ကမ္ဘာတဝှမ်းလုံးမှာ ငှက်ပျောသီးကို သူ့ရဲ့နှစ်လိုဖွယ်အရသာနဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကြောင့် လူအများက နှစ်ခြိုက်စွာ စားသုံးကြပါတယ်။ ငှက်ပျောသီးမှာ ကမ္ဘာပေါ်မှာလူစားအများဆုံး အသီးအနှံထဲမှာ ပါဝင်ပြီး ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ရှင်းလင်းပေးနိုင်တဲ့ အာဟာရဓာတ်တွေ ပြည့်ဝပါဝင်ပါတယ်။ ဒါပေမယ့်သူ့မှာလည်း ကျန်းမာရေး ဘေးထွက်ဆိုးကျိုးတွေရှိနေပါသေးတယ်။ အဲဒါတွေကတော့...
အာလူးကြော်တွေ၊ ကွတ်ကီးတွေနဲ့စာရင်တော့ ငှက်ပျောသီးတွေက ကယ်လိုရီပါဝင်မှုပိုနည်းတာမှန်ပါတယ်။ ဒါပေမယ့် သူတို့မှာ ခင်ဗျားကိုဝိတ်တက်စေနိုင်တဲ့ ကယ်လိုရီပမာဏတော့ လုံလောက်စွာ ပါဝင်နေပါတယ်။ ငှက်ပျောသီး အရွယ်ခပ်လတ်လတ်တစ်လုံးမှာ (၁၀၅) ကယ်လိုရီပါဝင်ပါတယ်။
ဒါဟာ လိမ္မော်သီးတစ်လုံးမှာပါဝင်တဲ့ ကယ်လိုရီ (၆၂)၊ ဖရဲသီးတစ်ပန်းကန်မှာပါဝင်တဲ့ ကယ်လိုရီ (၄၅)၊ စပျစ်သီး တစ်ပန်းကန်မှာ ပါဝင်တဲ့ ကယ်လိုရီ (၆၂) တို့နဲ့နှိုင်းယှဉ်ရင်တော့ တော်တော်များတယ်ဆိုနိုင်ပါတယ်။ ဒါကြောင့် နာရီအနည်းငယ်ကြာတိုင်းစားနိုင်တဲ့ မုန့်ပဲသရေစာတစ်ခုခုကိုရှာနေတယ်ဆိုရင်တော့ ငှက်ပျောသီးက အကောင်းဆုံးရွေးချယ်မှုတစ်ခု မဟုတ်ပါဘူး။
တကယ်လို့ ခင်ဗျားမှာမကြာခဏခေါင်းကိုက်မူးဝေတတ်တဲ့ ဝေဒနာရှိမယ်ဆိုရင် နေ့စဉ်အစားအစာထဲမှာ ငှက်ပျောသီး ထည့်သွင်းခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ ဒိန်ခဲ၊ ငါး၊ အသားနဲ့ ငှက်ပျောသီးထဲမှာ တွေ့ရတတ်တဲ့ Tyramine လို့ခေါ်တဲ့ အရာတစ်မျိုးဟာ ခေါင်းကိုက်ခြင်းဝေဒနာတွေကို ဖြစ်စေတဲ့အရာပါပဲလို့ မေရီလင်ဆေးဝါးတက္ကသိုလ်ကဆိုပါတယ်။ အထူးသဖြင့် ငှက်ပျောခွံတွေမှာ Tyramine ပါဝင်မှုက ငှက်ပျောအသားထက် (၁၀) ဆပိုများပါသတဲ့။
ကစီဓာတ်ပါဝင်မှုများပြားတာကြောင့် ငှက်ပျောသီးတွေဟာ သွားကျန်းမာရေးပုံမှန်ဂရုမစိုက်တတ်သူတွေအတွက် သွားကိုက်သွားနာခြင်းနဲ့ သွားပျက်ဆီးခြင်းတွေဖြစ်စေနိုင်ပါတယ်။ လေ့လာမှုတွေအရ ငှက်ပျောသီးတွေက ချောကလက်တွေ။ ပီကေတွေ၊ အနီရောင်နွယ်ချိုတွေထက်တောင်ပိုပြီး ခံတွင်းကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်တဲ့။ ဘာလို့လဲဆိုတော့ ကစီဓာတ်တွေက ခံတွင်းထဲမှာ နှေးကွေးစွာ ပျော်ဝင်ပြီး သကြားတွေကတော့ မြန်ဆန်စွာပျော်ဝင်လို့ပါပဲ။
ဒါကြောင့်ငှက်ပျောသီးစားမယ်ဆိုရင် ငှက်ပျောသီးဖတ်လေးတွေက သွားတွေကြားမှာ နှစ်နာရီဝန်းကျင်ကပ်နေနိုင်ပြီး ဘက်တီးရီးယားတွေကို ဖိတ်ခေါ်နေသလို ဖြစ်နေတာကို နားလည်ထားရပါမယ်။ အဲဒီကမှတဆင့် သွားပိုးပေါက်တွေ ဖြစ်လာနိုင်ပါတယ်။
ငှက်ပျောသီးဟာ ချွဲထစာတစ်မျိုးဖြစ်သလို အသက်လမ်းကြောင်းဆိုင်ရာပြဿနာတွေကိုလည်း ဆောင်ကြဉ်းပေးပါတယ်။ ငှက်ပျောသီးကြောင့် အသက်ရှူလမ်းကြောင်း ပိတ်ဆို့မှုတွေဖြစ်စေနိုင်ပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ အဲဒီကမှတဆင့် အသက်ရှူရခက်ခဲတာတွေ၊ အစာမျိုချရခက်ခဲခြင်းတွေ၊ ချွဲတွေ ရင်ဝမှာပိတ်ဆို့ခြင်းတွေ ဖြစ်စေနိုင်ပါတယ်။ သတိမထားရင် ချွဲဆို့ပြီး သေတတ်ပါတယ်။
Source: Sttylecraze
Share