ဈေးကွက်ထဲ မကြာမီ လာမည်လို့ ကြေညာထားပါတယ်

တကယ့် Futuristic Laptop ဆိုတာ ပါးပြီး ပေါ့ရုံနဲ့ မဖြစ်တော့ပါဘူး။ Craob X လိုမျိုး အပါးဆုံးနဲ့ Port တစ်ခုမှ မပါမှလို့ ဖြစ်လာနိုင်ပါတယ်။ 

Craob ဟာ Craob X ဆိုတဲ့ ၇ မီလီမီတာ(၀.၂၇ လက်မခန့်) ပဲ ထူတဲ့ Concept လက်ပ်တော့ဒီဇိုင်းသစ်တစ်မျိုးကို ထုတ်ပြခဲ့ပါတယ်။ လက်ရှိ ဈေးကွက်ထဲက အပါးလွှာဆုံးဖြစ်တဲ့ Samsung Galaxy Book Pro ၁၃ လက်မဟာ ၀.၄၄ လက်မ ထူပါတယ်။ ဒီလက်ပ်တော့ဟာ ပါးသလောက် အလေးချိန် ၁.၉ ပေါင်ပဲ ရှိတာကြောင့် အတော်ကြီးကို Lightweight ကျမှာပါ။ နောက်ထပ် ထူးခြားတာက port လုံးဝ မပါတာပဲ ဖြစ်ပါတယ်။



Photo: inputmag

Laptop အားသွင်းဖို့အတွက် Screen နောက်ဘက်နေရာမှာ ကြိုးမဲ့သံလိုက် Charging Puck တစ်ခုနဲ့ အားသွင်းနိုင်မယ်လို့ ဆိုပါတယ်။ အဲ့ဒီ သံလိုက် Charging တုံးမှာပဲ USB-A ၊ USB-C ၊ Thunderbolt ၊ Headphone Jack နဲ့ SD Card Slot စတာတွေအတွက် Ports ပေါက်တွေ ပါဝင်တာ တွေ့ရပါတယ်။ ဒီ Ports တွေနဲ့ Laptop ဘယ်လိုနည်းပညာနဲ့ ချိတ်ဆက်သလဲဆိုတာတော့ မသိရသေးပေမယ့် အတော်ကြီး မိုက်တဲ့ ဒီဇိုင်း Concept လို့ ဆိုရမှာပါ။ 

Display ပိုင်းမှာလည်း ခေတ်ပေါ်စမတ်ဖုန်းတွေလိုမျိုး Screen အပေါ် အလယ်တည့်တည့်မှာ Webcam အတွက် Punch-Hole ကင်မရာပေါက်ဒီဇိုင်း သုံးထားပြီး ဘေးဘောင် Bezel တွေ ပါသလောက်နီးနီး ဒီဇိုင်းမျိုး ဖန်တီးထားပါတယ်။ Screen Size ၁၃.၁ လက်မရှိပြီး 4K Resolution ပါမယ်လို့ ဆိုပါတယ်။ Hardware Specs အနေနဲ့ 12th Gen Intel Core i7-1280P Processor နဲ့လာပြီး Intel Iris Xe GPU သုံးထားပါတယ်။ 

Photo: inputmag


LPDDR5 RAM 32GB ၊ 2TB PCIe 4.0 SSD Storage အထိ ပါဝင်ပြီး ကြိုးမဲ့ဆက်သွယ်ရေးပိုင်းအတွက် Intel Wi-Fi 6E နည်းပညာ နဲ့ လာမှာပါ။ Craob ဝက်ဘ်ဆိုက်မှာ Craob X ရဲ့ ဈေးနှုန်းပြောကြားထားခြင်း မရှိဘဲ မကြာခင် ဈေးကွက်တင် ရောင်းချသွားမယ်လို့ပဲ ဖော်ပြထားပါတယ်။ ၂၀၁၉ ခုနှစ်မှာ တရုတ်စမတ်ဖုန်းကုမ္ပဏီ Meizu ဟာ ကမ္ဘာ့ပထမဆုံး Portless ဖုန်းတစ်လုံးဖြစ်တဲ့ Meizu Zero ကို မိတ်ဆက်ပြသခဲ့ပေမယ့် ဈေးကွက်ထဲ ဖြန့်ချိခဲ့ခြင်းတော့ မရှိပါဘူး။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က