အပြုအမူတွေနောက်က ရည်ရွယ်ချက်တွေကို ပိုသိတော့ ပိုနားလည်ပေးနိုင်ပါတယ်။
 

အနေအေးသူတွေမှာ  နှစ်ပေါင်းများစွာ လက်တွဲလာတဲ့ သူငယ်ချင်းတွေ ရှိတတ်ပါတယ်။ သူတို့ကို စတွေ့တွေ့ချင်းမှာ သိရခက်တာ၊ နားလည်ရခက်တာမျိုး ရှိပေမယ့် ရေရှည်ပေါင်းကြည့်ရင်တော့ သူတို့ကို ခင်သွားတတ်ပါတယ်။ ခင်ပြီဆိုရင်လည်း ရင်းရင်းနှီးနှီးဖွင့်ပြောတိုင်ပင်မိတတ်တဲ့ အထိပါပဲ။ အနေအေးတယ်ဆိုပေမယ့် သူတို့မှာ ဒီလိုအရည်အချင်းတွေ ရှိတတ်ပါတယ်။

၁ - ပိုနားလည်တယ်

အနေအေးသူတွေက စကားနည်းပါတယ်။ သူတို့ဘေးနားက ပတ်ဝန်းကျင်ကို အမြဲသိရှိ အကဲခတ်မိနေတာလည်း ဖြစ်ပါတယ်။ ဒီအခါမှာ တစ်စုံတစ်ဦးကို သူတို့က ပိုနားလည်ပါတယ်။ တစ်ဖက်လူကို ပိုလည်းနားလည်ပေးနိုင်ပါတယ်။

(သင်စိတ်ဝင်စားနိုင်မယ့် ဆောင်းပါး -သူငယ်ချင်းကောင်းတွေကြားမှာ မမြင်တွေ့ရတဲ့အချက် (၇) ချက် )

 

၂ - ပြောတာထက် နားထောင်တာ များတယ်

စကားနည်းပြီး နားထောင်တာက များပါတယ်။ တစ်ဖက်လူရဲ့ ပြောစကားကို စိတ်ရှည်လက်ရှည်နားထောင်ပေးနိုင်သူတွေလည်း ဖြစ်ပါတယ်။ ဒီလို စကားနည်းပြီး နားထောင်တတ်သူပဲ ဖြစ်တာကြောင့် သူ့ကိုဆို လူတွေက ရင်းရင်းနှီးနှီးပြောချင်ကြပါတယ်။

၃ - ယုံကြည်ရသူ

သူတို့ဟာ ယုံကြည်ရသူတွေ ဖြစ်ပါတယ်။ အနေအေးပြီးစကားနည်းတော့ စကားရှုပ်ဖို့ ဆိုတာ သူတို့ ဘယ်လိုမှ မတွေးမိတဲ့အရာပါ။ သူတို့ကို သင်ယုံကြည်ရာတွေ ဖွင့်ဟတိုင်ပင်လို့ရပါတယ်။ သင့်အခက်အခဲတွေကို ရင်ဖွင့်လို့ရပါတယ်။ ဒီလိုရင်ဖွင့်လို့ရသူဆိုတော့ သူငယ်ချင်းတွေက လေးလေးနက်နက်ခင်တာ မဆန်းပါဘူး။

 

၄ - သူငယ်ချင်းအရင်းကြီး

သူတို့ဟာ ပတ်ဝန်းကျင်ကို တုံ့ပြန်ဖို့ထက် ပတ်ဝန်းကျင်က သူတို့ကိုရိုက်ခတ်လာတာကို အမြဲသတိထားစောင့်ကြည့်နေသူတွေ ဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ အခြေအနေ ဘယ်လိုရှိနေတယ်ဆိုတာကို မဖွင့်ပြောရင်ဘဲ နေမယ် သူများထက် ပါးပါးနပ်နပ် သိပါတယ်။ သင့် စိတ်တွေ မကြည်ဘူး၊ စကားမပြောချင်ဘူးဆိုတာကို သိပါတယ်။ သင်ဘာဖြစ်နေတယ်ဆိုတာကို နားလည်ပါတယ်။ သင့်ခံစားချက်ကို သဘောပေါက်ပါတယ်။ ဒါကြောင့် သူတို့မှာ ရေရှည်လက်တွဲလာတဲ့ သူငယ်ချင်းအရင်းကြီးဆိုတာမျိုး အမြဲရှိတတ်ပါတယ်။

၅ - သူတို့က လွပ်လပ်ပါတယ်

သူတို့ပုံစံကကို အနေအေးတာပါ။ တခြားသူငယ်ချင်းနဲ့ပေါင်းပြီး သူ့ကို ဂရုမစိုက်လို့ဆိုတဲ့ သဝန်တိုငြူစူတာမျိုးတွေလည်း မရှိပါဘူး။ တော်ရုံနဲ့လည်း စိတ်မဆိုးတတ်ပါဘူး။ စိတ်ဆိုးလည်း တော်ရုံလောက်နဲ့ ဖွင့်မပြောပါဘူး။ သူတို့ဟာ သူငယ်ချင်းဆက်ဆံရေးမှာ အဆုံးထိ သစ္စာရှိသူတွေ ဖြစ်ပါတယ်။

Photos & Source: Elite Daily

Share

Loading Next Article...
က္က