NEX အလွန် Vivo X စီးရီးရဲ့ အမိုက်စား ထုတ်ကုန်သစ် ဖြစ်လာမှာပါ

ပရီမီယံစမတ်ဖုန်းတွေထဲက ယွမ် ၁၀၀၀၀ ဈေးအထိ ရှိနိုင်တဲ့ Vivo ဖုန်းတစ်လုံး ထွက်လာဖို့ ရှိပါတယ်။ 

Vivo ရဲ့ တရုတ်ဝက်ဘ်ဆိုက်မှာ Vivo X Note အကြောင်း သတင်းတွေ တက်လာခဲ့ပါတယ်။ တက်ဘလက်ငယ်တစ်ခုနီးပါး ကြီးမားတဲ့ Display သုံးထားတဲ့ Vivo X Note ဟာ အကြီးစား ၇ လက်မ Screen နဲ့လာပြီး Samsung E5 AMOLED panel အမျိုးအစား သုံးသွားမယ်လို့ ဆိုပါတယ်။ ရုပ်ထွက်အနေနဲ့ 2K QHD+ Resolution သုံးလာနိုင်ပါတယ်။ 





ဆန်းသစ်တီထွင်မှုတွေနဲ့ ထိုးဖောက်ခဲ့တဲ့ Vivo NEX စီးရီးကို X lineup အဖြစ် ပြောင်းလိုက်ပြီးတဲ့နောက် Vivo X Note အကြောင်း သတင်းတွေ ကြားလာရတာပါ။ သတင်းတွေအရဆိုရင် Vivo X Note ဟာ နောက်ဆုံးပေါ် High-End Processor သစ် ဖြစ်တဲ့ Snapdragon 8 Gen 1 Chipset သုံးပြီး RAM 12/256GB Storage နဲ့ 12/512GB ဗားရှင်းနှစ်မျိုးနဲ့ ထွက်လာမယ်လို့ ဆိုပါတယ်။ 

မှန်ပြင်အောက်မှာ လက်ဗွေနေရာ ကျယ်ကျယ်ဖမ်းယူနိုင်မယ့် 3D Ultrasonic Fingerprint Scanner တပ်ဆင်ထားပြီး ကျောဘက်မှာ အလျားလိုက် ကင်မရာအိမ်ထဲ ဘယ်ဘက်ထောင့်မှာ စက်ဝိုင်းပုံ Ring ဒီဇိုင်းနဲ့ ကင်မရာ ၄ လုံး ထည့်သွင်းလာဖို့ ရှိပါတယ်။ ရှေ့ဘက်မှာတော့ မှန်ပြင်အပေါ် အလယ်တည့်တည့်နားမှာ Punch-Hole ကင်မရာပေါက် ဒီဇိုင်း သုံးလာနိုင်ပါတယ်။ 

သတင်းတွေအရ ကျောဘက်ကင်မရာထဲမှာ 50MP Resolution ပါတဲ့ Samsung S5KGN1 Sensor ကို main ကင်မရာအဖြစ် သုံးသွားမယ်လို့ ဆိုပါတယ်။ ဒီကင်မရာဟာ Vivo X70 Pro+ နဲ့ Google Pixel 6 Pro တို့လို ကင်မရာနာမည်ကျော် ဖုန်းတွေမှာ သုံးခဲ့တဲ့ Sensor လည်း ဖြစ်ပါတယ်။ ဘက်ထရီပါဝါ 5000mAh အားနဲ့ 80W Fast Charging ပံ့ပိုးမှုလည်း ပါနိုင်ပါတယ်။ 

လောလောဆယ် ပေါက်ကြားထားတဲ့ ဈေးအရ အမြင့်ဆုံး 512GB မော်ဒယ်ကို ယွမ် ၁ သောင်း (မြန်မာငွေ ၂၈ သိန်းကျော်) ဈေးနဲ့ ရောင်းချသွားမယ်လို့ ဆိုပြီး နောက်လထဲလောက် ကြေညာသွားဖို့ရှိပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က