ကျွန်တော်တို့တွေ ရှူးဖိနပ်စီးတော့မယ်ဆိုရင် ခြေအိတ်ကတော့ စွပ်ရတာပါပဲ။ ရှူးဖိနပ်စီးဖို့အတွက် ခြေအိတ်ရွေးချယ်ရင် ဘယ်လိုရွေးကြလဲ။ တွေ့ရာခြေအိတ်ကိုပဲ ကောက်စွပ်တတ်ကြသလား။ မိမိစီးမယ့် ဖိနပ်နဲ့ လိုက်ဖက်ညီမယ့် ခြေအိတ်အမျိုးအစားကို ရွေးချယ်တတ်ကြလား။ ခြေအိတ်အမျိုးအစား ဘယ်နမျိုးရှိတယ်ဆိုတာကိုကော သိကြလား။ ဒီမေးခွန်းတွေအတွက် အဖြေကို အောက်မှာဖော်ပြပေးထား ပါတယ်နော်။
လည်တိုဖိနပ်လို့ ကျွန်တော်တို့ခေါ်ဝေါ်ကြတဲ့ ရှူးဖိနပ်တွေဖြစ်တဲ့ loafer လို ဖိနပ်မျိုးနဲ့တွဲဖက်ဝတ်ဆင်နိုင်တဲ့ ခြေအိတ်တွေပဲ ဖြစ်ပါတယ်။ နာမည်မှာဖော်ပြထားတဲ့အတိုင်းပဲ ဒီခြေအိတ်တွေက ခြေကျင်းဝတ်ထိပဲ ရောက်ပြီး ခြေဖဝါးနဲ့ခြေမျက်စိတဝိုက်ကိုပဲ ကာကွယ်ဖုံးအိပ်ပေးထားနိုင်ပါတယ်။ ပေါ့ပေါ့ပါးပါးပွဲလမ်းသဘင်မျိုးမှာ ဝတ်သွားဖို့သင့်တော်ပါတယ်။ ဒီခြေအိတ်လေးတွေက အဆင့်အတန်းရှိပြီး ခေတ်မီပုံလည်း ပေါ်ပါတယ်။
အားကစားဖိနပ်၊ ရှူးဖိနပ်တွေနဲ့ လိုက်ဖက်ညီပြီး အမျိုးသားကော၊ အမျိုးသမီးကော ဝတ်ဆင်သုံးစွဲနိုင်ပါတယ်။
ခြေမျက်စိဖုံးတဲ့ခြေအိတ်တွေကတော့ ခြေကျင်းဝတ်အထက်ကို နည်းနည်းတက်ပြီး ညှို့သကျည်းနားထိရောက်ပါတယ်။ ဒီခြေအိတ်မျိုးကတော့ ခြေထောက်တွေကို ဖိနပ်ပေါက်ခြင်းနဲ့ ဖိနပ်ပွန်းခြင်းမှဖြစ်တဲ့ ပွတ်တိုက်နာတွေမှ ကာကွယ်ဖုံးအုပ် ပေးထားနိုင်ပါတယ်။ အမျိုးသားတွေကတော့ ဒီခြေအိတ်မျိုးကို ပရော်ဖက်ရှင်နယ်လုပ်ငန်းသဘောမျိုးမှာ သုံးစွဲတတ်ကြပြီး အမျိုးသမီးတွေကတော့ ခြေထောက်ကို ကာကွယ်ဖို့အတွက် သုံးစွဲတတ်ကြပါတယ်။
အမျိုးသားတွေဟာ ဒီခြေအိတ်ကို မိတင်တက်တဲ့ရှူးဖိနပ်တွေနဲ့ တွဲဖက်ဝတ်ဆင်တတ်သလို အပြေးဖိနပ်လို ဖိနပ်မျိုးနဲ့လည်း တွဲဖက်ဝတ်ဆင်တတ်ပါတယ်။ အမျိုးသမီးတွေကတော့ အပြေးဖိနပ်တွေနဲ့ပဲ တွဲဖက်ဝတ်ဆင်လေ့ရှိကြပါတယ်။ ကျားကော၊ မကော သုံးစွဲနိုင်ပါတယ်။
ဒီခြေအိတ်တွေကိုတော့ ဆောင်းရာသီနဲ့ တောင်တက်အားကစား၊ အပြေးအားကစားတို့လို အပြင်ထွက်လှုပ်ရှားရတဲ့ အားကစားမျိုးတွေမှာ အသုံးပြုကြပါတယ်။ များသောအားဖြင့် ခြောက်လက်မကနေ ရှစ်လက်မထိ ရှည်လျားပြီး ခြေထောက်အရှည်ပေါ်လည်း မူတည်နိုင်ပါသေးတယ်။ ဒီခြေအိတ်တွေဟာ ခြေသလုံးကြွက်သားတွေပေါ်မှာပါ ဖုံးအုပ်ပေးထားနိုင်ပါတယ်။ သူတို့ဟာ ကောင်းမွန်တဲ့ အကာအကွယ်နဲ့ အဖုံးအကာကို ပေးစွမ်းနိုင်ပါတယ်။
အပြေးဖိနပ်တွေ၊ အလှစီးဖိနပ်တွေနဲ့လိုက်ဖက်ပြီး အားကစားလုပ်ငန်းတွေအတွက်ကော၊ ပါတီပွဲတွေမှာပါ အသုံးပြုနိုင်ပါတယ်။ ဒါတင်မက ဆောင်းရာသီမှာဆိုရင် အိမ်ထဲမှာလည်း ဝတ်ဆင်နိုင်ပါတယ်။ အခြေအနေပေါ်မူတည်ပြီး ကျားကော၊ မပါ သုံးစွဲနိုင်ပါတယ်။
ခြေသလုံးတစ်ဝက်လောက်ထိဖုံးတဲ့ ခြေအိတ်တွေကတော့ ခြေသလုံးကြွက်သားတွေကို တစ်စိတ်တပိုင်းကာကွယ်ပေးနိုင်ပေမယ့် calf length socks (ခြေသလုံးဖုံးတဲ့ခြေအိတ်) တွေလိုတော့ ခြေသလုံးတစ်ခုလုံးကို မကာကွယ်နိုင်ပါဘူး။ ဒီခြေအိတ်တွေကတော့ များသောအားဖြင့် သိုးမွှေးနဲ့ပြုလုပ်လေ့ရှိပြီး ဆောင်းတွင်းအချိန်တွေမှာ အားကစားလုပ်တဲ့သူတွေအတွက် ခြေထောက်ကို နွေးထွေးနေအောင် ဝတ်ဆင်ကြပါတယ်။ ကျားကော၊ မပါ ဝတ်ဆင်သုံးစွဲနိုင်ပါတယ်။
ခြေသလုံးဖုံးတဲ့ခြေအိတ်တွေကတော့ ခြေသလုံးကြွက်သားတွေကို အပြည့်အဝကာကွယ်ပေးထားနိုင်ပြီး ဒူးအောက်နားထိ ရောက်ပါတယ်။ များသောအားဖြင့် အားကစားသမားတွေနဲ့ အပြေးသမားတွေ ဝတ်ဆင်လေ့ရှိကြပြီး သူတို့အတွက် လိုအပ်တဲ့အကာအကွယ်ကို ပေးစွမ်းနိုင်ပါတယ်။ ယောကျာ်းလေးတွေ ဝတ်ဆင်ကြတာများပါတယ်။
ဒီခြေအိတ်မျိုးကိုတော့ အမျိုးသမီးတွေအဝတ်များပြီး များသောအားဖြင့် လည်ရှည်ဖိနပ် (Boots) တွေနဲ့ တွဲဖက်ဝတ်ဆင်ကြပါတယ်။ အဲဒီခြေအိတ်တွေက ခြေထောက်တွေနွေးထွေးအောင် အလွှာတစ်ခုအနေနဲ့ လုပ်ဆောင်ပေးပါတယ်။ အမျိုးသမီးတွေဟာ လေကြောင်းလုပ်ငန်းနဲ့ ဟိုတယ်နဲ့ခရီးသွားလာရေးဝန်ဆောင်မှုလုပ်ငန်းတွေမှာလည်း ဒီခြေအိတ်မျိုးကို ယူနီဖောင်းရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ဝတ်ဆင်ကြပါတယ်။
ဒီခြေအိတ်အမျိုးအစားကတော့ ဒူးကျော်ပြီး ပေါင်လည်ထိရောက်ပါတယ်။ အမျိုးသမီးတွေ စကပ်နဲ့တွဲဖက်ဝတ်ဆင်ရင် အလွန်လိုက်ဖက်ပါတယ်။ ဖက်ရှင်အလန်းစားဖြစ်ချင်တယ်ဆိုရင်တော့ ပုံနှိပ်ထားတဲ့ရုပ်ပုံ ပါတဲ့ ခြေအိတ်ရှည်တွေကို ရွေးချယ်လို့လည်း ရပါတယ်။ ခြေအိတ်ရှည်လို့ပြောလိုက်ရင် ခေါင်းထဲကိုအရင်ဆုံးရောက်လာတာက စကော့ချ်လူမျိုး အမျိုးသား၊ အမျိုးသမီးတွေ သူတို့ရဲ့ဒူးဖုံးရုံ စကပ်တွေနဲ့ တွဲဖက်ဝတ်ဆင်ကြတဲ့ ခြေအိတ်ရှည်တွေဖြစ်မှာပါ။
ဒီခြေအိတ်လေးတွေကတော့ ပါးလွှာပြီး ဝတ်ဆင်ရလွယ်ကူပါတယ်။ Loafer တွေ၊ ရှူးဖိနပ်တွေနဲ့အလိုက်ဖက်ဆုံးပါပဲ။ ခြေအိတ် အထူကြီးတွေကို အိုက်လို့မဝတ်ချင်ဘူးဆိုသူတွေအတွက်တော့ ဒီခြေအိတ်လေးတွေက အကောင်းဆုံးပါပဲ။ ဖိနပ်ပေါက်ခြင်းကိုလည်း သူက ကာကွယ်ပေးမှာပါ။ အိတ်ထဲမှာ တစ်စုံ၊ နှစ်စုံလောက်အမြဲဆောင်ထားတာ အကောင်းဆုံးပါပဲ။
Source: stylecraze
Share