လူတစ်ယောက်ရဲ့ဘဝသက်တမ်းတလျှောက်လုံးမှာ (၂၆) နှစ်တာကာလကို အိပ်စက်ခြင်းအတွက်အသုံးပြုရပါတယ်။
 

လူတစ်ယောက်ရဲ့ဘဝသက်တမ်းတလျှောက်လုံးမှာ (၂၆) နှစ်တာကာလကို အိပ်စက်ခြင်းအတွက်အသုံးပြုရပါတယ်။ ဒါဟာ နည်းပါးလှတဲ့အချိန်ပမာဏတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ဘဝသက်တမ်းရဲ့ (၃) ပုံ (၁) ပုံလောက်ကို အိပ်စက်ခြင်းမှာ အသုံးပြုထားရတဲ့အတွက် ကျွန်တော်တို့တွေအိပ်စက်ချိန်မှာ ဘယ်လိုပုံစံနဲ့အိပ်စက်သလဲဆိုတာကလည်း အလွန်အရေးပါ ပါတယ်။

ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့အိပ်စက်တဲ့ပုံစံတွေဟာ ကျန်းမာရေးအပေါ်အကျိုးသက်ရောက်မှုရှိနေနိုင်လို့ပါပဲ။ မှားယွင်းတဲ့ အိပ်စက်မှုပုံစံက လည်ပင်းနာကျင်ခြင်း၊ ကျောကုန်းနာကျင်ခြင်းတို့လို နာကျင်ခြင်းဝေဒနာတွေကို ပိုမိုဆိုးဝါးစေနိုင်ပါတယ်။ ဒါတွေကိုကာကွယ်နိုင်ဖို့အတွက် ဘယ်လိုပုံစံမျိုးနဲ့အိပ်စက်သင့်တယ်ဆိုတာကို သိထားတာ မမှားပါဘူး။

လေ့လာမှုတွေအရဆိုရင် လူအများဟာ မှားယွင်းတဲ့အိပ်စက်ပုံတွေကြောင့် အိပ်ရေးပျက်ရပြီး အိပ်ရေးပျက်ရာကနေ အိပ်မရတဲ့ ရောဂါနဲ့ စိတ်ကျရောဂါဖြစ်စေနိုင်ပါတယ်။

၁။ ကျောကုန်းနာနေရင်

Back-Pain.jpg 

ကျောကုန်းအောင့်ခြင်း၊ ကျောကုန်းနာခြင်းဟာ အထိုင်များတဲ့သူတွေအဖြစ်များတဲ့ ဝေဒနာတစ်မျိုးဖြစ်ပါတယ်။ ကျောကုန်းနာခြင်း ဝေဒနာခံစားနေရမယ်ဆိုရင် မှန်ကန်တဲ့အိပ်စက်မှုပုံစံနဲ့ အိပ်စက်ပြီး ရှောင်ရှား နိုင်ပါတယ်။ ကျောကုန်းနာနေတယ်ဆိုရင် ပက်လက်လှန်ပြီးအိပ်သင့်ပါတယ်။ ပြီးရင်လိပ်ထားတဲ့ တဘက်တစ်ထည်စီကို ကျောကုန်းအောက်နဲ့ ဒူးခေါင်း တံခေါက်ကွေးအောက်မှာ ခံပေးထားလိုက်ပါ။

၂။ လည်ပင်းနာနေရင်

Neck.jpg 

ဒါဟာလည်း အထိုင်များတဲ့သူတွေ၊ ကွန်ပျူတာနဲ့အလုပ်လုပ်ရတာများတဲ့သူတွေ အဖြစ်များတဲ့ဝေဒနာတစ်မျိုးပါပဲ။ လည်ပင်းနောက်ဘက်က နာကျင်ကိုက်ခဲသလိုခံစားနေရရင် အောက်ပါပုံစံအတိုင်း အိပ်စက်ပေးသင့်ပါတယ်။ ပြုလုပ်ဖို့လိုတာကတော့ လိပ်ထားတဲ့တဘက်တစ်ထည်ကို လည်ပင်းအောက်မှာထိုးထည့်ပြီး ခံထားပေးလိုက်ပါ။ ပြီးရင်တော့ ကောင်းမွန်စွာအိပ်စက်နိုင်ပါပြီ။

၃။ သွေးတိုးနေရင်

High-Blood-Pressure.jpg 

သွေးဖိအားတွေများနေတဲ့သူဆိုရင် ဂရုစိုက်ပေးဖို့လိုပါတယ်။ သွေးတိုးနေတဲ့သူတွေအတွက် အကောင်းဆုံးအိပ်စက်ပုံကတော့ မှောက်ခုံအနေအထားနဲ့ ခေါင်းအုံးပေါ်မှောက်အိပ်ဖို့ပါပဲ။ ဒီပုံစံက သွေးတိုးကျစေနိုင်ပါတယ်။

၄။ ခေါင်းကိုက်နေရင်

Headaches.jpg 

အိပ်စက်နေစဉ် ခေါင်းကိုက်ဝေဒနာခံစားနေရသူတွေအများကြီးရှိပါတယ်။ နောက်ပြီး ကျွန်တော်တို့အားလုံးသိထားတာက အိပ်နေတုံးခေါင်းကိုက်ဝေဒနာခံစားရတာက အလွန်ဆိုးဝါးတယ်ဆိုတာပါပဲ။ ပြင်းထန်ဆိုးဝါးတဲ့ခေါင်းကိုက်ဝေဒနာတွေဆိုတာ အိပ်စက်တဲ့ပုံစံနဲ့လည်း ဆက်နွယ်မှုရှိနေပါတယ်။

ဒါကြောင့် အိပ်စက်နေချိန်မှာ လည်ပင်းကိုဘယ်ညာစောင်းတာက ခေါင်းကိုက်ဝေဒနာကို ပိုမိုဆိုးဝါးစေတယ် ဆိုတာပါပဲ။ ဒီဝေဒနာကိုကာကွယ်ဖို့အတွက် ခေါင်းအုံး ပျော့ပျော့သေးသေးလေး (၂) လုံးကို ခေါင်းရဲ့တစ်ဖက်တစ်ချက်မှာခံထားလိုက်မယ်ဆိုရင် ခေါင်းဘယ်ညာမစောင်းနိုင်တော့ဘဲ ခေါင်းကိုက်ဝေဒနာ သက်သာစေမှာပါ။

၅။ ပုခုံးနာနေရင်

Shoulder-Pain.jpg 

ပုခုံးနာခြင်းဝေဒနာဟာလည်း အလွန်နာကျင်တဲ့ခံစားမှုကို ဖြစ်စေပါတယ်။ ဒါကိုဖယ်ရှားဖို့အတွက် မနာတဲ့ဘက်ကိုစောင်းပြီး ခြေထောက်ကို နည်းနည်းလေးကွေးထားပေးလိုက်ပါ။ လက်နှစ်ဖက်ကလည်း ခေါင်းအုံး ပျော့ပျော့လေးတစ်လုံးကို ဖက်ထားပေးလိုက်မယ်ဆိုရင် ရပါပြီ။

၆။ အစာမကြေဘူးဆိုရင်

Digestion.jpg 

အစာမကြေတဲ့ပြဿနာကြုံတွေ့နေရမယ်ဆိုရင် ဘယ်ဘက်ကိုစောင်းအိပ်ပေးပါ။ ဘယ်ဘက်ကိုစောင်းအိပ်ပေးခြင်းက အလွန် အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ အစာအိမ်က လူ့ခန္ဓာကိုယ်ဘယ်ဘက်ခြမ်းမှာ တည်ရှိနေလို့ပါပဲ။ ဒါကြောင့် ဒီပုံစံနဲ့ အိပ်စက်ပေးမယ်ဆိုရင် အစာမကြေခြင်းဝေဒနာကို သက်သာပျောက်ကင်းစေမှာပါ။

Source: youngisthan

Share

Loading Next Article...
က္က