မနက်ဖြန်မှာ ကစားရတော့မှာပါ။

မနက်ဖြန် စူပါဆန်းဒေးမှာတော့ ဒီတပတ် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးပွဲတပွဲရှိနေပါတယ်။ အန်ဖီးလ်မှာ ကစားရမယ့် လီဗာပူးလ်-အာဆင်နယ်ပွဲစဉ်ပါ။ ဒီပွဲက အာဆင်နယ်ရဲ့ အမှတ်ပေးဖလားမျှော်လင့်ချက်အတွက် အရမ်းအရေးကြိးနေသလို လီဗာပူလ်းအတွက်လည်း အိမ်ကွင်းမှာ အနိုင်ရထားမှ ဥရောပဝင်ခွင့်မျှော်လင့်ချက်တွေ ရှင်သန်နိုင်မယ့်ပွဲပါ။ 

ဒီပွဲမတိုင်ခင်မှာပဲ နှစ်ဖက်နည်းပြတွေက အပြိုင်အဆိုင်ကို ကြွေးကြော်ထားပါတယ်။ ကလော့ပ်ကလည်း အန်ဖီးလ်ကနေ မင်းတို့ကို ကြိုနေမယ်လို့ ပြောထားပြီး အာတီတာကလည်း အန်ဖီးလ်တောအုပ်မှာ အောင်ပွဲခံဖို့ သွားရောက်မှာလို့ ပြောထားတာပါ။ ပွဲကြိုလေသံတွေနဲ့တင် ဒီပွဲက စိတ်ဝင်စားဖို့ကောင်းနေပြီး ကွင်းအတွင်း ပြိုင်ဆိုင်မှုကလည်း သေချာပေါက်ကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။ 

အန်ဖီးလ်မှာ ဒီနှစ်သင်းကစားခဲ့တဲ့ နောက်ဆုံး ၆ ပွဲရလဒ်တွေကတော့ - 


လီဗာပူးလ် ၄-၀ အာဆင်နယ်

လီဗာပူးလ် ၃-၁ အာဆင်နယ်

လီဗာပူးလ် ၃-၁ အာဆင်နယ်

လီဗာပူးလ် ၅-၁ အာဆင်နယ်

လီဗာပူးလ် ၄-၀ အာဆင်နယ်

လီဗာပူးလ် ၃-၁ အာဆင်နယ်

အန်ဖီးလ်မှာ နောက်ဆုံးတွေ့ခဲ့တဲ့ ၆ ကြိမ်စလုံးမှာ အာဆင်နယ်တို့ ဂိုးပြတ်တွေချည်း အရေးနိမ့်ခဲ့တာပါ။ မနက်ဖြန်ကစားရမယ့်ပွဲက ချန်ပီယံဆုအတွက် အရေးပါတဲ့ပွဲဖြစ်နေလို့ ဒီလိုမျိုးသာ ထပ်ကြုံခဲ့မယ်ဆိုရင် အာဆင်နယ်ဖိအားတွေများလာမှာပါ။ တခု ကံကောင်းတာကတော့ လက်ရှိမှာ လီဗာပူးလ်က ပြီးခဲ့တဲ့နှစ်တွေကလို ပုံစံမျိုးမရှိတော့ဘဲ အာဆင်နယ်က အဲဒီနှစ်တွေကထက် ပိုကောင်းနေတဲ့ အသင်းဖြစ်နေတာပါပဲ။

ဒါပေမယ့် အန်ဖီးလ်ဆိုတာကလည်း နာမည်ကျော်သတ်ကွင်းကြီးဖြစ်နေလို့ အာဆင်နယ်အတွက် လွယ်ကူမှာတော့မဟုတ်ပါဘူး။ သူတို့ဘယ်လောက်လုပ်ပြနိုင်မလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ နာမည်ကျော် ခန့်မှန်းသူတွေကတော့ ဒီပွဲကိုသာ အာဆင်နယ်နိုင်ခဲ့မယ်ဆိုရင် အမှတ်ပေးဖလားရပြီလို့ ပြောနိုင်ပြီဆိုပြီး ဆိုထားပါတယ်။ 

အာဆင်နယ်တို့ အမှတ်ပေးဖလားနဲ့ နီးစပ်နေပြီး ဒါကို ဆက်အကောင်အထည်ဖော်နိုင်မလား။ ဒါမှမဟုတ် လီဗာပူးလ်ကပဲ သူတို့ရဲ့ နာမည်ကျော်အိမ်ကွင်းမှာ ဂုဏ်သိက္ခာထိန်းနိုင်မလားဆိုတာ မနက်ဖြန်အဖြေပေါ်ပါတော့မယ်။ ပရီးမီးယားလိဂ်အမှတ်ပေးဖလားအတွက်လည်း အပြောင်းအလဲတွေဖြစ်လာနိုင်လို့ သေချာပေါက်ကို စောင့်ကြည့်ရမယ့်ပွဲပါပဲ။ 

Share

Loading Next Article...
က္က