မန်စီးတီးဟာ မနေ့ညက လိဒ်စ်ကို (၇) ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာပါ။

မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်းက လိဒ်စ်ကို (၇) ဂိုးပြတ်နဲ့ အနိုင်ရရှိတာက ချန်ပီယံဆုအတွက် အရေးပါတဲ့ ဂိုးကွာခြားမှုအတွက် အကူအညီဖြစ်စေတယ်လို့ ပြောကြားလိုက်ပါတယ်။ မနေ့ညက လိဒ်စ်နဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်အိမ်ကွင်းပွဲမှာ ဖိုဒန်၊ ဂရီလစ်ရှ်၊ ဒီဘရိုင်း၊ မာရက်ဇ်၊ ဂျွန်စတုန်းစ်၊ နာသန်အကီတို့ရဲ့ ဂိုးတွေနဲ့အတူ မန်စီးတီးတို့ (၇) ဂိုးပြတ်နိုင်ခဲ့တာပါ။



မန်စီးတီးဟာ ဒီနိုင်ပွဲကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နိုင်ခဲ့ပြီး လိဒ်စ်ကို (၇) ဂိုးသွင်းနိုင်ခဲ့တဲ့အပေါ်မှာလည်း ဒီဘရိုင်းက အခုလိုပဲ ပြောကြားခဲ့ပါတယ်။

ဒီဘရိုင်းက “အခုချိန်မှာ ကျနော်တို့ရဲ့ အကောင်းဆုံးပုံစံကို ဆက်ထိန်းပြီး တပွဲချင်းကို အာရုံစိုက်သွားမှာပါ။ ဒီရလဒ်က ဂိုးကွာခြားမှုအတွက် အကူအညီဖြစ်တာတော့ သေချာပါတယ်”

“ဒါပေမယ့် ဒါက ရာသီကုန်မှ ဖြစ်လာနိုင်တဲ့အရာတခုလေ။ ကျနော်တို့ လောလောဆယ် ဒီအကြောင်းကို မစဥ်းစားသင့်ပါဘူး။ ပရီးမီးယားလိဂ်ပြိုင်ပွဲက တကယ့်ကို ပွဲကြီးပွဲကောင်းတွေချည်းပါပဲ။ ထိပ်ဆုံး (၃) သင်းပြင်ပက အသင်းတွေလည်း အရမ်းကို အနိုင်ယူရခက်ပါတယ်”

“ခင်ဗျားတို့လည်း ဒါကိုတွေ့မှာပါ။ ဝုလ်ဗ်တို့ ဝက်စ်ဟမ်းတို့လို အသင်းတွေပေါ့။ ကျနော်တို့ (၁) ဂိုးအကွာနဲ့ပဲ နိုင်ခဲ့နိုင်ခနော်တို့ (၁) ဂိုးအကာနဲ့ပဲနိုင်ခဲ့တာလေ။ ဒီနှစ်ကတော့ တကယ်ကို အသေအကျေ ပြိုင်ရမယ့် လိဂ်တခုဖြစ်လာပါလိမ့်မယ်။ ဒါပေမယ့် ကျနော်တို့ အကောင်းဆုံးကြိုးစားကစားသွားမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။

မန်စီးတီးဟာ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ ချဲလ်ဆီး၊ လီဗာပူးတို့ထက် (၁) ပွဲပိုကစားပြီး ရမှတ် (၄) မှတ်အသာရရှိထားကာ ဒုတိယနေရာမှာ လီဗာပူး၊ တတိယနေရာမှာ ချဲလ်ဆီးတို့က အသီးသီး ဖိအားပေးလျက်ရှိပါတယ်။ 

Share

က္က