ဆယ်လ်ဖီရိုက်တယ်ဆိုတာ ဒီခေတ်ကြီးထဲမှာ trend အသစ်မဟုတ်တော့ပါဘူး။ ဒါပေမယ့် ဆယ်လ်ဖီဆွဲရင် ဘယ်လိုပို့စ်ပေးပြီး ဆွဲကြမလဲဆိုတဲ့ trend အသစ်တွေကတော့ အမြဲလိုလို ပေါ်ပေါက်နေတတ်ပါတယ်။ Dog selfie တို့၊ နှုတ်ခမ်းစူပြီးရိုက်တဲ့ selfie တို့ အစရှိသဖြင့်ပေါ့။
ဆယ်လ်ဖီ trend တွေက အမြဲလိုလို အသစ်ပေါ်ပေါက်နေတဲ့အတွက် ခေတ်မီသူတိုင်း ဆယ်လ်ဖီရိုက်ကြသည်ပေါ့။ ဒီနေ့မှာတော့ ခုတလော trending ဖြစ်နေတဲ့ (ခေတ်စားနေတဲ့) ဆယ်လ်ဖီပို့စ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
ဒီပို့စ်ကိုသုံးပြီး စမ်းရိုက်ကြည့်ပြီးပြီလားတော့မသိပါဘူး။ ဒါပေမယ့် ဒီ "fingermouthing" ဆယ်လ်ဖီပို့စ်က ဆယ်လ်ဖီဆွဲဖို့အတွက် အမိုက်ဆုံးပို့စ်ပါပဲ။ ဆလီနာဂိုးမက်စ်၊ ဂျနီဖာလိုပက်စ်၊ ကိုင်လီဂျန်နာ၊ ကန်ဒယ်ဂျန်နဲ့ ဇန်ဒါယာတို့လို ဟောလီးဝုဒ်ဆယ်လီတွေ ကိုယ်တိုင် အသုံးပြုကြတဲ့ ဆယ်လ်ဖီပို့စ်ဖြစ်ပါတယ်။ ဒီပို့စ်လေးပေးလိုက်ရင် မိမိပုံစံလေးက ချစ်စရာကောင်းပြီး sexy လည်းကျနေလို့ စမ်းကြည့်သင့်ပါတယ်။
မိန်းကလေးတွေ ဆယ်လ်ဖီဆွဲရင် စတိုင်လ်တစ်မျိုးမျိုးနဲ့ဆွဲတတ်ကြပါတယ်။ နှုတ်ခမ်းစူရင်စူ၊ မစူရင် လက်နှစ်ချောင်းထောင်ပြီး ပိစ်သင်္ကေတပြတာပါပဲ။ ဒါပေမယ့် နှစ်မျိုးလုံးသုံးပြီးကော ပို့စ်ပေးဖူးပါသလား။ ဖော်ပြပါပုံကိုကြည့်လိုက်ပါ။ ဒီ (၂) မျိုးကို ရောစပ်လိုက်ခြင်းက ချစ်စရာကောင်းပြီး အသဲယားစရာကောင်းပါတယ်။
ဆယ်လ်ဖီရိုက်ရင် ကင်မရာကိုတည့်တည့်စိုက်ကြည့်တာက လိုင်စင်ဓာတ်ပုံဆန်ပြီး ပျင်းဖို့လည်းကောင်းပါတယ်။ အဲဒီအစား အဝေးတစ်နေရာရာကို ဆွေးဆွေးမြည့်မြည့် (သို့) ရယ်ရယ်မောမော ငေးကြည့်နေတဲ့ ပုံစံနဲ့ ဆယ်လ်ဖီဆွဲမယ်ဆိုရင်ကော။ ဒီပို့စ်လေးကလည်း တကယ်တော့ လူကြိုက်များပါတယ်။ ဖုန်းကင်မရာကို timer ပေးပြီး အဝေးတစ်နေရာကို ငေးကြည့်နေဟန် ပို့စ်ပေးလိုက်ရုံနဲ့ လူမှုကွန်ရက်ပေါ်မှာ like တွေ အများကြီးရမယ့် ပုံကောင်းလေးတစ်ပုံ ရလာမှာပါ။
တစ်ခါတလေမှာ အပြည့်ဖော်ပြမထားတဲ့ အလှတရားတွေက ပိုမိုဆွဲဆောင်မှုရှိပါတယ်။ (Nude art တွေမှာဆို ဒီသာဓကကို အထင်အရှားတွေ့ရပါတယ်။ မပေါ့တပေါ် မလုံမလဲလေးပေါ့။) ဒီဆယ်လ်ဖီစတိုင်လ်ကတော့ မျက်နှာပုံဘေးတစောင်းကို အလင်းရောင်မကျစေဘဲ အမှောင်ရိပ်ထဲမှာ အရိပ်ပုံစံဖြစ်စေပြီးမှ ဆယ်လ်ဖီဆွဲတာဖြစ်ပါတယ်။ ရလာတဲ့ပုံလေးက မှောင်ရိပ်သမ်းတဲ့ မျက်နှာအရိပ် ပုံစံလေးပဲဆိုတော့ တစ်မျိုးလေးအနုပညာဆန်နေစေပါတယ်။
အထက်မှာပြောခဲ့သလိုပါပဲ။ တစ်ခါတလေမှာ အပြည့်အဝမဖော်ပြခြင်းက ပိုပြီးဆွဲဆောင်မှုရှိစေပါတယ်။ ဒီပုံစံကိုတော့ မိန်းကလေးတွေ အိပ်ယာထဲမှာ သက်တောင့်သက်တာလှဲလျောင်းရင်း ရိုက်လေ့ရှိပါတယ်။ မျက်နှာကို နှစ်ပိုင်းပိုင်းလိုက်ပြီး မျက်လုံးလေးပဲ ဖော်ပြတာတို့၊ ဒါမှမဟုတ် မျက်လုံးပိုင်းကို crop လုပ်ပြီး နှုတ်ခမ်းလေးပဲ ဖော်ပြတာတို့ လုပ်လို့ရပါတယ်။ ဒါဟာလည်း လူတွေရဲ့သိလိုစိတ်ကို နှိုးဆွတဲ့ပုံဆိုတော့ ပုံကောင်းလေးတစ်ခု ဖြစ်လာမှာပါ။
နေကာမျက်မှန်တွေပေါ်မှာ ရောင်ပြန်ထင်ဟပ်နေတဲ့ ပတ်ဝန်းကျင်ပုံရိပ်နဲ့ မိမိမျက်နှာကို capture ဖမ်းတဲ့ ဆယ်လ်ဖီစတိုင်လ်မျိုး ဖြစ်ပါတယ်။ နေကာမျက်မှန်တစ်လက်ရှိရင် ဒီပို့စ်ပေးလို့ရပါပြီ။ Outdoor (ပန်းခြံတို့၊ ကန်ဘောင်တို့လိုနေရာမျိုးတွေမှာ) ရိုက်လို့ကောင်းပါတယ်။
အိမ်မှာ ကြောင်တစ်ကောင်ရှိရင် ဒီဆယ်လ်ဖီပို့စ်ကို ပေးလို့ရပါပြီ။ ကြောင်ကို ငြိမ်နေအောင် ပုံပါအတိုင်းထိုင်ခိုင်းပြီး ခင်ဗျားကတော့ မျက်လုံးလေးပဲ ပေါ်အောင်ထားထားရမှာပါ။ မျက်လုံး၊ မျက်ခုံးလှတဲ့သူတွေဆို ပိုကောင်းပါတယ်။ ကြောင်တစ်ကောင်ရဲ့ချစ်စဖွယ် ဝိုင်းစက်ပြူးကျယ်တဲ့မျက်လုံးတွေနဲ့ အပြိုင် မျက်လုံးတွေကိုဖော်ပြထားတာက အကြံကောင်းတစ်ခုပါပဲ။ ကြောင်မရှိရင် ခွေးနဲ့လည်း စမ်းသပ်ကြည့်နိုင်ပါတယ်။
မျက်နှာကိုဖုံးထားတဲ့ ဆယ်လ်ဖီပို့စ်နဲ့ မတူတာက ဒီပို့စ်မှာ မျက်လုံးပါတဲ့တစ်ခြမ်း၊ နှုတ်ခမ်းတစ်ခြမ်းဆိုပြီး မျက်နှာကို နှစ်ပိုင်းပိုင်းတာ မဟုတ်ဘဲ မျက်နှာကို ဘယ်၊ ညာဆိုပြီး (၂) ခြမ်း ခြမ်းလိုက်တာဖြစ်ပါတယ်။ ဒီပုံစံကလည်း မျက်နှာကိုတခြမ်းထဲဖော်ပြထားတော့ တစ်မျိုးလေးကြည့်ကောင်းပြီး Instagram မှာ like များမယ့် ဓာတ်ပုံတစ်ပုံဖြစ်လာမှာပါ။
ဆယ်လ်ဖီပို့စ်နာမည်လေးက ကဗျာဆန်တယ်နော်... အယ်လယ်။ မနက်ခင်းနေရောင်ခြည် (သို့) ဆည်းဆာနေရောင်ခြည်အောက်မှာ နေရောင်ခြည်က မိမိမျက်နှာပေါ်ကျရောက်နေချိန်မှာ ဆယ်လ်ဖီတစ်ချက် ဆွဲလိုက်ပါ။ သူမတူအောင်ကြည့်ကောင်းနေတဲ့ ပုံလေးတစ်ပုံကို တွေ့ရှိရပါလိမ့်မယ်။
Source: Youngisthan
Share