၃-၁ နဲ့ ဦးဆောင်ခဲ့ပြီးမှ ၃-၄ နဲ့ အိမ်ကွင်းမှာအရေးနိမ့်ခဲ့တာပါ။

ဂျူဗင်တပ်စ်ကို ၃-၁ နဲ့ ဦးဆောင်နေခဲ့ပြီးမှ ပွဲအပြီးမှာ ၄-၃ နဲ့ အရေးနိမ့်ခဲ့တာကြောင့် မော်ရင်ဟိုဟာ ရိုးမားကစားသမားတွေရဲ့ အားနည်းချက်တွေကို ထုတ်ဖော်ပြောဆိုပြီး အပြစ်တင်သွားခဲ့ပါတယ်။ ဒါ့အပြင် အသင်းဘတ်စ်ကားပေါ်မတက်ခင်မှာ သူ့ကစားသမားတွေကို ဒေါသတကြီးနဲ့ အော်ဟစ်ပြောဆိုမှုတွေပြုလုပ်ခဲ့ပြီး တော်တော်လေးဒေါသထွက်နေခဲ့တယ်လို့ Mirror က ဆိုပါတယ်။ 

အဆိုပါပွဲမှာ အေဘရာဟမ်က ဦးဆောင်ဂိုးသွင်းခဲ့ပြီး ဒီဘာလာက ပြန်ချေပခဲ့လို့ ပထမပိုင်း ၁ ဂိုးစီသရေဖြစ်နေခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ရိုးမားက ၂ ဂိုးဆက်တိုက်သွင်းကာ ပွဲကစားချိန် မိနစ် ၇၀ အထိ ၃-၁ နဲ့ ဦးဆောင်ခဲ့တာပါ။ ဒါပေမယ့် ဂျူဗီအတွက် လိုကာတယ်လီ၊ ကူလူဆက်စကီနဲ့ ဒီဆီဂလီယိုတို့က ချေပဂိုးနဲ့ အနိုင်ဂိုးတွေကို ၇ မိနစ်အတွင်း ပြန်သွင်းသွားခဲ့ပြီး ဒီလစ်အနီကတ်ထိကာ ရိုးမားပင်နယ်တီပြန်ရခဲ့ပေမယ့် ပယ်လီဂရီနီလွဲချော်ခဲ့ပြီး အရေးနိမ့်ခဲ့ပါတယ်။ 

သူ့ကစားသမားတွေရဲ့ စိတ်ဓာတ်ပိုင်းအပေါ် မော်ရင်ဟိုက တော်တော်လေးဒေါသထွက်ခဲ့တယ်လို့ သိရပြီး ဒေါသတကြီးနဲ့ အော်ဟစ်ပြောဆိုမှုတွေပြုလုပ်ခဲ့သလို သတင်းစာရှင်းလင်းပွဲမှာလည်း ထပ်မံအပြစ်တင်ခဲ့ပါတယ်။ "ကျွန်တော်တို့ မိနစ် ၇၀ အထိ ပွဲကိုထိန်းချုပ်ထားနိုင်ခဲ့ပါတယ်၊ အဲဒီနောက်မှာတော့ စိတ်ပိုင်းဆိုင်ရာပြိုလဲသွားတော့တာပါပဲ၊ ၃-၂ ဖြစ်သွားချိန်က ကျနော်တို့ကို အသေသတ်သွားတာပါ၊ ဘာလို့လဲဆိုတော့ ဂျူဗီက စိတ်ဓာတ်ပိုင်းတောင့်တင်းသွားပါပြီ"

"ကျတော်အများကြီးလည်း မဝေဖန်ချင်ပါဘူး၊ ဒါပေမယ့်ပြောရမှာပါပဲ၊ အထူးသဖြင့် တဦးချင်းကစားပုံတချို့ကိုပေါ့၊ စိတ်ဓာတ်ပိုင်းသာကောင်းနေမယ်ဆိုရင် ပြသနာမရှိပါဘူး၊ ဒါပေမယ့်လည်း တချို့က ပြီးခဲ့တဲ့ရာသီမှာ ပွဲကြီးတွေကို အနိုင်မရခဲ့တဲ့ ပြသနာက အခုထိရှိနေတုန်းပါ၊ ကစားသမားတွေကို ကျနော်ပြောခဲ့ပြီးပါပြီ၊ ပွဲက မိနစ် ၇၀ နဲ့ ပြီးသွားတယ်ဆိုရင် ငါတို့ကစားတာ အရမ်းကောင်းတဲ့စွမ်းဆောင်ရည်ပဲလို့၊ ကံဆိုးတာက ပွဲက မိနစ် ၇၀ နဲ့ ပြီးတာမှမဟုတ်တာ" လို့ မော်ရင်ဟိုက DAZN ကို ပြောဆိုသွားခဲ့ပါတယ်။ 

ကွင်းအတွင်းမှာလည်း မော်ရင်ဟိုဟာ တော်တော်လေးစိတ်ပျက်လက်ပျက်ဖြစ်နေပြီး ဒေါသထွက်နေခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ အသင်းဘတ်စ်ကားပေါ်မတက်ခင်မှာလည်း ကစားသမားတွေကို အော်ဟစ်ပြောဆိုမှုတွေပြုလုပ်ခဲ့သေးတယ်လို့သိရပြီး သူနဲ့ကစားသမားတချို့ကြား မပြေလည်မှုတွေက ပိုမိုကြီးထွားလာဖွယ်ရာ

ရှိနေပါတယ်။ 

Share

က္က