အစားအသောက်ကောင်းမှ ကျန်းမာရေးကောင်းမှာနော်။ ကိုယ်စားနေတဲ့ အစားအသောက်တွေက ကျန်းမာရေးနဲ့ ညီညွတ်ရဲ့လား။ လတ်ဆတ်ရဲ့လား။ မဝယ်ခင်တည်းက သေသေချာချာလေး စစ်ဆေးနိုင်အောင် အလွယ်ဆုံးနည်းတွေ ပြောပြလိုက်ပါတယ်။
၁။ ကြက်သား
ကြက်ရင်ပုံသားကောင်းကောင်းရချင်ရင် အဆီလွှာတွေနဲ့ အသားပေါ်က အဆီလွှာနဲ့ အဖြူကြောင်းတွေကိုကြည့်ပါ။ အဆီထူနေမယ်၊ အဖြူကြောင်းတွေ များနေမယ်ဆိုရင်တော့ ဒီကြက်ဟာ ကြီးထွားစေတဲ့ဟော်မုန်းတွေ ထိုးခံထားရလို့ပါ။ မြန်မြန်ဆန်ဆန် အလေးချိန်စီးလာအောင် ဆေးထိုးခံထားရတဲ့ကြက်ဆိုတော့ စားလို့လည်းမကောင်းဘူး၊ ကျန်းမာရေးအတွက်လည်းမကောင်းဘူး။ ကြက်သားရဲ့အရောင်က အဝါရောင်သမ်းနေရင်တော့ မလတ်လို့ပါ။ လတ်ဆတ်တဲ့ကြက်သားက ပန်းရောင်သမ်းနေပြီး အရမ်းမနူးညံ့ဘူး။
၂။ ပျားရည်
ပျားရည်စစ်၊ မစစ် စမ်းတဲ့နည်းတွေကတော့ အများကြီးရှိလိမ့်မယ်။ ဒီနည်းကတော့ အလွယ်ဆုံးပဲ။ ပျားရည်ကို ကြမ်းပြင် (ညီညာပြန့်ပြူးတဲ့ပန်းကန်)ပေါ်ကို ဖြည်းဖြည်းချင်း လောင်းချလိုက်။ ပျားရည်တွေက ချက်ခြင်းပျံ့မသွားဘဲ အပုံလိုက်လေးဖြစ်ပြီးမှ ပျံ့သွားရင် အစစ်။
၃။ ငါး
ငါး လတ်၊ မလတ် သိချင်ရင် ငါးရဲ့မျက်လုံးကိုကြည့်ကြည့်ပါ။ မျက်လုံးနဲ့ ပါးဟက်တွေက အနီရောင်တောက်တောက်လေး ဖြစ်နေရမယ်။ ကြေးခွံတွေကလည်း ကိုယ်လုံးမှာ တင်းတင်းကျပ်ကျပ် ကပ်နေရမယ်။
၄။ အသား
အသားရွေးမယ်ဆို လက်ညှိုးလေးနဲ့ဖိကြည့်။ အသားလတ်ရင် ချိုင့်ဝင်မသွားဘူး။ တင်းတင်းရင်းရင်းရှိတယ်။ လက်နဲ့ဖိလိုက်လို့ ချိုင့်ဝင်ပြီး တော်တော်နဲ့ပြန်ပြည့်မလာဘူးဆို မလတ်လို့။
၅။ ရေခဲမုန့်
ပါဝင်ပစ္စည်းတွေက ကျန်းမာရေးနဲ့ညီညွတ်အောင် သုံးထားရဲ့လားဆိုတာ သိချင်ရင်တော့ တစ်ခွက်စာလောက် ရင်းရမယ်။ ရေခဲမုန့်ကို အခန်းအပူချိန်မှာပဲ ပျော်သွားအောင်ထားလိုက်ပါ။ လွယ်လွယ်နဲ့မပျော်ဘူး၊ ပျော်သွားရင်လည်း အရည်တွေဖြစ်ကုန်တယ်ဆိုရင် ဟင်းသီးဟင်းရွက်ဆီတွေကို သုံးထားလို့ဖြစ်ပါတယ်။ စားမကောင်းဘူးပေါ့။ အီတယ်။ ကွာလတီကောင်းတဲ့ ရေခဲမုန့်ဆိုတာ ပျော်ကျသွားရင် ဖြူဖြူပျစ်ပျစ် (ခရင်မ်)လို ဖြစ်သွားရော။
Source : Bright Side