လူတိုင်းလူတိုင်းမှာ အကြောက်တရားကိုယ်စီရှိကြပါတယ်။
 

လူတိုင်းလူတိုင်းမှာ အကြောက်တရားကိုယ်စီရှိကြပါတယ်။ တစ်ခါတလေမှာ နက္ခတ္တဗေဒပညာအရ မိမိအကြောင်းမိမိ ပိုသိထားခြင်းဟာ အကျိုးကျေးဇူးဖြစ်ထွန်းစေနိုင်ပါတယ်။ လူတိုင်းလူတိုင်း မိမိရဲ့ ကောင်းတဲ့အချက်တွေကို သိချင်ကြမှာပါ။ ဒါပေမယ့် မကောင်းတဲ့အချက်တွေကိုကော သိချင်ကြလား။ အောက်မှာဖော်ပြထားတာကတော့ ရာသီခွင်အလိုက် အကြောက်ဆုံးအရာတွေပါပဲ။

၁။ Aries (မိဿရာသီဖွား)

aries-star-zodiac-1-1024x775.jpg 

မိဿရာသီဖွားတွေဟာ ဘဝမှာချစ်သူခင်သူအများကြီးမထားတတ်ပါဘူး။ ဒါပေမယ့် ခင်ပြီဆိုရင်လည်း အခင်ဆုံးသူငယ်ချင်း တွေအပေါ် သံယောဇဉ်ကြီးတတ်ပါတယ်။ တခြားရာသီခွင်ဖွားတွေနဲ့လည်း သူတို့က ပေါင်းသင်းဆက်ဆံလို့အဆင်ပြေပါတယ်။ ချစ်ခင်သူတွေနဲ့ပတ်သက်ရင် အတ္တကြီးတတ်တဲ့အတွက် ကိုယ်ချစ်ခင်ရသူတွေကို ဆုံးရှုံးရမှာကိုလည်း ကြောက်ရွံ့တတ်ကြပါတယ်။

မိဿရာသီဖွားတွေဟာ သမီးရည်းစားဆက်ဆံရေး၊ သူငယ်ချင်းဆက်ဆံရေးစတဲ့ ဆက်ဆံရေးပေါင်းစုံမှာ အခြေအနေတည်ငြိမ်မှုကို ဦးစားပေးပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ဘဝထဲကလူတွေကို ဆုံးရှုံးရတာနဲ့ပတ်သက်ပြီး မခံစားနိုင်လို့ပါ။ အဲဒါကသူတို့က အကြောက်တရားပါပဲ။

၂။ Taurus (ပြိဿရာသီဖွား)

zodiac-taurus-hd-wallpaper  wallpapers55.com - Best Wallpapers for ....jpg 

ပြိဿရာသီဖွားတွေကတော့ စိတ်ကောင်းစေတနာရှိကြပါတယ်။ ဒါပေမယ့် သူတို့ဟာ ဘဝရည်မှန်းချက်ပန်းတိုင်နဲ့ ပတ်သက် လာရင်တော့ အရမ်းကို serious ဖြစ်တတ်ကြပါတယ်။ သူတို့ဟာ ငွေရေးကြေးရေး အဆင်မပြေဖြစ်မှာကို စိုးရိမ်ကြတဲ့အတွက် ပိုက်ဆံတွေဘာတွေစုဆောင်းလေ့ရှိကြပါတယ်။ ဒါကြောင့် တစ်ခါတလေမှာအပေါင်းအသင်းတွေကြားမှာ ကပ်စေးနှဲတယ်လို့ အထင်ခံရတတ်ပါတယ်။ ဘဝမှာ သူတို့အကြောက်ဆုံးအရာက ပိုက်ဆံမရှိလို့ မျက်နှာငယ်ရမှာကိုပါ။ ဒါကြောင့်လည်း သူတို့က ငွေရေးကြေးရေးပြေလည်အောင် အမြဲလိုလိုအစွမ်းကုန် ကြိုးစားနေတတ်ကြပါတယ်။

၃။ Gemini (မေထုန်ရာသီဖွား)

az_img_horoscope_gemini.jpg 

မေထုန်ရာသီဖွားတွေကတော့ သူတို့ကိုယ်သူတို့ ဆုံးဖြတ်ချက်မှားယွင်းမယ့်သူတွေလို့ ထင်မြင်နေတတ်ပါတယ်။ တစ်ခုခုကို ဆုံးဖြတ်ချက်ချရတော့မယ်ဆိုရင် အရမ်းတွေဝေတတ်ကြပြီး အဲဒါဟာသူတို့ကို စိတ်မလုံမခြုံဖြစ်စေပါတယ်။ အမှန်တကယ်တော့ မေထုန်ရာသီဖွားတွေက ဘဝမှာ တစ်စုံတစ်ခုတည်းအပေါ်မှာစိတ်ကျေနပ်မှုမရှိပါဘူး။

ဒါကြောင့် သူတို့ဟာ ဘဝမှာဆုံးဖြတ်ချက်တွေခဏခဏချခြင်းဖြင့် အပြောင်းအလဲတွေကို ဖန်တီးတတ်ကြပါတယ်။ အဲဒီလို ဆုံးဖြတ်ချက်တွေချနေရင်းပဲ သူတို့ဟာအဲဒီလိုလုပ်ဖို့ကို ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု အပြည့်မရှိကြပါဘူး။ အတိုချုံး ပြောရရင်တော့ မေထုန်ရာသီဖွားတွေဟာ ဆုံးဖြတ်ချက်ချရာမှာ ပတ်ဝန်းကျင်ကလူတွေကို အမြဲလိုလိုအကူအညီတောင်းတတ်ကြပါတယ်။

၄။ Cancer (ကရကဋ္ဋ်ရာသီဖွား)

cancer-crab-1140x863.jpg 

ကရကဋ္ဋ်ရာသီဖွားတွေက အလုပ်ကြိုးစားသူတွေဆိုတာ လျှို့ဝှက်ချက်တစ်ခုတော့ မဟုတ်ပါဘူး။ ဘဝရည်မှန်းချက်ပန်းတိုင်တွေနဲ့ ပတ်သက်ရင်လည်း သူတို့ဟာ မဆုတ်မနစ်ကြိုးပမ်းတတ်ကြပါတယ်။ သူတို့ဘဝမှာ အကြောက်ဆုံးအရာကတော့ ငြင်းပယ်ခံရတာပါပဲ။ ဘဝမှာဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် တစ်ကြိမ်တစ်ခါ အငြင်းပယ်ခံရရင်တောင် သူတို့အနေနဲ့ ကိုင်တွယ်ဖြေရှင်းရခက်ခဲကြပါတယ်။ ဒါကြောင့် တစ်ခါတလေကျရင် အငြင်းပယ်ခံရမှာကိုကြောက်ရွံ့ပြီး သူတို့လိုချင်တဲ့အရာကိုရဖို့တောင် မကြိုးစားကြတော့ပါဘူး။ ဥပမာ... ကိုယ်ကြိုက်နေတဲ့ကောင်မလေးကို ဖွင့်ပြောတာတို့..ဘာတို့ပေါ့။

၅။ Leo (သိဟ်ရာသီဖွား)

Leo-Zodiac.jpg 

သိဟ်ရာသီဖွားတွေကတော့ အမှီအခိုကင်းတဲ့သူတွေဖြစ်ပါတယ်။ သူတို့ဘဝမှာအလိုချင်ဆုံးကတော့ လွတ်လပ်မှုပါပဲ။ မွေးရာပါ ခေါင်းဆောင်မှုအရည်အချင်းနဲ့ ပြည့်စုံသူတွေလည်း ဖြစ်ကြပါတယ်။ ဒါပေမယ့် သူတို့ဘဝမှာ ကြောက်စရာအရာ မရှိတော့တာတော့ မဟုတ်ပါဘူး။ သူတို့ရဲ့လျှို့ဝှက်အကြောက်တရားကတော့ သူငယ်ချင်းအပေါင်းအသင်းတွေ၊ မိဘဆွေမျိုးတွေ၊ ချစ်သူခင်သူတွေရဲ့ ဥပေက္ခာခံရတာပါပဲ။

တစ်ယောက်ယောက်များ သူတို့ကို ဥပေက္ခာပြုထားရင် နေမထိထိုင်မသာဖြစ်တတ်ကြပါတယ်။ သူတို့ဟာ အလုပ်ကြိုးစားသလို အဲဒီအတွက်လည်း အသိအမှတ်ပြုခံလိုကြပါတယ်။

၆။ Virgo (ကန်ရာသီဖွား)

Virgo-1200-1140x863.jpg 

ကန်ရာသီဖွားတွေက ရှုပ်ရှုပ်ယှက်ယှက်တွေကို အရမ်းမုန်းပါတယ်။ ဘဝမှာသူတို့အကြောက်ဆုံးက ရှုပ်ရှုပ်ယှက်ယှက်အရာတွေ များပြားလွန်းတဲ့ဘဝတစ်ခုကို ဖြတ်သန်းရမှာပါပဲ။ (ဥပမာ... သမီးရည်းစား ဒရာမာတွေ၊ လူမှုရေးအရှုပ်အရှင်းတွေ) သူတို့ဟာ စိတ်ရဲ့ငြိမ်းချမ်းမှုကိုလိုလားပြီး အရာရာတိုင်းကို ငြိမ်းချမ်းစွာပဲဖြေရှင်းဖို့ ကြိုးစားတတ်ပါတယ်။

၇။ Libra (တူရာသီဖွား)

libra horoscope.jpg 

တူရာသီခွင်မှာ မွေးဖွားသူတွေကတော့ ပါရမီရင့်သန်သူတွေဖြစ်ပါတယ်။ မွေးရာပါဒဲ့ထိုးသမားတွေလည်း ဖြစ်ပါတယ်။ အရာရာတိုင်းကို သူတို့နည်းသူတို့ဟန်နဲ့ ဖြေရှင်းလိုပြီး သူများတွေကိုလည်း နားလည်ပေးတတ်ကြပါတယ်။ အလုပ်မှာလည်း တော်ပေမယ့် ဒရာမာတော့ နည်းနည်းချိုးတတ်ကြပါတယ်။ သူတို့ဟာလည်း သူတို့နားကလူတွေ ဘေးကထွက်သွားမှာကို ကြောက်ရွံ့တတ်ကြပါတယ်။

၈။ Scorpio (ဗြိစ္ဆာရာသီဖွား)

Scorpio-1200-1140x863.jpg 

စိတ်ခံစားချက်တွေကို သူများနဲ့မျှဝေရတာဟာ လွယ်ကူတဲ့အလုပ်တစ်ခုတော့ မဟုတ်ပါဘူး။ ဗြိစ္ဆာရာသီဖွားတွေကတော့ သူတို့ရဲ့စိတ်ခံစားချက်တွေကို သူတို့စိတ်ထဲမှာပဲထားတတ်ပြီး သူများနဲ့မျှဝေရမှာကို ကြောက်လန့်တတ်ကြပါတယ်။ အဆိုးဝါးဆုံးအခြေအနေတွေမှာတောင် သူတို့ဟာ ပျော်ရွှင်ချင်ယောင်ဆောင်တတ်ကြပါတယ်။ ဘာလို့လဲဆိုတော့ တခြားလူတွေ သူတို့ရဲ့စိတ်ခံစားချက်တွေကို လာမေးမှာ စိုးလို့ပါ။

၉။ Sagittarius (ဓနုရာသီဖွား)

fec6ce676047fe6a28d4faa426fa08e9.jpg 

ဓနုရာသီဖွားတွေ ညံ့တာတစ်ခုတည်းရှိပါတယ်။ အဲဒါကတော့ တခြားလူတွေ သူတို့ကိုထိန်းချုပ်တာခံတာပါပဲ။ ပြဿနာကတော့ ဘယ်လိုအခြေအနေမျိုးတွေမှာ ခေါင်းခါရမယ်။ ဘယ်လိုအခြေအနေမျိုးတွေမှာ ခေါင်းညိတ်ရမယ်ဆိုတာကို သူတို့မသိကြပါဘူး။ ဒါကြောင့် လူတွေက သူတို့ကို စိတ်တိုင်းကျခြယ်လှယ်ကြတော့တာပါပဲ။ တစ်နည်းအားဖြင့်ပြောရရင် ရိုးသားဖြူစင်ကြပါတယ်။

၁၀။ Capricorn (မကာရ ရာသီဖွား)

capricorn-sunsign.jpg 

မကာရ ရာသီဖွားတွေကတော့ သူတို့ကို လူတွေကအလွယ်တကူအထင်လွဲနေကြတယ်လို့ ထင်တတ်ကြပါတယ်။ တခြားလူတွေသူတို့ကို အထင်များလွဲသွားမလားဆိုပြီး ကြောက်ရွံ့တတ်ကြပါတယ်။ သူတို့ကို အထင်မလွဲစေချင်တဲ့အတွက် သူတို့ကို တစ်ခုခုကိုလုပ်တိုင်း လက်ရွံ့တတ်ကြပါတယ်။

၁၁။ Aquarius (ကုမ်ရာသီဖွား)

Aquarius-1200-1140x863.jpg 

ကုမ်ရာသီဖွားတွေကိုတော့ လူတိုင်းကချစ်ကြပါတယ်။ ဘာလို့လဲဆိုတော့ သူတို့က အကူအညီလိုတိုင်းမှာ လူတွေဘေးမှာ ရှိနေတတ်လို့ပါပဲ။ ကုမ်ရာသီဖွားတွေ အကြောက်ဆုံးအရာကတော့ လူတွေသူတို့ကို လိုအပ်နေချိန်မှာ အနားမှာရှိမနေနိုင်မှာကို စိုးရိမ်ကြပါတယ်။

၁၂။ Pisces (မိန်ရာသီဖွား)

hd wallpaper zodiac pisces hd  wallpapers55.com - Best Wallpapers for ....jpg 

မိန်ရာသီဖွားတွေကတော့ ရှက်ရွံ့တတ်သူတွေဖြစ်ပါတယ်။ ဒါကြောင့်သူတို့ကို လူရှေ့သူရှေ့မှာ တစ်ခုခုလုပ်ခိုင်းရတာ အလွန်ခက်ခဲပါတယ်။ နောက်ပြီး မိန်ရာသီဖွားတွေဟာ တစ်ခုခုကိုတာဝန်ယူရမှာကိုလည်း ကြောက်ရွံ့ကြပါတယ်။ အဲဒါဟာ တာဝန်မယူချင်လို့မဟုတ်ဘဲ တာဝန်မယူနိုင်မှာကို စိုးရိမ်လို့ပဲဖြစ်ပါတယ်။

Source: Youngisthan

Share

Loading Next Article...
က္က