ဆိုရှယ်မီဒီယာ (လူမှုကွန်ရက်) နဲ့ပတ်သက်လာရင် မိမိကိုယ်မိမိ ဂုရုတစ်ပါးလိုခံယူထားပါသလား။
 

ဆိုရှယ်မီဒီယာ (လူမှုကွန်ရက်) နဲ့ပတ်သက်လာရင် မိမိကိုယ်မိမိ ဂုရုတစ်ပါးလိုခံယူထားပါသလား။ မိမိရေးသမျှစာတွေ၊ တင်သမျှပုံတွေ၊ ဗီဒီယိုတွေကို like လုပ်ပေးမယ့်၊ ထောက်ခံပေးမယ့် ဖော်လိုဝါတွေကော များနေပြီလား။ ကိုယ်တိုင်လည်း မိမိရဲ့အချိန်အများစုကို Facebook, Instagram နဲ့ Twitter ပေါ်မှာ အသုံးချနေပြီလား။ ဒါဆိုရင်တော့ ခင်ဗျားရဲ့ အသက်မွေးဝမ်းကြောင်းအလုပ်အကိုင်ဟာ Social Influencer ဖြစ်ဖို့အတွက် နီးစပ်နေပါပြီ။

၁။ Social Influencer ဆိုတာဘာလဲ

Influencive-Banner.jpg 

ဒီအလုပ်အကိုင်ပေါ်လာတာ နှစ်အနည်းငယ်ပဲရှိသေးပြီး လူတိုင်းလုပ်နိုင်တဲ့အလုပ် မဟုတ်သေးပါဘူး။ ဒါပေမယ့် ယနေ့ခေတ် စီးပွားရေးလောကမှာ ဆိုရှယ်မီဒီယာ မားကက်တင်းရဲ့အရေးပါလာပုံကို ထောက်ချင့်ရင် Social Influencer တွေဟာလည်း အလွန်အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုက ပါဝင်နေပါတယ်။

Social Influencer ဆိုတာလည်း ဆိုရှယ်မီဒီယာ ပလက်ဖောင်းအသီးသီးမှာ ရှိနေနိုင်ပါတယ်။ ဥပမာ.... Youtube ပေါ်မှာ နာမည်ကြီးနေတဲ့ Influencer တွေ၊ မိမိတို့ရဲ့ကိုယ်ပိုင် blog တွေရေးပြီး အောင်မြင်နေတဲ့ ဘလော့ဂါတွေ စသဖြင့်ပေါ့။ Influencer တွေရဲ့ အလုပ်ကို အဓိပ္ပာယ်ဖွင့်ဆိုပြရရင် ကုန်ပစ္စည်း brand တွေနဲ့လက်တွဲပြီး ကုန်ပစ္စည်းတွေကို လူထုကပိုသိလာအောင် လုပ်ပေးရတာပါပဲ။ အဲဒီလိုလုပ်ပေးတဲ့အတွက် ငွေကြေး (သို့) အခမဲ့ကုန်ပစ္စည်းကို ရရှိပါတယ်။

၂။ Social Influencer ဖြစ်ဖို့ ဘာတွေလိုလဲ

girl-taking-a-photo-of-her-food-with-iphone-picjumbo-com.jpg 

အဲဒီလို social influencer တစ်ဦးဖြစ်ဖို့ ဘာအရည်အချင်းတွေလိုအပ်လဲဆိုတာကတော့ မိမိရဲ့ audience နဲ့ မိမိဝင်ရောက်မယ့် ဆိုရှယ်မီဒီယာ channel ပေါ်မှာလည်း မူတည်နေပါသေးတယ်။ Instagram influencer တစ်ယောက်ဆိုရင် ဓာတ်ပုံကောင်းကောင်း ရိုက်တတ်ဖို့လိုပြီး Youtube influencer တစ်ဦးဆိုရင် presentation ကောင်းဖို့လိုပါတယ်။ ဘလော့ဂါတွေဆိုရင်တော့ စာရေးကောင်းဖို့လိုပါတယ်။ ဒါပေမယ့် ဘယ် channel မှာပဲဖြစ်ဖြစ် social influencer တွေရဲ့ တူညီတဲ့အချက်တစ်ချက်ကတော့ သူများနဲ့မတူကွဲပြားတဲ့ပုံစံတစ်ခု ရှိနေဖို့ပါပဲ။

၃။ ဝင်ငွေ

rich-kid.jpg 

အကျော်ကြားဆုံး social influencer တွေဆိုရင် ဝင်ငွေအလွန်ကောင်းမွန်ဖို့ အလားအလာရှိနေပါတယ်။ ဒါပေမယ့် ခင်ဗျားမှာ ဖော်လိုဝါဘယ်လောက်များလဲ ဆိုတာပေါ်မူတည်ပြီး ခင်ဗျားရရှိမယ့်ဝင်ငွေဟာလည်း ပြောင်းလဲပါလိမ့်မယ်။ တနည်းအားဖြင့် ပြောရရင် လူတွေအပေါ်ခင်ဗျားရဲ့လွှမ်းမိုးနိုင်စွမ်း ဘယ်လောက်ရှိလဲဆိုတာပေါ် မူတည်ပါလိမ့်မယ်။

တချို့တွေက တစ်ပုဒ်ကို ဘယ်လောက်ဆိုတဲ့နှုန်းနဲ့ရပြီး တချို့တွေကတော့ campaign တစ်ခုကို ဘယ်လောက်ဆိုတဲ့နှုန်းနဲ့ရရှိပါတယ်။ ခန့်မှန်းချက်တွေကဖော်ပြနေတာကတော့ ဖော်လိုဝါ (၇) သန်းနဲ့အထက်ရှိတဲ့ Youtube influencer တစ်ယောက်ဆိုရင် ဗီဒီယိုပါတနာပြုလုပ်ခြင်းအတွက် ဒေါ်လာ (၃) သိန်းလောက်တောင် ရရှိနိုင်ပါတယ်တဲ့။ ဒါဟာ နည်းပါးတဲ့ငွေပမာဏတစ်ခုတော့ မဟုတ်ပါဘူး။

၄။ အလုပ်ချိန်

awfnxzujnkokpeeuaoiv.jpg 

Social Influencer တစ်ယောက်ဖြစ်ဖို့အတွက် မနက် (၉) နာရီရုံးချိန်မီအောင် အိပ်ယာစောစောထဖို့လည်း မလိုပါဘူး။ မိမိရဲ့အလုပ်အတွက် မိမိကိုယ်တိုင်ဆုံးဖြတ်ပိုင်ခွင့်အပြည့်ရှိပါတယ်။ ဘယ်ကုန်ပစ္စည်း brand နဲ့ အလုပ်လုပ်ချင်တယ်ဆိုတာပဲဖြစ်ဖြစ်၊ campain တစ်ခုလုံး run ပေးမလား။ မိမိတင်နေကျ စာတွေ၊ ဗီဒီယိုတွေကြားမှာ စပွန်ဆာပို့စ်လေး ညှပ်ထည့်ပေးမလား ဆိုတာကို ဆုံးဖြတ်ရာမှာပဲဖြစ်ဖြစ် ကိုယ်တိုင်ပဲ လွတ်လပ်စွာရွေးချယ်ဆုံးဖြတ်နိုင်ပါတယ်။

ဒါဟာ coporate workers လို့ခေါ်တဲ့ ကုမ္မဏီကြီးတွေက ဝန်ထမ်းတွေမရရှိနိုင်တဲ့ လွတ်လပ်မှုပါပဲ။ တစ်ခါတလေမှာ သက်တောင့်သက်သာ ရှိနေနိုင်ပေမယ့် တစ်ခါတလေမှာတော့ သူများတွေထက်တောင် အလုပ်များနေနိုင်ပါတယ်။

Source: careeraddict

Share

Loading Next Article...
က္က