မိသားစု၊ အပေါင်းအသင်းတွေ ဝိုင်းဖွဲ့စားသောက်ကြတဲ့အခါ အကင်လေးတွေ လုပ်စားရတာလည်း ပျော်စရာပဲ။ ကိုယ့်ဘာသာ တစ်ယောက်တည်း လုပ်စားပြီး တီဗီရှေ့မှာ အကင်လေးစားလိုက်၊ ဇာတ်ကားကြည့်လိုက်ဆိုလည်း ဇိမ်ပဲ။ ခက်ခဲတဲ့အကင်တွေကို မလုပ်ချင်ဘူးဆိုရင် လွယ်လွယ်နဲ့အကျက်မြန်တဲ့ ပုစွန်နဲ့နာနတ်သီးကင် လုပ်စားကြည့်ပါလား။ အရသာလည်းရှိ ခံတွင်းလည်းမြိန်ပါတယ်။
တံစို့ထိုးကင်မှာဆိုတော့ သစ်သားတုတ်ချောင်းလေးတွေလည်း လိုတာပေါ့။ တုတ်ချောင်းတွေကို ရေစိမ်ထားလိုက်ပါ။ ပြီးရင်တော့ တခြားလိုအပ်တဲ့ပစ္စည်းတွေ ပြင်ဆင်ကြတာပေါ့။ နာနတ်သီးတစ်စိတ်၊ ကြက်သွန်ဖြူ ၄ မွှာ၊ ငရုပ်သီးဆော့စ် - ထမင်းစားဇွန်းတစ်ဇွန်းတို့ကို ရေနဲ့ရောပြီး Blender ထဲမှာ ထည့်ကြိတ်လိုက်ပါ။
ရလာတဲ့အနှစ်ကို ဒယ်အိုးထဲထည့်ပြီး အပူပေးရပါမယ်။ ပြီးရင် ရှာလကာရည် - လက်ဖက်စားဇွန်း ၂ ဇွန်း၊ ဆား အနည်းငယ်၊ အုန်းသီးခရင်မ်၊ သံပရာသီးတစ်လုံးစာအရည်၊ ကြိတ်ထားတဲ့သံပရာခွံ၊ ပြောင်းကော်မှုန့် ရေဖျော် ထမင်းစားဇွန်း ၃ ဇွန်းတို့ကို အိုးထဲဖြည့်လိုက်ပါ။ အရည်ပျစ်ပြီး အနံ့က မွှေးပျံ့လာပြီဆို မီးဖိုပေါ်ကချလို့ရပါပြီ။
သစ်သားတုတ်လေးမှာ နာနတ်သီးနဲ့ပုစွန်ကို တံစို့ထိုးပြီး စောနကလုပ်ထားတဲ့ ဆော့စ်လေးနဲ့သုတ်ကာ မီးပေါ်မှာကင်ရမှာဖြစ်ပါတယ်။ အနံ့အရသာနဲ့ပြည့်စုံပြီး ခံတွင်းရှင်းသွားမယ့် နာနတ်သီး၊ ပုစွန် တံစို့ထိုးကင် ဖြစ်ပါတယ်။
Source : Tasty