိုင်ပါတယ်။

နည်းနည်းခြင်းစား

အစားအသောက်တွေကိုစားတဲ့အခါ တစ်ထိုင်တည်း အမြောက်အများစားတာမျိုးမလုပ်ဘဲ ပမာဏာနည်းနည်းခြင်းနဲ့ ခဏခဏ စားတာမျိုးလုပ်ပါ။ ၂ နာရီလောက်ခြားပြီး ဆန်ပြုတ်တို့၊ အသီးအရွက်တို့ကို စားပေးသင့်တာ ဖြစ်ပါတယ်။

အနံ့

စားမယ့်အစားအစာမှာ အနံ့လေးတွေ ထည့်ပြီးစားပေးတာက စားချင်စိတ်ကို ဖြစ်စေမှာပါ။ ငရုပ်ကောင်းကြိုက်ရင် ငရုပ်ကောင်းထည့်တာမျိုး၊ နံနံပင်အနံ့ကို ကြိုက်ရင် နံနံပင်များများ ထည့်ပြီး စားတာမျိုးပါ။

လိမ္မော်သီး

လိမ္မော်ဖျော်ရည်မျိုးလည်း သောက်နိုင်ပါတယ်။ ဒါမှမဟုတ် လိမ္မော်သီးစားပေးလို့လည်း ရပါတယ်။ ချဉ်ချိုအရသာဟာ ခံတွင်းမှာ  တံတွေးတွေ ပိုမိုထွက်လာစေပြီး လျှာပေါ်က ခါးသက်တဲ့အရာသာကို ဖယ်ရှားပေးနိုင်ပါတယ်။

Photos & Source: Articles Of Health

Share

Loading Next Article...
က္က