တချို့ကကျတော့ အိမ်မက်တွေထဲမှာ ဘဝနဲ့ဆိုင်တဲ့ လျှို့ဝှက်ချက်တွေ၊ ဖြစ်လာနိုင်တဲ့အနာဂတ်တွေကို ပုံဖော်ပြသထားတဲ့ ဝှက်စကားတွေပါဝင်တယ်လို့ ဆိုကြပြန်ပါတယ်။

အိမ်မက်မက်ခြင်းဆိုတာ လူသားတွေပိုင်ဆိုင်တဲ့ တီထွင်ဖန်တီးဉာဏ်တွေကို နှိုးဆွပေးနိုင်တဲ့အစွမ်းတစ်မျိုးပါပဲ။ လူတစ်ယောက်ဟာ သူ့ဘဝရဲ့အချိန် (၃) ပုံ (၁) ပုံကို အိပ်စက်ခြင်းကို အသုံးချရတဲ့အတွက် အိပ်စက်နေချိန်မှာ မြင်မက်တဲ့အိမ်မက်တွေကို ထိန်းချုပ်နိုင်ရင် (သို့) အဓိပ္ပာယ်ဖော်နိုင်ရင်ကောင်းမယ်ဆိုတဲ့ စိတ်ကူးနဲ့ နှစ်ပေါင်းများစွာကတည်းက အိမ်မက်တွေအကြောင်းကို သိပ္ပံနည်းကျကော၊ ဝိဇ္ဇာနည်းကျပါ လေ့လာခဲ့ကြပါတယ်။

 

အိမ်မက်တွေနဲ့ပတ်သက်ပြီး ရိုးရာဓလေ့အရလည်း သူ့နည်းသူ့ဟန်နဲ့ ပုံဖော်အဓိပ္ပာယ်ဖွင့်ဆိုုချက်တွေရှိပါတယ်။ တချို့လူတွေက အိမ်မက်တွေကို မိမိအများဆုံးတွေးမိတဲ့အကြောင်းအရာတွေ ရောင်ပြန်ဟပ်တာ လို့ ယူဆကြပါတယ်။ တချို့ကကျတော့ အိမ်မက်တွေထဲမှာ ဘဝနဲ့ဆိုင်တဲ့ လျှို့ဝှက်ချက်တွေ၊ ဖြစ်လာနိုင်တဲ့အနာဂတ်တွေကို ပုံဖော်ပြသထားတဲ့ ဝှက်စကားတွေပါဝင်တယ်လို့ ဆိုကြပြန်ပါတယ်။ ဘာပဲဖြစ်ဖြစ် အိမ်မက်နဲ့ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုနေကြတဲ့အထဲမှာမှ အမက်အများဆုံးအိမ်မက်တွေရဲ့ သူတို့ရဲ့နောက်ကွယ်က အဓိပ္ပာယ်တွေကို လေ့လာကြည့်လိုက်ကြရအောင်။

၁။ ပြုတ်ကျတယ်လို့ အိမ်မက်မက်တယ်

1-38.jpg 

တောင်ထိပ်ကပဲဖြစ်ဖြစ်၊ ရဟပ်ယာဉ်ပေါ်ကပဲဖြစ်ဖြစ် အိမ်မက်ထဲမှာ အမြင့်တစ်နေရာကနေ ပြုတ်ကျနေတယ်လို့ မြင်မက်ပါသလား။ ခန္ဓာကိုယ်က အေးခနဲခံစားလိုက်ရပြီး မိမိကိုယ်မိမိ ပြုတ်ကျခြင်းက ကယ်တင်ဖို့ လန့်နိုးလာတာမျိုး ဖြစ်ဖူးပါသလား။ ဒါဆိုရင်တော့ အဲဒီအိမ်မက်က ပြောဖို့ကြိုးစားနေတာက ခင်ဗျားမှာ လက်တွေ့ဘဝထဲမှာ ကိုင်ဆုပ်မထားသင့်တဲ့အရာတစ်ခုကို ကိုင်ဆုပ်ထားမိတယ် ဆိုတာပါပဲ။

ခင်ဗျားအပေါ် တစ်စက်မှမကောင်းပေမယ့် သံယောဇဉ်ကြောင့်၊ အချစ်ကြောင့် ဆက်တွဲနေမိတဲ့ ရည်းစားဖြစ်ချင်ဖြစ်မယ်။ ကိုယ်နဲ့အဆင်မပြေပေမယ့် အကြောင်းကြောင်းကြောင့် မျက်စိမှိတ်ဆက်လုပ်နေရတဲ့ အလုပ်တစ်ခုဖြစ်ချင်ဖြစ်မယ်။ အမြင့်တစ်နေရာကပြုတ်ကျတယ်လို့ အိမ်မက်မက်ရင် ဒါက ခင်ဗျားဆုပ်ကိုင်ထားတာတွေအားလုံးကို လွှတ်ချလိုက်သင့်ပြီလို့ အဓိပ္ပာယ်ရပါတယ်။

၂။ သေဆုံးခြင်းကို အိမ်မက်မက်မယ်

2-36.jpg 

အိမ်မက်ထဲမှာ မိမိကိုယ်တိုင်ပဲဖြစ်ဖြစ်၊ တခြားတစ်ယောက်ယောက်ပဲဖြစ်ဖြစ် သေဆုံးနေတယ် (သို့) သေလုဆဲဆဲဖြစ်နေတယ်လို့ မြင်မက်မိတယ်ဆိုရင် ဒါဟာ လက်တွေ့ဘဝထဲမှာ တစ်စုံတရာ အဆုံးသတ်တော့မယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ လက်ရှိလုပ်နေတဲ့ အလုပ်ဖြစ်ချင်ဖြစ်မယ်။ လက်ရှိတွဲနေတဲ့ရည်းစား ဖြစ်ချင်ဖြစ်မယ်။ အိမ်မက်ထဲမှာ သေဆုံးခြင်းဆိုတာ လက်တွေ့ဘဝထဲမှာ တစ်စုံတစ်ခု အဆုံးသတ်ပြီး အသစ်တစ်ခု ပြန်လည်မွေးဖွားခြင်းဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ နောက်တစ်ခုက ဘဝမှာကြုံတွေ့ရမယ့် အပြောင်းအလဲတွေနဲ့လည်း ဆက်စပ်နေနိုင်ပါတယ်။

၃။ ကိုယ်လုံးတီးဖြစ်နေတယ်လို့ အိမ်မက်မက်တယ်

3-31.jpg 

အိမ်မက်ထဲမှာ အဝတ်မပါဘဲ ကိုယ်လုံးတီးဖြစ်နေတယ်တို့၊ တစ်ယောက်ယောက်က မိမိရဲ့အဝတ်အစားတွေကို ဆွဲဖြဲနေတယ်လို့ အိမ်မက်မက်တယ်ဆိုရင် ဒါဟာ လက်တွေ့ဘဝထဲမှာ ဟန်ဆောင်ဖုံးကွယ်ထားတဲ့ အရာတွေပေါ်တော့မယ်လို့ အဓိပ္ပာယ်ရပါတယ်။ စိတ်ပိုင်းဆိုင်ရာအရဆိုရင် မိမိရဲ့အားနည်းချက်တွေကို လူတွေမြင်တွေ့ရတော့မယ်လို့ အဓိပ္ပာယ်ရပြီး ငွေရေးကြေးရေးအရဆိုရင် အခက်အခဲတစ်ခုခု ကြုံရမယ်လို့လည်း အဓိပ္ပာယ်ကောက်နိုင်ပါတယ်။

၄။ နောက်က တစ်ခုခုလိုက်လို့ထွက်ပြေးနေရတယ်လို့ အိမ်မက်မက်မယ်

4-31.jpg 

နောက်ကနေ လူသတ်သမား၊ မကောင်းဆိုးဝါး (သို့) ဘာမှန်းတိတိကျကျမသိတဲ့အရာဝတ္ထုလိုက်နေလို့ အသေအလဲ ထွက်ပြေးနေရတယ်လို့ အိမ်မက်မက်တယ်ဆိုရင်တော့ ဒါဟာ လက်တွေ့ဘဝထဲမှာ ခင်ဗျားမှာ ရင်ဆိုင်ရမယ့် အရာတစ်ခုခုကနေ ထွက်ပြေးနေမိတယ်လို့ အဓိပ္ပာယ်ရပါတယ်။

ရင်ဆိုင်ရခက်ခဲပြီး မိမိကိုယ်တိုင်လည်း လက်တွေ့ကျကျရင်ဆိုင်ဖို့ ခက်ခဲနေတဲ့အရာမျိုးတွေ ဘဝမှာဖြစ်နေတယ်လို့ အဓိပ္ပာယ်ရပြီး အဲဒီအရာကို မြန်မြန်ရင်ဆိုင်ဖို့လိုတယ်လို့လည်း ဖော်ပြနေပါတယ်။ အထူးသဖြင့် ရည်းစားနဲ့ပြတ်ပြီး အသဲကွဲနေချိန်... မိမိရဲ့စိတ်ခံစားချက်တွေကို လက်တွေ့ကျကျရင်ဆိုင်ဖို့ ကြောက်ရွံ့နေချိန်မှာ မြင်မက်တတ်ပါတယ်။

၅။ သွားတွေထွက်ကျတယ်လို့ အိမ်မက်မက်တယ်

5-23.jpg 

သရဲကားတွေထဲကလို အိမ်မက်ထဲမှာ မိမိရဲ့သွားတွေ ပါးစပ်ထဲကထွက်ကျလာတယ်လို့ အိမ်မက်မက်တယ်ဆိုရင်တော့ လက်တွေ့ဘဝထဲမှာ မိမိရဲ့ယုံကြည်မှုတွေကို ဆွဲချနေတဲ့အရာတစ်ခု ရှိနေပြီလို့ အဓိပ္ပာယ် ရပါတယ်။ တစ်ခုခုက ခင်ဗျားကို အားနည်းအောင်လုပ်နေပြီး အဲဒီအရာကို ခင်ဗျားအမြန်ဖော်ထုတ် ပြင်ဆင်ဖို့ လိုအပ်နေပြီလို့လည်း ဆိုလိုပါတယ်။

Source: Youngisthan

Share

Loading Next Article...
က္က