Spiky Massage ball ဆိုတာ ညောင်းညာကိုက်ခဲမှုဝေဒနာတွေကို သက်သာစေတဲ့ကစားစရာတစ်မျိုးဖြစ်ပါတယ်။

Spiky Massage ball ဆိုတာ ညောင်းညာကိုက်ခဲမှုဝေဒနာတွေကို သက်သာစေတဲ့ကစားစရာတစ်မျိုးဖြစ်ပါတယ်။ ပုခုံးတွေ တောင့်တင်းညောင်းညာနေရင်... ခြေထောက်တွေ ညောင်းနေရင် ဒီ ကစားစရာလေးကိုသုံးပြီး နှိပ်နယ်လိုက်ရင် သက်သာစေပါတယ်။

 

Spiky Massage ball (ဆူးချွန်ပါ အနှိပ်သည်ဘောလုံးလေး) ဟာ အပြင်ပန်းကြည့်လိုက်ရင် သေးငယ်ပုံပေါ်ပေမယ့် ဒါလေးနဲ့ လေ့ကျင့်ခန်းတွေ အများကြီးလုပ်လို့ရပါတယ်။ ၎င်းက သွေးစီးဆင်းမှုကို ပိုမိုမြန်ဆန်စေသလို ညောင်းညာမှု၊ နာကျင်ကိုက်ခဲမှုတွေကိုလည်း သက်သာပျောက်ကင်းစေတဲ့ ကစားစရာလေးပါပဲ။

ဒီ spike massage ball လေးနဲ့ (၁၀) မိနစ်လောက် လေ့ကျင့်ခန်းလုပ်ပေးမယ်ဆိုရင် လုံလောက်ပါပြီ။ အောက်မှာဖော်ပြထားတဲ့ လေ့ကျင့်ခန်းလေးတွေက spiky massage ball လေးကိုသုံးပြီး ကြွက်သား တောင့်တင်းနာကျင်မှုတွေကို ဖြေလျှော့နိုင်တဲ့ လေ့ကျင့်ခန်းလေးတွေပဲဖြစ်ပါတယ်။

၁။ ခြေထောက်

Pinterest.jpg 

ပုံမှာဖော်ပြထားတဲ့အတိုင်း ခြေထောက်ကို spiky massage ball လေးပေါ်မှာ နင်းပြီးလှိမ့်ပေးမယ်ဆိုရင် လမ်းလျှောက်ပါများလို့ ခြေထောက်တွေ ညောင်းညာကိုက်ခဲနေမှုတွေ သက်သာစေမှာပါ။ ဒီလို လုပ်ပေးခြင်းဖြင့် ကြွက်သားနာကျင်ခြင်းနဲ့ အရိုးအဆစ်နာကျင်ခြင်းဝေဒနာတွေကို သက်သာပျောက်ကင်းစေပါတယ်။ နည်းလမ်းကလည်း လွယ်လွယ်လေးပါပဲ။ ဘောလုံးလေးကို ခြေထောက်အောက်မှာ ထား။ ခန္ဓာကိုယ်အလေးချိန်တစ်ခုလုံးကို ဘောလုံးနင်းထားတဲ့ခြေထောက်ပေါ်ထားပြီး ခြေချောင်းထိပ်ကနေ ခြေဖနောင့်ထိ ရောက်အောင် အပြန်ပြန်အလှှန်လှန် လှိမ့်ပေးဖို့ပါပဲ။

ဒီလေ့ကျင့်ခန်းလေးကို တစ်နေ့ (၁၀) မိနစ်လောက်လုပ်ပေးမယ်ဆိုရင် ခြေချင်းဝတ်နဲ့ ခြေထောက်နာကျင်မှုဝေဒနာတွေ သက်သာပျောက်ကင်းစေမှာပါ။

၂။ ကျောကုန်းအပေါ်ပိုင်း

Pinterest-1.jpg 

အထိုင်များတဲ့သူတွေမှာ ကြုံရတတ်တဲ့ပြဿနာတစ်ခုက ကျောကုန်းနဲ့ပုခုံး နာကျင်တာပါပဲ။ တကယ်လို့ ခင်ဗျားကိုယ်တိုင် အဲဒီဝေဒနာတွေခံစားနေရတယ်ဆိုရင်တော့ ဘာမှ မပူပါနဲ့တော့။ ဒီ spiky massage ball လေ့ကျင့်ခန်းလေးက အကူအညီပေးမှာပါ။ ပြုလုပ်နည်းကလည်း လွယ်လွယ်လေးပါ။ ကျောကုန်းအပေါ်ပိုင်းနဲ့ နံရံတစ်ချပ်ကြားမှာ ဘောလုံးကိုထည့်ပြီး မတ်တတ်ရပ်ပေးရုံပါပဲ။

ပြီးရင်တော့ ဒူးကိုကွေးလိုက်၊ ပြန်မတ်လိုက်လုပ်ခြင်းဖြင့် ဘောလုံးကို ကျောကုန်းနဲ့ ပွတ်တိုက်မိအောင်လုပ်ပါ။ အဲဒီပုံစံအတိုင်း (၁၅) မိနစ်လောက်ကြာအောင် လုပ်ပေးပါ။

၃။ ကျောကုန်းအောက်ပိုင်း

 

ကျောကုန်းအောက်ပိုင်း (ခါးနာခြင်း) ပြဿနာတွေကို ရင်ဆိုင်နေရတဲ့လူတွေအတွက်တော့ spiky massage ball လေးက ကူညီပေးနိုင်တယ်။ အထက်ပါနည်းလမ်းအတိုင်းပဲ ကျောကုန်းအောက်ပိုင်း (ခါး) နဲ့ နံရံတစ်ချပ်ကြားမှာ ဘောလုံးလေးကိုထားလိုက်ပါ။ ပြီးရင် ဒူးကိုကွေးလိုက်၊ ဆန့်လိုက်နဲ့ ဘောလုံးလေးနဲ့ ကျောကုန်းကို ပွတ်တိုက်မိအောင်ပြုလုပ်ပြီး ခါးနာဝေဒနာသက်သာအောင် ပြုမူနိုင်ပါတယ်။

၄။ တင်ပါး

maxresdefault-660x371.jpg 

ဖျာ (သို့မဟုတ်) မွေ့ယားပါးတစ်ချပ်ပေါ်မှာ ပက်လက်လှန်လှဲချလိုက်ပါ။ ပြီးရင် ဒူးတွေကိုကွေးထားပါ။ Spiky massage ball လေးကို တင်ပါးအောက်မှာထားလိုက်ပါ။ ပြီးရင် မိမိ နာကျင်နေတဲ့နေရာ အတိအကျကို သိရအောင် ဘောလုံးလေးကို ကျောကုန်းနဲ့ တင်ပါးအားနဲ့လှိမ့်လိုက်ပါ။ နေရာသိပြီဆိုတာနဲ့ အဲဒီနေရာကို ဖိအားပိုပေးပြီး လေ့ကျင့်ခန်းကို ဆက်လုပ်ပေးပါ။

၅။ ရင်ဘတ်

maxresdefault-1-660x371.jpg 

ရင်ဘတ်အောင့်နေတယ်ဆိုရင်တော့ ကြမ်းပြင်ပေါ်မှာမှောက်ခုံလှဲချပြီး ဘောလုံးလေးကို ရင်ဘတ်အောက်မှာ ထားထားလိုက်ရုံပါပဲ။ ဘောလုံးကိုအားယူပြီး ထက်အောက်လှိမ့်ပေးလိုက်ပြီး နာကျင်ခြင်းကို ဖြစ်စေတဲ့နေရာ အတိအကျကို ရှာဖွေလိုက်ပါ။ ဒီလေ့ကျင့်ခန်းကိုတော့ ကြမ်းပြင်ပေါ်မှာ မှောက်ခုံလုပ်လို့ရသလို နံရံနဲ့ပွတ်ပြီး လုပ်လို့လည်းရပါတယ်။

Source: youngisthan

Share

Loading Next Article...
က္က