ယူနိုက်တက်ကို စိတ်ဓာတ်စစ်ဆင်ရေးလုပ်ခဲ့တာပါ။

လီဗာပူးဂိုးသမား အယ်လစ်ဆန်က သူ့အသင်းသာ ပြိုင်ဘက်ကို (၇) ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့မယ်ဆိုရင် ကိုယ်တိုင်ရော၊ အသင်းဖော်တွေကိုပါ ပေါက်ကွဲမိလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။ လီဗာပူးဟာ မနက်ဖြန်ည အန်ဖီးလ်ကွင်းမှာ ယူနိုက်တက်နဲ့ ရင်ဆိုင်ရမှာပါ။



ပြီးခဲ့တဲ့ရာသီ ဒီနှစ်သင်း အန်ဖီးလ်ကွင်းမှာ ထိပ်တိုက်တွေ့ခဲ့တုန်းက လီဗာပူးတို့ ၇-၀ ဂိုးဆိုတဲ့ ရလဒ်နဲ့အတူ ခြေပြတ်ဂိုးပြတ် အနိုင်ရရှိခဲ့ပါတယ်။ ဒါဟာ နှစ်ပေါင်း (၁၂၇) နှစ်အတွင်း လီဗာပူးတို့ ယူနိုက်တက်ကို အပြတ်သားဆုံး အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

အခု ဒီနှစ်သင်း ပြန်လည်တွေ့ဆုံတဲ့ပွဲမတိုင်ခင်မှာ အဆိုပါပွဲရလဒ်က တော်တော်လေးကို ပြောစရာ ပြန်ဖြစ်နေခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း သတင်းထောက်တွေက အယ်လစ်ဆန်ကို ထူးထူးဆန်းဆန်း မေးခွန်းထုတ်ခဲ့ပါတယ်။

ကိုယ့်အသင်းသာ အခုလိုမျိုး (၇) ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ရင်ရောဆိုတဲ့ မေးခွန်းအပေါ် အယ်လစ်ဆန်က “ကျွန်တော် တော်တော်လေး ပေါက်ကွဲမိမှာပါ။ နောက်ပြီး ကျွန်တော့် အသင်းဖော်တွေကိုလည်း ပေါက်ကွဲဖို့ ကြိုးစားမိပါလိမ့်မယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

ဒါဟာ ယူနိုက်တက်နဲ့ပွဲမတိုင်ခင် ပြိုင်ဘက်ကို စိတ်ဓာတ်စစ်ဆင်ရေး လုပ်ခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ ယူနိုက်တက်ဟာ ချန်ပီယံလိဂ်မှာ အုပ်စုနောက်ဆုံးနေရာကနေ ထွက်ခွာခဲ့ရတဲ့ အသင်းတစ်သင်းဖြစ်ပြီး လီဗာပူးကတော့ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်ထားလျက်ရှိပါတယ်။  

Share

Loading Next Article...
က္က