ဓာတ်လှေကားရှိရင်တော့ ရိုးရိုးလှေကားကို အသုံးမပြုကြတာ များပါတယ်။ တကယ်တော့ လှေကားကနေ တက်ခြင်းဟာ အချိန်ပေးလုပ်စရာမလိုတဲ့ လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။
လှေကားကနေ တက်တဲ့အလေ့အကျင့်မွေးထားတဲ့အခါ ရောဂါပေါင်းမြောက်များစွာကိုလည်း ကာကွယ်ပြီးသား ဖြစ်ပါတယ်။ လေ့လာမှုတစ်ခုအရ လှေကားအဆင့် ၁၀ ဆင့်လောက်ကို နေ့စဉ်အတက်အဆင်းလုပ်ပေးရင် အရွယ်မတိုင်ခင် ရောဂါဘယထူပြောခြင်းကို ကာကွယ်ပေးပြီးသား ဖြစ်ပါတယ်။
လှေကားဟာ တမင်တကာဖန်တီးယူရတဲ့ လေ့ကျင့်ခန်းလည်း မဟုတ်တာကြောင့် အချိန်မပေးနိုင်သူတွေအတွက် အကောင်းဆုံး လေ့ကျင့်ခန်းဖြစ်ပါတယ်။ လှေကားကနေတက်ခြင်းကြောင့် ရရှိလာမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေကို ဖော်ပြပေးချင်ပါတယ်။
(သင်စိတ်ဝင်စားနိုင်မယ့်ဆောင်းပါး -သွားအခေါင်းပေါက်ဖြစ်စေတဲ့ အလေ့အကျင့်ဆိုး (၄) ခု )
လှေကားအတက်အဆင်းလုပ်တာဟာ သင့်ရဲ့နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ သွေးကြောတွေရဲ့ ကျန်းမာရေးကို ကောင်းမွန်စေတာဖြစ်ပြီး နှလုံးရောဂါဖြစ်ပွားနိုင်မှုကနေလည်း ကာကွယ်ပေးတာ ဖြစ်ပါတယ်။
နေ့စဉ် လှေကားကနေ အတက်အဆင်းလုပ်တာဟာ ခန္ဓာကိုယ်ကြွက်သားတွေ ခိုင်မာတောင့်တင်းစေပါတယ်။ အထူးသဖြင့် ခါးအောက်ပိုင်းကို တောင့်တင်းသန်မာစေတာ ဖြစ်ပါတယ်။
ခန္ဓာကိုယ် ဝိတ်ချနေသူဆိုရင်တော့ လှေကားကနေ တက်တာမျိုးပဲ လုပ်သင့်ပါတယ်။ ဒီလိုလေ့ကျင့်ခန်းမျိုးဟာ အဆီလောင်ကျွမ်းခြင်းကို ပိုမိုဖြစ်ပွားစေပါတယ်။ မြန်မြန်ပြေးတာထက်တောင် ခန္ဓာကိုယ်က အဆီပိုတွေကို လောင်ကျွမ်းစေတာပါ။
ခန္ဓာကိုယ် လှုပ်ရှားမှု ရှိခြင်းဟာ စိတ်အခြေအနေပေါ်ကိုလည်း သက်ရောက်မှု ရှိပါတယ်။ စိတ်ခံစားချက်ကောင်းစေတဲ့ endorphins ဟော်မုန်းထုတ်လုပ်မှု မြင့်မားပြီး စိတ်ဖိစီးမှုတွေကိုလည်း လျော့ကျစေပါတယ်။ လှေကားကနေ တက်တဲ့အကျင့်ဟာ အကျိုးကျေးဇူးများတာကြောင့် အိမ်မှာပဲ ဖြစ်ဖြစ်၊ ရုံးမှာပဲ ဖြစ်ဖြစ် လှေကားကနေ တက်တဲ့အကျင့်ကို မွေးထားသင့်တာ အမှန်ပါပဲ။
Photos & Source: Articles Of Health
Share