Goji Berry (ဂိုဂျီဘယ်ရီသီး) ဆိုတာ လိမ္မော်ရင့်ရောင်နဲ့အနီရောင်ကြားပြေးနေတဲ့ ဘယ်ရီသီးအနွယ်ဝင်အသီးတစ်မျိုးဖြစ်ပြီး တရုပ်ပြည်မှာ အတွေ့များပါတယ်။
 

Goji Berry (ဂိုဂျီဘယ်ရီသီး) ဆိုတာ လိမ္မော်ရင့်ရောင်နဲ့အနီရောင်ကြားပြေးနေတဲ့ ဘယ်ရီသီးအနွယ်ဝင်အသီးတစ်မျိုးဖြစ်ပြီး တရုပ်ပြည်မှာ အတွေ့များပါတယ်။ ဂိုဂျီဘယ်ရီသီးကို အစိမ်းစားလို့၊ ချက်စားလို့ရသလို အခြောက်ခံပြီးလည်း သစ်သီးခြောက် အနေနဲ့စားသုံးနိုင်ပါတယ်။ တရုပ်ပြည်မှာတော့ ရိုးရာဆေးဝါးတွေမှာ ဂိုဂျီဘယ်ရီသီးကို သုံးလာခဲ့ကြတာ နှစ်ပေါင်း (၂၀၀၀) ကျော်ပါပြီ။ ဂိုဂျီဘယ်ရီသီးကို wolfberry လို့လည်း လူသိများပါတယ်။

ဂိုဂျီဘယ်ရီသီးဟာ ဗိုက်တာမင်၊ သတ္ထုဓာတ်၊ အမျှင်ဓာတ်နဲ့ antioxidant တွေကြွယ်ဝတော့ ရောဂါမျိုးစုံကိုကာကွယ်ပေးနိုင်တဲ့အပြင် အစားခြေစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။ ဒါတင်မကသေးပါဘူး။ ဂိုဂျီဘယ်ရီသီးဟာ ကွန်ပျူတာရှေ့မှာအလုပ်ထိုင်လုပ်နေရတဲ့သူတွေအတွက်တော့ အကောင်းဆုံးပါပဲ။ ဘာကြောင့်လဲဆိုတော့....

၁။ မျက်စိအတွက်ကောင်းတယ်

girl-taking-off-her-glasses-with-one-hand-because-she-does-not-know-this-is-something-she-should-avoid.jpg 

ဂိုဂျီဘယ်ရီသီးမှာ zeaxanthin ဆိုတဲ့ မျက်စိကျန်းမာရေးကို အထောက်အကူပြုတဲ့ antioxidant တစ်မျိုးပါဝင်ပါတယ်။ ဆွစ်ဇာလန်နိုင်ငံမှာပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုအရတော့ ဂိုဂျီဘယ်ရီသီးပါဝင်တဲ့ အစားအသောက်တွေကို ရက် (၉၀) လောက် နေ့စဉ်စားပေးမယ်ဆိုရင် မြင်လွှာအောက်မှာရှိတတ်တဲ့ အဝါရောင်အစက်အပြောက်တွေကို လျော့နည်းစေလို့ ဆိုပါတယ်။ အဲဒီအဝါရောင်အစက်အပြောက်တွေဟာ မျက်စိမှုန်ခြင်းနဲ့ မျက်စိတိမ်စွဲခြင်းကို ဖြစ်စေနိုင်ပါတယ်။

၂။ ကင်ဆာရောဂါကာကွယ်ဖို့အတွက်လည်းကောင်းတယ်

Life Sciences မှာဖော်ပြခဲ့တဲ့ လေ့လာမှုတစ်ခုအရဆိုရင် ဂိုဂျီဘယ်ရီသီးဟာ ကင်ဆာရောဂါကိုကူညီတိုက်ဖျက်ပေးနိုင်ပါတယ်တဲ့။ သူတို့ရဲ့လေ့လာမှုက ဂိုဂျီဘယ်ရီသီးကထုတ်ယူထားတဲ့ extract အရည်က ကင်ဆာဆဲလ်တွေပျံ့ပွားမှုကို တားဆီးပေးနိုင်ခဲ့လို့ပါပဲ။

၃။ ခန္ဓာကိုယ်အတွက်လည်းကောင်းတယ်

UHPLeSaineParis.jpg 

အမေရိကန်နိုင်ငံ Phoenix မှာပြုလုပ်ခဲ့တဲ့ သုတေသနကတော့ ဂိုဂျီဘယ်ရီသီးဖျော်ရည် သောက်သုံးမှုရလဒ်ကို စောင့်ကြည့်တိုင်းတာခဲ့တာပါပဲ။ သုတေသီတွေ တွေ့ရှိခဲ့တာတော့ ဂိုဂျီဘယ်ရီသီးကို (၁၄) ရက် ဆက်တိုက် နေ့စဉ်သောက်ပေးမယ်ဆိုရင် အထွေထွေကျန်းမာရေးအတွက် ကောင်းမွန်စေပါတယ်တဲ့။ ပိုမိုနိုးကြားသွက်လက်လာမယ်။ အစာအိမ်အူလမ်းကြောင်းမကောင်းမွန်တာတွေ မရှိတော့ဘူး။ ခေါင်းကိုက် ခါးနာ အအေးမိဝေဒနာလို အသေးအဖွဲလေးတွေလည်း မဖြစ်တော့ဘူးပေါ့။

၄။ ဆီးချိုသွေးချိုသမားတွေအတွက်ကောင်းတယ်

သူ့မှာသကြားဓာတ်ပါဝင်မှုနည်းပါးတာကြောင့် ဆီးချိုသွေးချိုသမားတွေလည်း စားသုံးပေးသင့်တဲ့ အသီးအနှံတစ်မျိုးပါပဲ။ သူတို့က ခင်ဗျားရဲ့သွေးတွင်းအချိုဓာတ်ပမာဏကို မြင့်တက်စေမှာမဟုတ်ပါဘူး။ ဒါ့အပြင် လေ့လာမှုတွေအရဆိုရင် ဂိုဂျီဘယ်ရီသီးက သွေးတွင်းအချိုဓာတ်ကိုတောင် လျှော့ချပေးနိုင်ပါသေးတယ်တဲ့။

၅။ အရေပြားအတွက်လည်းကောင်းတယ်

antioxidant ကြွယ်ဝတဲ့အတွက် ဂိုဂျီဘယ်ရီသီးတွေဟာ အရေပြားဆဲလ်တွေထိခိုက်ဒဏ်ရာရခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဆစ်ဒ်နီတက္ကသိုလ်မှာ တိရစ္ဆာန်တစ်ကောင်နဲ့စမ်းသပ်ခဲ့မှုတွေအရတော့ ဂိုဂျီဘယ်ရီသီးဖျော်ရည်သောက်ပေးခြင်းက အရေပြားကို ခရမ်းလွန်ရောင်ခြည်ကြောင့်ဖြစ်ပေါ်တဲ့ ထိခိုက်ဒဏ်ရာတွေကနေ ကာကွယ်ပေးပါတယ်တဲ့။

၆။ အိမ်ထောင်ရှင်အမျိုးသားတွေအတွက်လည်း ကောင်းတယ်

happy-couple-in-bed-1024x987.jpg 

Testosterone ဆိုတာ အမျိုးသားတွေရဲ့ကပ္ပာယ်အိတ်ထဲမှာတည်ရှိတဲ့ ဟော်မုန်းတစ်မျိုးဖြစ်ပြီး လိင်စိတ်အတက်အကျနဲ့ဆိုင်ပါတယ်။ ဂိုဂျီဘယ်ရီသီးက testosterone ပမာဏကိုမြင့်တက်စေတဲ့အတွက် အရည်အသွေးပိုမိုကောင်းမွန်တဲ့ သုက်ပိုးတွေကိုထုတ်လွှတ်ပေးပြီး လိင်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်ကိုလည်း မြင့်တက်စေပါတယ်။ ဒီတော့ အိမ်ထောင်ရှင်အမျိုးသားတွေ ကလေးလိုချင်ရင် ဂိုဂျီဘယ်ရီသီးကို မှီဝဲပေးသင့်ပါတယ်။

၇။ ကိုယ်အလေးချိန်ကျဆင်းစေတယ်

ဂိုဂျီဘယ်ရီသီးတွေက အရသာတော့ချိုပါတယ်။ ဒါပေမယ့်တစ်ချိန်တည်းမှာပဲ အမျှင်ဓာတ်ပါဝင်မှုများပြားပြီး ကယ်လိုရီပါဝင်မှုနည်းပါးတာကြောင့် တခြားအသီးခြောက်တွေနေရာမှာ ဂိုဂျီဘယ်ရီသီးခြောက်နဲ့ အစားထိုးလိုက်တာက ကိုယ်အလေးချိန်ပိုမိုလျင်မြန်စွာ ကျဆင်းစေပါတယ်။

Source: Lifehack

Share

Loading Next Article...
က္က