ဖျက်ဆေးနဲ့ဖျက်မှ ပိုဆိုးသွားဦးမယ်။

ကျွန်မတို့မိန်းကလေးတွေဆိုတာကလေ လက်နှစ်ချောင်းတည်းပါပေမဲ့ တစ်ချိန်တည်းမှာ အလုပ်လေးမျိုးလောက် တပြိုင်နက်တည်း လုပ်ချင်ကြတာမျိုး။ တီဗီကြည့်ရင်း၊ ထမင်းစားရင်း၊ လက်သည်းနီဆိုးရင်း၊ ဖေ့စ်ဘွတ်ပါ ပွတ်နေလိုက်သေးတာမျိုးမဟုတ်လား။ ဟော... အဲ့ဒီလိုနဲ့ပဲ လက်သည်းနီတွေက အဝတ်မှာပေကုန်ရောလေ။ လက်သည်းနီစွန်းရင် ဖျက်ရမယ့်နည်းလေးတွေ ပြောပြလိုက်တယ်နော်။

 

ပထမဦးလုပ်ရမှာကတော့ လက်သည်းနီပေသွားရင် အလျင်စလို မလုပ်ဘဲ လက်သည်းနီတွေ ခြောက်သွားအောင်ထားလိုက်ဖိို့ပါပဲ။ ဘာနဲ့မှ မပွတ်လိုက်နဲ့ သူ့ဘာသာ ခဲပြီးခြောက်သွားပါစေ။ လက်သည်းဖျက်ဆေးနဲ့ဖျက်ရင် ဘေးကိုပါစွန်းကုန်မယ်။ မြန်မြန်ခဲသွားအောင် ရေခဲတုံးလေးတင်ထားလိုက်လို့လည်းရတယ်။ လက်သည်းနီခဲသွားတော့မှ ဓားချွန်၊ ဇာဂနာတို့နဲ့ ခဲနေတဲ့လက်သည်းနီကို ဖယ်လိုက်ပါ။

 

အစွန်းနည်းနည်းကျန်တာကို လက်သည်းဖျက်ဆေးနဲ့ ဖျက်မယ်ဆိုရင် တချို့အဝတ်တွေက လက်သည်းဖျက်ဆေး (acetone)ကို မခံနိုင်ဘူး။ ပိုပြီးအရောင်ပျံ့တတ်လို့ စက္ကူစလေးပေါ်ကို ဖျက်ဆေးလေးတင်ပြီး အဲ့ဒီစက္ကူစလေးနဲ့ အဝတ်ကိုတို့ကြည့်ပါ။ မပွတ်လိုက်နဲ့နော်။ တို့ကြည့်လို့ အရောင်မပျံ့ဘူးဆိုမှ ဖျက်လို့ရမယ်။ ပြီးရင် ရေအေးနဲ့ အဝတ်ကိုဆေးလိုက်ပါ။

 

လက်သည်းဖျက်ဆေးအတင်မခံတဲ့အဝတ်ဆိုရင်တော့ actone မပါတဲ့ ဖျက်ဆေးကို အသုံးပြုပါ။ ဒါပေမဲ့ သေချာအောင် အပေါ်ကလိုပဲ စမ်းကြည့်ဖို့ မမေ့ပါနဲ့။

Source : She Find

Share

Loading Next Article...
က္က