ကိုယ်ကိုယ်တိုင်လည်း ရှောင်ကြဉ်ပြီး သားသမီးငယ်တွေကိုပါ သင်ကြားပေးသင့်ပါတယ်။
 

သွားတွေ အခေါင်းပေါက်ဖြစ်ပြီး ကိုက်ခဲနေလား။ သွားကိုက်တာဟာ နာကျင်မှုတွေထဲမှာ အဆိုးဆုံးလို့ဆိုရလောက်အောင်ပါပဲ။ လူတိုင်းဟာ သွားအခေါင်းပေါက်ဖြစ်ပွားတာမျိုး ကြုံရတတ်ပါတယ်။ ဒါဟာ အောက်ပါအလေ့အကျင့်ဆိုးလေးတွေကို အမြဲလုပ်မိနေတတ်တာကြောင့်ပါ။ ဒီလိုအလေ့အကျင့်ဆိုးတွေကို ကိုယ်ကိုယ်တိုင်လည်း ရှောင်ကြဉ်ပြီး သားသမီးငယ်တွေကိုပါ သင်ကြားပေးသင့်ပါတယ်။

၁ - အချို

ချိုတဲ့အစားအသောက်တွေနဲ့ သကြားများတဲ့အစားအသောက်တွေကို စားသုံးတာဟာ သွားအခေါင်းပေါက်ဖြစ်ခြင်းရဲ့ အဓိက အကြောင်းအရင်းတွေ ဖြစ်ပါတယ်။ သကြားဟာ ခံတွင်းထဲက pH အတိုင်းအတာကို လျော့ကျစေပါတယ်။ ခံတွင်းအတွင်းမှာ ပိုးမွှားထုတ်လုပ်မှုနဲ့ အက်ဆစ်ထုတ်လုပ်မှုဟာ မြင့်တက်လာတာကြောင့် ဖြစ်ပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့သတင်း -ဗိုက်အောင့်စေတဲ့ အကြောင်းရင်း (၅) မျိုး )

 

၂ - ဆိုဒါ

ဆိုဒါပါတဲ့ အချိုရည်တွေကို သောက်ခြင်းကလည်း pH အဆင့်ကို လျော့ကျစေတာပါပဲ။ ဒီလို အအေးတွေ၊ ဖျော်ရည်တွေကို သောက်မယ်ဆိုရင် ပိုက်နဲ့စုပ်ပြီး သောက်တာပိုကောင်းပါတယ်။ ဒါမှမဟုတ် သောက်ပြီးတဲ့အခါ ရေနဲ့ ပါးလုပ်ကျင်းပေးခြင်းမျိုးနဲ့ ဖယ်ရှားပေးနိုင်ပါတယ်။

၃ - သွားတိုက်ဖို့ မေ့ခြင်း

အိပ်ရာမဝင်ခင်သွားတိုက်ဖို့ဟာ မေ့လေ့ရှိတဲ့ ကိစ္စတစ်ခု ဖြစ်ပါတယ်။ စားကြွင်စားကျန်တွေဟာ သွားကြားတွေမှာ ကျန်ခဲ့ပြီး ပိုးမွှားတွေကို ဖိတ်ခေါ်သလို ဖြစ်နေတာပါ။  သွားတွေဟာ ခိုင်မာခြင်းမရှိတော့ဘဲ အခေါင်းပေါက်တွေ ဖြစ်လာတာပါ။ သွားမတိုက်တဲ့အခါ သွားရည်ထုတ်လုပ်မှုဟာ လျော့နည်းသွားပါတယ်။ သွားရည်တွေဟာ သွားကို ခိုင်မာအောင် ပြုလုပ်ဖို့ရာမှာ အဓိကကျပါတယ်။

၄ - ရေခဲ

ရေခဲကို ဝါးစားခြင်းမျိုးဟာလည်း သွားအတွက် ကောင်းတဲ့အလေ့အကျင့်မဟုတ်ပါဘူး။  သွားတွေဟာ ကျိုးပဲ့လွယ်ပြီး အခေါင်းပေါက်တွေ ဖြစ်လာပါတယ်။ ဒီလို အမာတစ်ခုခုကို ဝါးစားတဲ့အကျင့်ကို ရှောင်သင့်ပါတယ်။

Photos & Source: Articles of Health

Share

Loading Next Article...
က္က