အောင်မြင်ကျော်ကြားသူတွေရဲ့အမူအကျင့်မျိုးတွေ မိမိမှာလည်းရှိနေပြီဆိုရင် ကိုယ်တိုင်လည်း အောင်မြင်မှုလမ်းစပေါ်ရောက်နေပြီလို့ ပြောနိုင်တာပေါ့။

အောင်မြင်ကျော်ကြားနေတဲ့သူတွေမှာ ကိုယ်ပိုင်ဟန်လေးတွေ ကိုယ်စီကိုယ်စီရှိပါတယ်။ သူတို့အောင်မြင်ကျော်ကြားလာရခြင်းရဲ့ နောက်ကွယ်မှာ တူညီမှုလေးတွေလည်း ရှိနေပါသေးတယ်။

 

Business Insider အွန်လိုင်းမီဒီယာရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Thomas C. Corley ကတော့ အောင်မြင်ကျော်ကြားတဲ့ပုဂ္ဂိုလ်တွေကို အချိန်ပေးလေ့လာပြီး သူတို့မှာတူညီစွာပိုင်ဆိုင်ထားတဲ့ အမူအကျင့်လေးတွေကို ဖော်ပြပေးထားပါတယ်။ အောင်မြင်ကျော်ကြားသူတွေရဲ့ အမူအကျင့်မျိုးတွေ မိမိမှာလည်းရှိနေပြီဆိုရင် ကိုယ်တိုင်လည်း အောင်မြင်မှုလမ်းစပေါ် ရောက်နေပြီလို့ ပြောနိုင်တာပေါ့။

၁။ ကျွမ်းကျင်မှုကို စဉ်ဆက်မပြတ်ထိန်းသိမ်းမြှင့်တင်တယ်

အောင်မြင်ကျော်ကြားသူတွေဆိုတာ မိမိတို့ရဲ့သက်ဆိုင်ရာနယ်ပယ် (စီးပွားရေး၊ နည်းပညာ၊ ဖျော်ဖြေရေး အစရှိသဖြင့်) မှာ ကျွမ်းကျင်သူတွေ၊ သူများထက်နှာတစ်ဖျားသာသူတွေလို့ အသိအမှတ်ပြုခံရလို့ အောင်မြင်ကျော်ကြားလာတာဖြစ်ပါတယ်။ သူတို့ဟာ သူတို့ရဲ့သက်ဆိုင်ရာကျွမ်းကျင်မှုတွေကို အမြဲလိုလိုဂရုစိုက်ထိန်းသိမ်းနေတတ်ပြီး အသစ်၊ အသစ်သော နည်းပညာတွေ၊ စီးပွားရေးမဟာဗျူဟာတွေကို ရှာဖွေဆည်းပူးနေတတ်ကြပါတယ်။ ဓားတစ်လက်ဆိုတာ ထက်နေအောင် အမြဲသွေးပေးနေရသလိုပါပဲ။ ကျွမ်းကျင်မှုကိုလည်း အမြဲထိန်းသိမ်းမြှင့်တင်ပေးသင့်ပါတယ်။

၂။ အရည်အချင်းသစ်တွေကို ဆည်းပူးမယ်

Successful-Businessman-Banne-Ke-Liye-Kya-Gun-Hone-Chahiye-businesman-kaise-bane-tips-wallpapers-images-pics.jpg 

ဂျပန်စကားသင်တာပဲဖြစ်ဖြစ်၊ စက်ပြင်သင်တာပဲဖြစ်ဖြစ်။ မိမိလက်ရှိလုပ်ကိုင်နေတဲ့အလုပ်ကို ပိုမိုအောင်မြင်အောင် အထောက်အကူပေးနိုင်မယ်ဆိုရင် အရည်အချင်းသစ်တွေကိုလည်း အမြဲတစေ လေ့လာဆည်းပူးနေရပါမယ်။ သင်ယူလိုစိတ်ရှိသူတွေဟာ ဘယ်နေရာကိုပဲရောက်နေ..ရောက်နေ။ အသစ်၊ အသစ်တွေကို သင်ယူဖို့ဝန်မလေးပါဘူး။

၃။ မိတ်သစ်တွေကိုဆက်သွယ်မယ်

လုပ်ငန်းခွင်လောကထဲမှာကျတော့ တစ်ယောက်တည်းချွန်ထွက်နေပြီး ပေါင်းသင်းဆက်ဆံရေးမကောင်းတာမျိုး လုပ်လို့မရပါဘူး။ မိတ္တဗလဆိုတာ အောင်မြင်သူတွေရဲ့ အရည်အချင်းတစ်ရပ်ဖြစ်ပြီး အသိ မိတ်ဆွေပေါများလေလေ၊ လက်တွေ့လုပ်ငန်းခွင် နယ်ပယ်ထဲမှာ ခရီးပိုရောက်လေလေပါပဲ။

၄။ စိတ်ကူးသစ်တွေကိုမျှဝေမယ်

စိတ်ကူးဉာဏ်တွေနဲ့ ဖန်တီးနိုင်စွမ်းကပဲ စိတ်ကူးသစ်ကိုမွေးဖွားလာစေတာပါ။ တမူထူးခြားပြီး ဆန်းသစ်တဲ့စိတ်ကူးသစ်တွေကို မိမိရဲ့လုပ်ဖော်ကိုင်ဖက်တွေကြားမှာ မျှဝေခြင်းက မိမိကို ယံုံကြည်ရလောက်တဲ့၊ လေးစားရလောက်တဲ့ လူတစ်ဦးအဖြစ် မြင်လာနိုင်စေပါတယ်။

၅။ တစ်ယောက်တည်းမနေပါနဲ့

o-TALKING-ON-CELL-PHONE-facebook.jpg 

ဆိုရှယ်မီဒီယာပေါ်မှာပဲဖြစ်ဖြစ်၊ လုပ်ငန်းခွင်ထဲမှာပဲဖြစ်ဖြစ်၊ သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်ထဲမှာပဲဖြစ်ဖြစ် တစ်ယောက်တည်း ကွက်ပြီး ထူးချွန်နေသူတစ်ဦးဖြစ်အောင် မလုပ်ပါနဲ့။ အသင်းအဖွဲ့လိုက် စုစည်းလုပ်ဆောင်တတ်တဲ့ အလေ့အကျင့်ကို မွေးမြူပါ။

၆။ သူများထက်လည်းသာပါစေ

အောင်မြင်ကျော်ကြားသူတစ်ဦးဆိုတာ သူများထက်တော့သာမှရမှာပါ။ မိမိရဲ့လုပ်ငန်းနယ်ပယ်တူ ပြိုင်ဖက်တွေထက် သာလွန်တဲ့အရည်အချင်း၊ အမြင်၊ စိတ်ကူးသစ်တွေကို ထုတ်မပြနိုင်ပဲနဲ့တော့ ခင်ဗျားဟာ အောင်မြင်သူတစ်ဦးဖြစ်မလာနိုင်တာ လုံးဝသေချာပါတယ်။

၇။ အာရုံစူးစိုက်မှုအပြည့်ရှိပါစေ

tax-smart-compensation-wages-or-employee-benefits.jpg 

တစ်ခုခုကိုလုပ်တော့မယ်လို့ ဆုံးဖြတ်ထားရင် မိမိရည်မှန်းထားတဲ့ပန်းတိုင်ကိုမရောက်မချင်း စိတ်ပျက်အားလျော့ခြင်းမရှိပါစေနဲ့။ ပရောဂျက်တစ်ခုလုပ်နေပြီဆိုရင်လည်း အချိန်ဘယ်လောက်ကြာကြာ၊ လူူဘယ်လောက် ပျိုင်းပျိုင်း... အာရုံစူးစိုက်မှုကိုတော့ လွှတ်ချလိုက်ဖို့ မစဉ်းစားပါနဲ့။ ဒါဟာ အောင်မြင်မှုကိုရရှိနိုင်တဲ့ နည်းလမ်းတစ်သွယ်ပါပဲ။

၈။ ဘယ်တော့မှအရှုံးမပေးပါနဲ့

"အရှုံးပေးရင် နှလုံးအေးတယ်" ဆိုတဲ့အတိုင်း လက်မြှောက်အရှုံးပေးလိုက်ရတာက လွယ်ပါတယ်။ အရှုံးပေးလိုက်ခြင်းရဲ့ နောက်ဆက်တွဲအကျိုးဆက်တွေကတော့ ထင်သလောက်မလွယ်ပါဘူး။ တစ်ခုခုကို ရရှိဖို့ တိုက်ပွဲဝင်နေချိန်မှာ ကြမ်းတမ်းခက်ခဲမှုတွေကိုတော့ ကြုံတွေ့ရမှာပါပဲ။ ဒါတွေကိုအလျှော့မပေးဘဲ ခေါင်းမာမာနဲ့ရှေ့ဆက်နိုင်မှသာ အောင်မြင်မှုကိုရရှိမှာပါ။ တစ်ခါတလေ အောင်မြင်မှုဆီရောက်ဖို့ တံခါးတစ်ချပ်ပဲ ခံနေတာပါ။ အဲဒီတံခါးပွင့်သွားအောင် တွန်းဖွင့်ဖို့တော့ အားတော့နည်းနည်းစိုက်ရမှာပေါ့။

၉။ စိတ်ပျက်အားလျော့ခြင်းမရှိပါနဲ့

burn-out.jpg

ဘဝဆိုတာ ကိုယ်မှန်းတဲ့အတိုင်းတော့ အမြဲဖြစ်မလာပါဘူး။ တွက်ဆထားတဲ့အရာတွေဖြစ်မလာတာ၊ ပိုင်ဆိုင်ထားတဲ့အောင်မြင်မှုတွေ ဆုံးရှုံးလိုက်ရတာ စသဖြင့် ဘဝမှာ မျိုးစုံ ကြုံလာရမှာပါပဲ။ အဲဒီလို ကြုံလာရတဲ့အခါ စိတ်ပျက်အားလျော့နေမယ့်အစား အသစ်၊ အသစ်တွေကို အားထုတ်မွေးမြူပါ။ KFC ရဲ့တည်ထောင်သူ သူဌေးကြီးတို့၊ Alibaba ပိုင်ရှင် ဂျက်ခ်မားတို့ကို အတုယူကြည့်ပါ။

Source: youngisthan

Share

Loading Next Article...
က္က