အနေအေးတော့ အပေါင်းအသင်းနည်းပါတယ်။ အပေါင်းအသင်းနည်းတော့ လူတွေထင်တာက ပျော်စရာမရှိဘူး၊ ပျင်းခြောက်ခြောက်ကြီးပေါ့။ တကယ်တော့ အဲ့လိုမဟုတ်ပါဘူး။ တစ်ကိုယ်တည်း အေးအေးဆေးဆေးနေရင်း အသက် ၂၀ ကျော်တဲ့အခါ သိလာတာက ဒီလိုအချက်လေးတွေပါ။
၁ - စိတ်အားတက်ကြွမှုဆိုတာ
တစ်ကိုယ်တည်းသမားဖြစ်နေတော့ တစ်ယောက်ယောက်ကြောင့် စိတ်အားတွေ တက်ကြွလာတယ်ဆိုတာ မရှိပါဘူး။ သူငယ်ချင်းအပေါင်းအသင်းတွေကြောင့် တစ်စုံတစ်ခုကို လုပ်ကိုင်ချင်စိတ်ဖြစ်လာတယ်ဆိုတာမျိုး မရှိပါဘူး။ တစ်စုံတစ်ခုကို အားထုတ်ဖို့ဆိုတာ သင့်အပေါ်မှာပဲ လုံးလုံးမူတည်နေတာ ဖြစ်ပါတယ်။
(သင်စိတ်ဝင်စားနိုင်တဲ့ ဆောင်းပါး - သူငယ်ချင်းကောင်းတွေကြားမှာ မမြင်တွေ့ရတဲ့အချက် (၇) ချက်)
၂ - တိတ်တိတ်နေတယ်ဆိုတာ
ဘာကြောင့်မှန်းမသိပါဘူး။ အပေါင်းအသင်းနည်းနည်းနဲ့ တိတ်တိတ်ဆိတ်ဆိတ်နေတာကြောင့် ရှက်တတ်တယ်လို့ပဲ လူတွေက ထင်နေတာပါ။ သူတို့ဘာနေ မရယ်ရတဲ့ဟာသတွေလုပ်ပြီး ကိုယ့်ကို ရှက်သွားပြီလို့ ပြောကြတာပါ။ ကိုယ့်အကျင့်တိုင်း ဘာမှမပြောဘဲ တိတ်တိတ်နေလိုက်ရင် ပိုဆိုးပါတယ်။ တအားရှက်သွားပြီလို့ သတ်မှတ်လိုက်ကြတာပါ။ အေးအေးဆေးဆေးနေတတ်သူကို သူတို့ဘက်က တစ်ဖက်သက် ကောက်ချက်ချနေထိုင်နေကြတာပါ။
၃ - မလိုအပ်တဲ့ ဒရမ်မာတွေဆိုတာ
မလိုအပ်ဘဲ သူများတွေရဲ့ ဇာတ်လမ်းထဲ ဝင်မပတ်သက်တာ ဖြစ်ပါတယ်။ ကိုယ်က အပေါင်းအသင်းနည်းနည်းနဲ့ နေသူဖြစ်တာကြောင့် ရှုပ်ရှုပ်ရှက်ရှက် ဇာတ်လမ်းတွေလို သည်းမခံနိုင်ပါဘူး။ ဒီလိုဇာတ်လမ်းတွေကနေ တစ်ယောက်နဲ့ တစ်ယောက် ပြဿနာတွေ ဖြစ်နေတဲ့ အကြောင်းတွေကိုလည်း အမြဲကြားနေရပြီး သဘောမကျဖြစ်နေတာပါ။
၄ - ကိုယ့်ဘာကိုယ်အေးဆေးနေတယ်ဆိုတာ
ကိုယ့်ဘာကိုယ် တစ်ယောက်တည်းအေးဆေးနေလို့လည်း သက်သောင့်သက်သာ ရှိပါတယ်။ ဒါပေမယ့် အပေါင်းအသင်းမလိုဘူးလို့ ပြောတာမဟုတ်ပါဘူး။ သူများထက် တစ်ယောက်တည်း ပိုနေနိုင်တာ ဖြစ်ပါတယ်။ အပြင်ထွက်ပြီး အတွေ့ကြုံသစ်တွေ အပေါင်းသင်းသစ်တွေ မရှိဘူးဆိုပေမယ့်လည်း တီဗီနဲ့ စာအုပ်ရှိရင် အိမ်ထဲမှာပဲ အေးဆေးနေလို့ရပါတယ်။
၅ - သူငယ်ချင်းဆိုတာ
လူတွေထင်တာက အနေအေးတော့ အပေါင်းအသင်းနည်းတယ်၊ ပျော်စရာရွှင်စရာ မရှိဘူးပေါ့။ တကယ်တော့ ဒီလိုမဟုတ်ပါဘူး။ ခင်ခင်မင်မင်ပေါင်းတဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်ဆိုရင် အဲ့တစ်ယောက်နဲ့ ရေရှည်တွဲဖို့ သေချာသလောက်ပါပဲ။ ကိုယ်က အနေအေး စကားနည်းသူဖြစ်တာကြောင့် သူတို့ပြောတဲ့ စကားတွေကိုပဲ လက်ခံနားထောင်တာပါ။ ဒီတော့လည်း ခင်ပြီဆိုရင် ကိုယ့်ကို ပိုခင်ပါတယ်။ သူငယ်ချင်းတွေနဲ့ ပတ်သက်လို့ကတော့ ကိုယ်က အရည်အတွက်ထက် အရည်အချင်းမှာ အသာရသူပါ။
Photo & Source: Bustle