ငွေဆိုတာ ဒုတိယဘုရားသခင်လို ဖြစ်လာတဲ့ခေတ်ကြီးထဲမှာ ဥစ္စာဓနကြွယ်ဝချမ်းသာသူတွေဟာ သာမန်လူတွေထက်တော့ သြဇာပိုညောင်းကြပါတယ်။ အဲဒီထဲမှာမှ အသက် ငယ်ငယ်ရွယ်ရွယ်နဲ့ ဒေါ်လာသန်းနဲ့ချီပြီး ချမ်းသာနေတဲ့ ကလေးတွေလည်းရှိပါတယ်။ သူတို့ကတော့....
သင်ဖတ်ရှုသင့်တဲ့အကြောင်းအရာ (ဆယ်ကျော်သက်အရွယ် သန်းကြွယ်သူဌေးပေါက်စလေးများ)
Apple အင်ပါယာကြီးရဲ့ မင်းသား၊မင်းသမီးလေးတွေလို့ လူသိများကြတဲ့ ကလေးတွေကတော့ ကွယ်လွန်သူ Apple ဖခင်ကြီး Steve Jobs ရဲ့သားသမီးတွေပါပဲ။ ဒီနေ့ခေတ်ကြီးထဲမှာ Apple ရဲ့ iphone နဲ့ Steve Jobs ကိုမသိတဲ့လူရှိမယ်မထင်ပါဘူး။ သူသေခါနီးအချိန်မှာ Jobs ရဲ့ပိုင်ဆိုင်မှုက ဒေါ်လာ (၂၅) သန်းရှိနေပြီး သူ့ရဲ့ဇနီး Lauren Powell က သူ့ရဲ့ကြွယ်ဝမှုတွေကို အမွေဆက်ခံရရှိခဲ့ပါတယ်။
ဒါပေမယ့် Jobs ဟာ သူမသေခင် သူ့ရဲ့သားသမီး (၃) ယောက်အတွက် ယုံကြည်အပ်နှံငွေတွေထားပေးသွားခဲ့ပါတယ်။ အံ့သြဖို့ကောင်းတာကတော့ သူဘယ်လောက်ထားသွားလဲဆိုတာ ဘယ်သူမှအတိအကျမသိတာပါပဲ။ ခန့်မှန်းချက်တွေအရတော့ တစ်ယောက်ကို ဒေါ်လာ သန်း (၂၀) လောက်ရှိမယ်လို့ ခန့်မှန်းထားပြီး သူတို့အမေသေရင်လည်း သူမရဲ့ပိုင်ဆိုင်မှုတွေကို သူတို့ပဲ အမွေဆက်ခံရမှာပါ။
မင်းသား ဂျော့ချ်ဟာ ကိန်းဘရစ်ချ်မြို့စားကြီး ဗြိတိန်မင်းသား ဝီလျံနဲ့ ကိန်းဘရစ်ချ်မြို့စားကတော် ကက်သရင်းတို့ရဲ့ တစ်ဦးတည်းသောသားကြီး ဖြစ်ပါတယ်။ ကမ္ဘာပေါ်ကအချမ်းသာဆုံးကလေးတွေထဲမှာ တစ်ဦးအပါအဝင်လည်းဖြစ်၊ အငယ်ဆုံးထဲကတစ်ယောက်လည်းဖြစ်တဲ့ မင်းသား ဂျော့ချ်ဟာ တော်ဝင်မျိုးနွယ်ဝင်တစ်ဦးဖြစ်ပါတယ်။
သူ့မိဘတွေရဲ့မင်္ဂလာပွဲမှာ ကမ္ဘာပေါ်ကလူအများ စိတ်ဝင်တစား စောင့်ကြည့်ခံခဲ့ရတဲ့ ပွဲတစ်ပွဲဖြစ်ခဲ့သလို တော်ဝင်မိသားစု အကြောင်းကို မီဒီယာတွေက ခုချိန်ထိ စိတ်ဝင်စားနေကြတုံးပါပဲ။ မင်းသားလေး ဂျော့ချ်မွေးဖွားလာတုံးကဆို ကမ္ဘာတဝှမ်းက လူအများက စိတ်ဝင်တစားနဲ့ ကောင်းချီးပေးခဲ့ကြပါသေးတယ်။
သူမအသက် (၃) နှစ်အရွယ်ကတည်းက ကြော်ငြာတစ်ခုမှာပါဝင်သရုပ်ဆောင်ခြင်းဖြင့် သူမရဲ့အသက်မွေးဝမ်းကြောင်းကို စတင်လုပ်ကိုင်ခဲ့ပါတယ်။ နောက် (၂) နှစ်လောက်ကြာတော့ ဘရီစလင်ဟာ သူမရဲ့ပထမဆုံးရုပ်ရှင်ကားဖြစ်ပြီး ဒါရိုက်တာ M. Night Shyamalan ရိုက်ကူးတဲ့ Signs (၂၀၀၂) မှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ အဲဒီရုပ်ရှင်ဟာ ဝင်ငွေကောင်းပြီး အောင်မြင်တဲ့ ရုပ်ရှင်တစ်ခုဖြစ်ခဲ့ပါတယ်။
၂၀၀၆ ခုနှစ်ကျတော့ သူမဟာ Little Miss Sunshine ဆိုတဲ့ ဟာသ ဒရာမာရုပ်ရှင်ကားတစ်ကားမှာ ပါဝင်သရုပ်ဆောင်ပြီး အောင်မြင်မှုကို ဆက်လက်ရယူခဲ့ပါတယ်။ အဲဒီဇာတ်ကားထဲမှာ ဘရီစလင်ကို ရုပ်ရှင် ဝေဖန်ရေးသမားများစွာက ဝိုင်းဝန်းချီးကျူးခဲ့ကြပါတယ်။ သူမဟာ အကောင်းဆုံးဇာတ်ပို့သရုပ်ဆောင်ဆုအတွက် အကယ်ဒမီတစ်ပြေးခံခြင်းကိုလည်း မကြာခဏခံခဲ့ရပါတယ်။ ဘရီစလင်ဟာ No Reservations (၂၀၀၇)၊ My Sister's Keeper (၂၀၀၉)၊ Zombieland (၂၀၀၉)၊ August: Osage County (၂၀၁၃) နဲ့ Ender's Game (၂၀၁၃) တို့မှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။
နစ်ခ်ဟာ ဗြိတိန်က (၁၉) နှစ်အရွယ် ကွန်ပျူတာပရိုဂရမ်မာလေးတစ်ဦးဖြစ်ပါတယ်။ သူဟာ သူ့အသက် (၁၅) နှစ်အရွယ်တည်းက အင်တာနက် စွန့်ဦးတည်ထွင်လုပ်ငန်းရှင်တစ်ဦး ဖြစ်လာခဲ့ပါတယ်။ နည်းပညာ ဉာဏ်ကြီးရှင်တစ်ဦးဖြစ်တဲ့ နစ်ခ်ဟာ Summly လို့ခေါ်တဲ့ iOS app တစ်ခုကို တီထွင်ခဲ့တဲ့အတွက် ထင်ရှားပါတယ်။ နောက်ပိုင်းမှာတော့ သူဟာ Summly ကို Yahoo ကို သန်း (၃၀) နဲ့ ရောင်းချခဲ့ပါတယ်။ သူဟာ Wall Street ဂျာနယ်ရဲ့ "နှစ်တစ်နှစ်ရဲ့ရှေ့ဆောင်လမ်းပြသူ" နဲ့ Time မဂ္ဂဇင်းရဲ့ "ကမ္ဘာပေါ်မှာ အလွှမ်းမိုးနိုင်ဆုံး ဆယ်ကျော်သက်" ဆိုတဲ့ ခေါင်းစဉ်တွေနဲ့ ဖော်ပြခြင်းကို ခံခဲ့ရပါတယ်။
၂၀၁၄ ခုနှစ်မှာတော့ နစ်ခ်ဟာ WWDC မှာ Apple Design ဆုကို ရရှိခဲ့ပါတယ်။ အခုလောလောဆယ်တော့ နစ်ခ်ဟာ အောက်စဖို့ဒ်တက္ကသိုလ်၊ ဟာ့ဒ်ဖို့ဒ်ကောလိပ်မှာ ကွန်ပျူတာသိပ္ပံနဲ့ ဒဿနိကဗေဒကို တက်ရောက်သင်ကြားနေပါတယ်။ နစ်ခ်ဟာ ကမ္ဘာ့အငယ်ဆုံး ကိုယ်ပိုင်အစွမ်းအစနဲ့ ချမ်းသာလာခဲ့တဲ့ သန်းကြွယ်သူဌေးလေးတစ်ဦးဖြစ်ပါတယ်။
အန်ဂျလီနာဂျိုလီနဲ့ ဘရက်ဒ်ပစ်ထ်ကို မသိသူ ဘယ်ရှိမလဲ။ နော့စ်နဲ့ ဗီဗီယန်ဟာ ဟောလီးဝုဒ်ရဲ့နာမည်ကျော်စုံတွဲဖြစ်ခဲ့ဖူးတဲ့ ဂျိုလီနဲ့ ပစ်ထ်ရဲ့အမြွာ သားသမီးတွေဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်က ပြင်သစ်နိုင်ငံ၊ Nice မြို့က ပင်လယ်ကမ်းခြေဘေးက ဆေးရုံလေးတစ်ရုံမှာ သူတို့ကိုမွေးဖွားခဲ့ပါတယ်။ အဲဒီအချိန်တုံးကဆို မီဒီယာတွေဟာ ကလေးတွေရဲ့ဓာတ်ပုံလေးတစ်ပုံပဲရရ ဆိုပြီး ဝန်းရံခဲ့ကြပါတယ်။
နော့စ်နဲ့ ဗီဗီယန်ရဲ့ပထမဆုံးဓာတ်ပုံကို ဒေါ်လာ (၁၄) သန်းနဲ့ရောင်းချခဲ့ပြီး ဆယ်လီတွေရဲ့ဓာတ်ပုံတွေထဲမှာ ဈေးအကြီးဆုံးအဖြစ် မှတ်တမ်းတွင်ခဲ့ပါတယ်။ နော့စ်နဲ့ ဗီဗီယန်ဟာ ကမ္ဘာ့သရုပ်ဆောင်ကြေးအမြင့်ဆုံး ဆယ်လီ (၂) ဦးရဲ့ သားသမီးတွေဖြစ်တာကြောင့် ကမ္ဘာ့အချမ်းသာဆုံးကလေးစာရင်းဝင်လာတာဟာ အံ့သြစရာတော့ကောင်းနေလိမ့်မယ်မထင်ပါဘူး။
Source: Bradofo
Share