ညစာမစားခင် ဝိုင်တစ်ခွက် (သို့) ဘီယာတစ်ဂျားလောက်သောက်ပေးခြင်းက Type 2 ဆီးချိုသွေးချိုရောဂါဖြစ်ပွားနိုင်ခြေကို လျော့ကျစေပါသတဲ့။

ညစာမစားခင် တစ်ခွက်တစ်ဖလားသောက်ခြင်းဟာ ကျန်းမာရေးကို အထောက်အကူပြုစေနိုင်တယ်လို့ ပြောရင် ယုံကြမှာလား။ ဒိန်းမတ်သုတေသနတစ်ခုရဲ့အဆိုအရတော့ ညစာမစားခင် ဝိုင်တစ်ခွက် (သို့) ဘီယာတစ်ဂျားလောက်သောက်ပေးခြင်းက Type 2 ဆီးချိုသွေးချိုရောဂါဖြစ်ပွားနိုင်ခြေကို လျော့ကျစေပါသတဲ့။

 

သုတေသနပြုလုပ်

Research.jpg 

စီနီယာ သုတေသီ Janne Tolstrup ရဲ့အဆိုအရတော့ အရက်လုံးဝမသောက်သူတွေ၊ အရက်အလွန်အကျွံသောက်သုံးသူတွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့ တစ်ပတ်ကို (၁၄) ခွက်ခန့်သောက်တဲ့ အမျိုးသားတွေနဲ့ တစ်ပတ်ကို (၉) ခွက်ခန့်သောက်တဲ့ အမျိုးသမီးတွေဟာ Type 2 ဆီးချိုရောဂါ (အဝလွန်ခြင်းနဲ့ဆက်နွယ်တဲ့ ဆီးချိုရောဂါ) ဖြစ်နိုင်ခြေအလွန်နည်းပါးပါသတဲ့။

တစ်ပတ်ကို (၁၄) ခွက်ဆိုတာ တစ်ရက်တည်း (၁၄) ခွက်သောက်ချလိုက်ပြီး နောက်ရက်တွေ လုံးဝမသောက်တာမျိုးကို ဆိုလိုတာမဟုတ်ပါဘူး။ တစ်နေ့ နည်းနည်း၊ နည်းနည်းသောက်ပေးမယ်ဆိုရင် အကောင်းဆုံးပါပဲ လို့လည်း Tolstrup က ဆိုပါတယ်။ "ဝိုင် (ဒါမှမဟုတ်) ဘီယာသောက်တဲ့ပုံစံကလည်း ဆီးချိုရောဂါအန္တရာယ်အတွက် အရေးပါတဲ့ကဏ္ဍတစ်ခုက ပါဝင်နေပါတယ်" လို့လည်း Tolstrup က ဆိုပါတယ်။

" သောက်တဲ့အကြိမ်ရေကလည်း အရေးပါပါတယ်။ ဘာလို့လဲဆိုတော့ တစ်ပတ်မှာသောက်ရမယ့် ကိုတာကို (၃) ကြိမ်၊ (၄) ကြိမ် ခွဲသောက်သူတွေဟာ တစ်ရက်တည်းနဲ့ တစ်ခါတည်းဆက်တိုက် သောက်ပစ်တဲ့ သူတွေနဲ့စာရင် အန္တရာယ်ပိုနည်းပါတယ်။ တစ်ပတ်ကို (၁၄) ခွက် (သို့) (၉) ခွက်ပဲ သောက်တာချင်းတူမယ်ဆိုရင်တောင်ပေါ့" လို့လည်း ဆိုထားပါတယ်။

သတိပြုရန်အချက်

diabetes-reversed.jpg 

ဒါပေမယ့် သတိပြုရမှာတစ်ခုတော့ရှိပါသေးတယ်။ အယ်လ်ကိုဟောရဲ့ ကောင်းမွန်တဲ့အာနိသင်တွေဟာ ဝိုင်နဲ့ဘီယာသောက်ခြင်း ပေါ်မှာပဲ အကျိုးသက်ရောက်နေပုံပေါ်ပါတယ်။ အရက်ပြင်းတွေကို အထက်ပါ ပုံစံအတိုင်း သောက်မယ်ဆိုရင် အမျိုးသားတွေမှာ ဆီးချိုရောဂါအန္တရာယ်ကနေ ကာကွယ်ပေးနိုင်မှာ မဟုတ်ပါဘူး။ အမျိုးသမီးတွေအတွက်ဆိုရင်တော့ ဆီးချိုရောဂါဖြစ်နိုင်ခြေ ပိုတောင်များလာနိုင်ပါသေးသတဲ့။

"အယ်လ်ကိုဟောပါဝင်မှု ရာခိုင်နှုန်းပေါ်မူတည်ပြီး ရနိုင်တဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေလည်း ကွာခြားသွားဟန်တူပါရဲ့" လို့ Tolstrup ကဆိုပါတယ်။ သူမဟာ (Tolstrup) ဟာ Southern Denmark တက္ကသိုလ်၊ ပြည်သူ့ကျန်းမာရေး အမျိုးသားသိပ္ပံဌာနရဲ့ ကူးစက်ရောဂါ ပျံ့ပွားခြင်းနှင့် ကာကွယ်ခြင်းဆိုင်ရာ ပညာရပ် ပါမောက္ခတစ်ဦးလည်းဖြစ်ပါတယ်။

ဝိရောဓိ

ဝိရောဓိလေးတစ်ခုရှိလာပြန်တာကတော့ ဆီးချိုရောဂါကာကွယ်လိုစိတ်လေးတစ်ခုတည်းနဲ့ ဝိုင် (ဒါမှမဟုတ်) ဘီယာ စသောက်သင့်ပြီလို့ တွေးနေပြီဆိုရင်တော့ မှားလိမ့််မယ်လို့ ဆီးချိုရောဂါနဲ့ပတ်သက်တဲ့ ကျွမ်းကျင်သူတစ်ဦးက ဆိုပြန်ပါတယ်။

"ဒီသုတေသနရလဒ်ကို အခြေခံပြီးတော့ အယ်လ်ကိုဟောပမာဏသောက်သုံးခြင်းကို မြှင့်တင်ဖို့ကိုတော့ အားမပေးပါဘူး" လို့ ကိုယ်တွင်းကလီစာနဲ့ဟော်မုန်းဆိုင်ရာဆရာဝန် Dr. Adrian Vella က ဆိုပါတယ်။ နောက်ပြီးတော့ ဒီသုတေသနဟာ အယ်လ်ကိုဟောသောက်သုံးခြင်းနဲ့ ဆီးချိုရောဂါဖြစ်နိုင်ခြေကြားက ဆက်နွယ်မှုကိုပဲ လေ့လာတာဖြစ်ပြီး အကျိုးနဲ့အကြောင်း ဆက်နွယ်မှုကို လေ့လာတာမဟုတ်ပါဘူး။ ဆိုလိုတာက ဒီလိုသောက်တိုင်း ဒီရောဂါလုံးဝဖြစ်မလာနိုင်ဘူးလို့ ကံသေကံမ မပြောနိုင်ပါဘူး။

ပိုမိုတိကျတဲ့သုတေသနရလဒ်

woman-and-man-at-microscopes.jpg 

ဒီသုတေသနကို ၂၀၀၇-၂၀၀၈ တုံးက လူပေါင်း (၇၀၀၀၀) ကို စစ်ဆေးသုတေသနပြုလုပ်ခဲ့ပြီး သူတို့ရဲ့ lifestyle ပုံစံ၊ အယ်လ်ကိုဟောသောက်သုံးမှုပမာဏ၊ ကျန်းမာရေး အစရှိတဲ့အသေးစိတ်အချက်အလက်တွေကို မှတ်တမ်းတင်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်ထိ ဆက်လက်မှတ်တမ်းတင်ခဲ့ပြီး ပိုမိုတိကျတဲ့ နောက်ထပ်ရလဒ်တစ်ခုလည်း ထွက်လာခဲ့ပါတယ်။

အဲဒါကတော့ တစ်ပတ်ကို အယ်လ်ကိုဟောပါဝင်မှုနည်းတဲ့ ဝိုင်တို့၊ ဘီယာတို့ (၁၄) ခွက်သောက်ပေးမယ်ဆိုရင် ယောကျ်ားလေးတွေဆို Type 2 ဆီးချိုရောဂါဖြစ်နိုင်ခြေ (၄၃) ရာခိုင်နှုန်းကျဆင်းစေနိုင်ပြီး မိန်းကလေးတွေဆိုရင်တော့ တစ်ပတ်ကို (၉) ခွက်လောက်ပဲ ပုံမှန်သောက်ပေးမယ်ဆိုရင် ရောဂါဖြစ်နိုင်ခြေ (၅၈) ရာခိုင်နှုန်းလျော့ကျစေနိုင်ပါတယ်တဲ့။ ဒါဟာ အရက်လုံးဝမသောက်သူတွေနဲ့ နှိုင်းယှဉ်ထားတဲ့ ရလဒ်ပါ။

သုတေသနရလဒ်တွေအရ ဝိုင်သောက်သုံးပေးခြင်းဟာ ကျန်းမာရေးအကျိုးကျေးဇူးပိုများဟန်တူပါတယ်။ ဘာလို့လဲဆိုတော့ တစ်ပတ်ကို ဝိုင် (၇) ခွက်ထက်ပိုပြီး သောက်သုံးတဲ့ အမျိုးသား၊ အမျိုးသမီးတွေမှာ လုံးဝမသောက်တဲ့သူတွေနဲ့စာရင် ဆီးချိုဖြစ်နိုင်ခြေ (၃၀) ရာခိုင်နှုန်းပိုနည်းနေကြောင်းလည်း တွေ့ရှိခဲ့လို့ပါပဲ။

အရက်သောက်ခြင်းကတော့ ဆီးချိုရောဂါနဲ့ဆက်နွယ်ရင် ဘာကျန်းမာရေးအကျိုးကျေးဇူးမှ မပေးနိုင်ပါဘူး။ ပိုဆိုးတာက တစ်ပတ်ကို အရက် (၇) ပက် အထက်သောက်တဲ့ အမျိုးသမီးတွေကတော့ ဆီးချိုရောဂါ ဖြစ်နိုင်ခြေ (၈၃) ရာခိုင်နှုန်းထိ ရှှိနေနိုင်တာပါပဲလို့ သုတေသနကဆိုထားပါတယ်။

ဒါပေမယ့် ဒီလေ့လာမှုရဲ့ရလဒ်တွေဟာ သုတေသနရလဒ်တွေမျှသာဖြစ်ပြီး သိပ္ပံနည်းကျဓာတ်ခွဲစမ်းသပ်မှုတွေတော့ မဟုတ်သေးကြောင်း Tolstrup က ဆိုပါတယ်။ "ဖြစ်နိုင်ခြေရှိတာကတော့ အယ်လ်ကိုဟော ဟာ အင်ဆူလင်တွေကို လှုံ့ဆော်ပေးပြီး အင်ဆူလင်တွေရဲ့ခုခံမှုကိုလည်း ကျဆင်းစေတဲ့အတွက် ဆီးချိုရောဂါနဲ့ အယ်လ်ကိုဟောဆက်နွယ်နေတာဖြစ်နိုင်ပါတယ်" လို့ Tolstrup က ဆိုပါတယ်။

သိပ္ပံနည်းကျရလဒ်မဟုတ်တဲ့အတွက် ဝိရောဓိတွေတော့ရှိနိုင်တဲ့အတွက် ဆီးချိုရောဂါကာကွယ်လိုဇောနဲ့တော့ အရက်မသောက်တတ်ဘဲ ဝိုင်တွေ၊ ဘီယာတွေ သွားမသောက်သင့်ပါဘူး။ အရက်သောက်ဖူးပြီးသား သူတွေကတော့ အရက်အစား ဝိုင်လေး၊ ဘီယာလေးလောက်ကိုပဲ ဖော်ပြပါပမာဏအတိုင်း သောက်သုံးပေးမယ်ဆိုရင် ကျန်းမာရေးအတွက်လည်းအကျိုးရှိ၊ ရသေ့စိတ်ပြေလည်းဖြစ်လို့ အဆင်ပြေပါတယ်။

Source: webmd

Share

Loading Next Article...
က္က