ယင်ကောင်တွေကြောင့် ရောဂါပိုးတွေကူးစက်ပြီး ဝမ်းပျက်ဝမ်းလျောလည်း ဖြစ်နိုင်သေးတယ်။

အစားအသောက်တွေပေါ်မှာ နားတတ်တဲ့ ယင်ကောင်ဟာ သိပ်ကိုရွံစရာကောင်းတာပေါ့။ သစ်သီးတွေရဲ့မွှေးရနံ့က ယင်ကောင်တွေကို ဆွဲဆောင်တာကြောင့် သစ်သီးမှည့်တွေရှိတဲ့နေရာကို ယင်ကောင်တွေလာတတ်ပါတယ်။ အဲ့ဒီယင်ကောင်တွေရဲ့သက်တမ်းက ၈ ရက်မှ ၁၀ အထိသာ ရှိပေမဲ့ မျိုးပွားနှုန်းလည်းအရမ်းမြန်တယ်။ ယင်ကောင်အမတစ်ကောင်ဟာ တစ်ကြိမ်သားပေါက်ရင် ဥပေါင်း ၅၀၀ လောက် ဥနိုင်ပါတယ်။ အစားအသောက်တွေပေါ်ကိုလည်း ယင်ကောင်က ဥသွားတတ်လို့ အစားအစာတွေကို ယင်မနားဖို့ ဂရုစိုက်သင့်တယ်။ ယင်ကောင်တွေကြောင့် ရောဂါပိုးတွေကူးစက်ပြီး ဝမ်းပျက်ဝမ်းလျောလည်း ဖြစ်နိုင်သေးတယ်။ ယင်ကောင်တွေမလာအောင် ဘယ်လိုလုပ်ကြမလဲဆိုတာ ပြောပြလိုက်ပါတယ်။

 

ပထမနည်းကတော့ ပန်းသီးနဲ့လေးညှင်းပွင့်ကို အသုံးပြုတဲ့နည်းပါ။ ပန်းသီးတစ်လုံးပေါ်မှာ လေးညှင်းပွင့် ၂၅ ပွင့်ကို ထိုးစိုက်ပြီး စားပွဲပေါ်မှာ တင်ထားလိုက်ရုံပါပဲ။ ပန်းသီးနဲ့လေးညှင်းပွင့် နှစ်မျိုးပေါင်းပြီးထွက်လာတဲ့အနံ့ကို ယင်ကောင်တွေက မကြိုက်ကြဘူး။

 

နောက်တစ်ခုကတော့ သစ်သီးတွေပေါ်ကို ယင်ကောင်မလာအောင် ဖျန်းဆေးသုံးပါမယ်။ Lemongrass essential oil ၁၀ စက်၊ ရေနွေး ၂ အောင်စ နဲ့ စပရေးဘူးလေးတို့ပဲ လိုအပ်ပါတယ်။ စပရေးဘူးလေးတွေက ဂျပန် ၁၈၀၀ စတိုးတွေမှာ ဝယ်ရလွယ်တယ်။ ခွက်တစ်လုံးထဲမှာ ရေနွေးကိုထည့်ပြီး lemongrass အဆီလေးကိုထည့်ပါ။ စပရေးဘူးထဲပြောင်းထည့်ပြီး နာနာလေးလှုပ်ပေးပါ။ ပြီးရင်တော့ ဒီအရည်ကို ပြတင်းပေါက်၊ တံခါးတို့လို ယင်ကောင်ဝင်တဲ့နေရာတွေကိုဖျန်းပေးထားရင် ယင်ကောင်တွေ မလာတော့ပါဘူး။ ယင်ကောင်နားတဲ့ အသီးတွေကိုလည်း တိုက်ရိုက်ဖျန်းထားလို့ရတယ်။ ယင်မနားတော့ဘူးပေါ့။

Source : Style

Share

Loading Next Article...
က္က