အနုပညာနဲ့အသက်မွေးဝမ်းကြောင်းပြုရတယ်ဆိုတာ ကံ၊ ဉာဏ်၊ ဝီရိယ၊ ပါရမီ အားလုံးစုံနေမှ ဖြစ်နိုင်တဲ့ အလုပ်မျိုးပါ။

အနုပညာနဲ့အသက်မွေးဝမ်းကြောင်းပြုရတယ်ဆိုတာ ကံ၊ ဉာဏ်၊ ဝီရိယ၊ ပါရမီ အားလုံးစုံနေမှ ဖြစ်နိုင်တဲ့ အလုပ်မျိုးပါ။ ကံကောင်းရင်၊ အနုပညာလမ်းကြောင်းလည်း စစ်မှန်ရင်၊ အခြေအနေလည်းပေးရင် ဒေါ်လာ သန်းပေါင်းများစွာချမ်းသာတဲ့ အဆိုတော်တစ်ဦးဖြစ်လာနိုင်သလို ကံဆိုးရင်တော့ လမ်းဘေးမှာ ငတ်ငတ်ပြတ်ပြတ်နဲ့ ဒုက္ခရောက်နေရတဲ့ ဂီတသမားဘဝကိုလည်း ရောက်သွားနိုင်ပါတယ်။

 

အခု ဒီစာရင်းထဲမှာဖော်ပြထားတာကတော့ ၂၀၁၇ ခုနှစ်အတွက် ကမ္ဘာ့အချမ်းသာဆုံး အမျိုးသားအဆိုတော် (၁၀) ဦး စာရင်းပဲဖြစ်ပါတယ်။

၁၀။ Calvin Harris

Calvin_20Harris.jpg 

ဝင်ငွေ- ဒေါ်လာ (၄၈.၅) သန်း

စကော့စလန်ပြည်၊ Dumfries မြို့လေးက Adam Richard Wiles ဆိုတဲ့ကောင်လေးတစ်ယောက်ဟာ ကမ္ဘာပေါ်မှာ တန်ကြေးအကြီးဆုံး DJ တစ်ယောက်ဖြစ်လာလိမ့်မယ်လို့ ဘယ်သူထင်ခဲ့မလဲ။ သူဟာ သူ့ရဲ့ I Created Disco ဆိုတဲ့ ပွဲဦးထွက် အယ်လ်ဘမ်ကို ၂၀၀၇ ခုနှစ် ဇွန်လမှာစတင်ဖြန့်ချီခဲ့ပြီး အဲဒီတစ်ခွေလုံးကို သူကိုယ်တိုင်ရေး၊ ဆို၊ တီး ထားတာပါ။ အဲဒီအခွေနဲ့ပဲ သြစတြေးလျ ပေါ့အဆိုတော် Kylie Minogue က သတိပြုမိသွားတဲ့အတွက် သူမရဲ့အယ်လ်ဘမ်အသစ်မှာ "Heart Beat Rock" နဲ့ "In My Arms" ဆိုတဲ့သီချင်းအသစ် (၂) ပုဒ်ကို ပါဝင်ရေးစပ်စေခဲ့ပါတယ်။

ယခုအချိန်မှာတော့ သူ့ရဲ့CV ထဲက သူသီချင်းရေး/တီးပေးခဲ့တဲ့သူတွေထဲမှာ ဂီတလောကထဲက အကျော်ကြားဆုံးကြယ်ပွင့်တွေ ဖြစ်တဲ့ Sophie Ellis-Bextor တို့၊ Mary J Blige တို့၊ Chris Brown တို့၊ Cheryl Cole တို့၊ Pitbull တို့၊ Rihanna တို့တောင်ပါဝင်နေပါပြီ။

၉။ Jimmy Buffett

Jimmy_20Buffett.jpg 

ဝင်ငွေ- ဒေါ်လာ (၅၀.၅) သန်း

မစ္စစ္စပီပြည်နယ်၊ Pascagoula မြို့က Buffett ဟာ ၁၉၆၀ ပြည့်နှစ်တွေကတည်းက သူ့ရဲ့ဂီတဘဝကို စတင်ခဲ့ပြီး ၁၉၇၀ ခုနှစ်မှာ သူ့ရဲ့ပထမဆုံးအယ်လ်ဘမ်ဖြစ်တဲ့ Down to Earth ကို စတင်ဖြန့်ချီခဲ့ပါတယ်။ သူ့ရဲ့တမူကွဲပြားတဲ့ဂီတပုံစံကြောင့် နာမည် ကျော်ကြားလာခဲ့ပါတယ်။ "Cheessburger in Paradise" ကတော့ သူ့ရဲ့နာမည်ကျော်သီချင်းတစ်ပုဒ်ပါပဲ။  Buffett ဟာ ၂၀၁၅ ခုနှစ်တုံးက Jurassic World ရုပ်ရှင်ဇာတ်ကားထဲမှာ ဧည့်သည်သရုုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။

၈။ Paul McCartney

Paul_20McCartney.jpg 

ဝင်ငွေ- ဒေါ်လာ (၅၄) သန်း

Beatles တီးဝိုင်းအဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်တဲ့ Sir Paul McCartney ဟာ ၁၉၇၀ ခုနှစ်မှာ တီးဝိုင်းကွဲသွားခဲ့ပြီး တစ်ကိုယ်တော် ဂီတလမ်းကြောင်းကို ဆက်ဖောက်ခဲ့ပါတယ်။ (Beatles မှာတုံးကလည်း သူတို့ရဲ့ အယ်လ်ဘမ်ဟာ ဂီတသမိုင်းကြောင်းမှာစံချိန်တင် အချပ်သန်း (၆၀၀) ရောင်းရခဲ့ပါတယ်။) နောက်ပိုင်းမှာ သူ့ရဲ့ပထမဇနီး Linda ရယ်၊ Denny Laine ရယ်တို့နဲ့ Wings ဆိုတဲ့ တီးဝိုင်းကို ထူထောင်ခဲ့ပြန်ပါတယ်။ Wings တီးဝိုင်းနဲ့လလည်း Top 5 စာရင်းဝင် အယ်လ်ဘမ် (၅) ချပ်နဲ့ Mull of Kintyre လိုမျိုး နံပါတ်တစ်စာရင်းဝင်ပေါက်သီချင်းမျိုး တီးခတ်နိုင်ခဲ့ပေမယ့် Beatles တုံးကလို အောင်မြင်မှုမျိုးတော့ ပြန်မရခဲ့ပါဘူး။

၂၀၀၈ ခုနှစ်မှာ သူ့ရဲ့ဒုတိယဇနီး Heather Mills နဲ့ကွာရှင်းတော့ လျော်ကြေး စတာလင်ပေါင် (၂၄.၃) သန်းပေးခဲ့ရပေမယ့် သူဟာ ခုချိန်ထိ ကမ္ဘာပေါ်မှာအချမ်းသာဆုံး ဂီတသမားစာရင်းဝင်နေဆဲပါ။ အသက် (၇၄) နှစ်ရှိပြီဖြစ်တဲ့ Paul ဟာ ဒီစာရင်းထဲမှာတော့ အသက်အကြီးဆုံးပါပဲ။

၇။ Elton John

Elton_20John.jpg 

ဝင်ငွေ- ဒေါ်လာ သန်း (၆၀)

အင်္ဂလန်နိုင်ငံ၊ Middlesex ပြည်နယ်၊ Pinner ရပ်ကွက်မှာ ဖွားမြင်ခဲ့တဲ့ Sir Elton Hercules John ဟာ သူ့ရဲ့ဂီတသက်တမ်း နှစ် (၅၀) အတွင်းမှာ ကမ္ဘာတဝှမ်းလုံးမှာ အယ်လ်ဘမ်ပေါင်း သန်း (၃၀၀) ကျော် ရောင်းချနိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ သူဟာ The Beatles ၊ Elvis Presley ၊ Michael Jackson နဲ့ Madonna တို့ပြီးရင် ကမ္ဘာပေါ်မှာ အရောင်းရဆုံး ဂီတပညာရှင်တစ်ဦးဖြစ်လာခဲ့ပါတယ်။ သူဟာ အခုအချိန်မှာတော့ Devil Wears Prada Musical အတွက် သီချင်းရေးစပ်ပေးနေပါတယ်။

၆။ Garth Brooks

Garth_20Brooks.jpg 

ဝင်ငွေ- ဒေါ်လာ သန်း (၆၀)

Country ဂီတဘုရင်လို့ တင်စားခေါ်ဝေါ်ခံရတဲ့ Garth Brooks ကတော့ ၁၉၈၀ ပြည့်နှစ်တွေတုံးက မွေးရပ်မြေ Oklahoma မြို့က ဘားတွေ၊ ကလပ်တွေမှာ ဂစ်တာလိုက်တီး၊ သီချင်းလိုက်ဆိုရာကနေ သူ့ရဲ့ဂီတလမ်းကြောင်းကို စတင်ခဲ့ပါတယ်။ သူ့ရဲ့ပထမဦးဆုံး အယ်လ်ဘမ်ကိုတော့ Garth Brooks ဆိုတဲ့နာမည်နဲ့ပဲ ၁၉၈၉ ခုနှစ်မှာ စတင်ထုတ်ဝေခဲ့ပြီး Billboard Country အယ်လ်ဘမ် တွေထဲမှာ နံပါတ် (၂) တက်ချိတ်ခဲ့ပါတယ်။

Billboard 200 စာရင်းထဲမှာလည်း နံပါတ် (၁၃) ချိတ်ခဲ့ပါတယ်။ နောက်ပြီး Brooks ဟာ အမေရိကန်နိုင်ငံမှာ အယ်လ်ဘမ် (၇) ချပ်လုံး diamond အဆင့်ဝင်ခဲ့တဲ့ တစ်ဦးတည်းသောအနုပညာရှင်တစ်ဦးဖြစ်ပါတယ်။

၅။ Bruce Springsteen

Bruce_20Springsteen.jpg 

ဝင်ငွေ- ဒေါ်လာ (၇၅) သန်း

Springsteen ဟာ ဂီတလောကမှာတော့ အလွှမ်းမိုးနိုင်ဆုံုးနဲ့ အလန်းဆုံးဂီတသမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရပါတယ်။ "The Boss" လို့ နာမည်ပြောင်ပေးခံထားရတဲ့ Springsteen ဟာ သူ့ရဲ့ တမူထူးခြားတဲ့အသံ၊ ကဗျာဆန်တဲ့စာသား၊ အားအင်ပြည့်ဝတဲ့ ပါဖောမန့်စ် (performance) တွေကြောင့် နာမည်ကျော်ကြားပါတယ်။

ဆယ်စုနှစ် (၅) ခုကြာ အကယ်ဒမီနဲ့ ဂရမ်မီဆုတွေကို သိမ်းပိုက်နိုင်ခဲ့မှုတွေ ကြားမှာ Springsteen ဟာ "Born in the USA" တို့၊ "Dancing in the Dark" တို့လို ပေါက်သီချင်းတွေနဲ့ နာမည်တစ်လုံးကို တည်ဆောက်နိုင်ခဲ့ပါတယ်။ အခုအချိန်မှာတော့ သူ့ရဲ့ကိုယ်ရေးမှတ်တမ်း Born to Run ဟာ New York Times မဂ္ဂဇင်း အရောင်းရဆုံးစာရင်းဝင်ဖြစ်နေပြီး ဒေါ်လာ (၁၀) သန်းရရှိထားပြီးဖြစ်တယ်လို့ သိရပါတယ်။

၄။ Justin Bieber

Justin_20Bieber.jpg 

ဝင်ငွေ- ဒေါ်လာ (၈၃.၅) သန်း

ကလေးဘဝတည်းက Youtube ပေါ်မှာ သီချင်းလေးတွေဆိုရင်း နာမည်ကြီးခဲ့တဲ့ J.B (Justin Bieber) ဟာ ချစ်သူပေါသလို မုန်းသူလည်းပေါပါတယ်။ ချစ်သည်ဖြစ်စေ၊ မုန်းသည်ဖြစ်စေ သူ့ရဲ့အားထုတ်ကြိုးပမ်းမှုကြောင့် ရရှိလာတဲ့ အောင်မြင်မှု အသီးအပွင့်တွေကိုတော့ အသိအမှတ်ပြုရမှာပါပဲ။

၂၀၁၀ ခုနှစ်မှာ My World 2.0 ဆိုတဲ့ ပထမဦးဆုံး အယ်လ်ဘမ်ကို ထုတ်ဝေခဲ့ပြီး "Baby" တို့၊ "Eenie Minie" တို့လိုသီချင်းတွေ ပေါက်ခဲ့ပြီးနောက်မှာ Bieber fever (Bieber ရောဂါ) လို့ တင်စားခေါ်ဝေါ်ကြတဲ့ စွဲလမ်းမှုဝေဒနာဟာ ကမ္ဘာတဝှမ်းက နှုတ်ခမ်းနီမလေးတွေကြားမှာ အသည်းအသန်စွဲကပ်လာပါတော့တယ်။

ဒါပေမယ့် ပြီးခဲ့တဲ့နှစ်ပိုင်းတွေအတွင်းမှာ တက်တူးတွေထိုး၊ ဆံပင်ဘုတ်သိုက်ကြီးထားဖြစ်လာခဲ့တဲ့ ကနေဒါလူမျိုးအဆိုတော်လေးဟာ "baby" ဆိုတဲ့ ချစ်စရာကောင်လေးဘဝကနေ ကောင်ဆိုးလေးဘဝကို ရောက်သွားပါတော့တယ်။ ဥပဒေချိုးဖောက်မှုတွေ၊ ဆေးသုံးစွဲမှုတွေ၊ အကြမ်းဖက်မှုတွေလည်းပါတာပေါ့။

၃။ The Weekend

The_20Weeknd.jpg 

ဝင်ငွေ- ဒေါ်လာ (၉၂) သန်း

ကနေဒါနိုင်ငံ၊ Toronto မြို့ဖွား Abel Makkonen Tesfaye ဆိုတဲ့အဆိုတော်လေးဟာ အဆိုတော်နာမည် the Weekend ဆိုတဲ့ နာမည်နဲ့ လူသိပိုများပါတယ်။ သူ့ကို ကမ္ဘာကြီးက စတင်သတိထားမိလာတာကတော့ ၂၀၁၀ ခုနှစ်တုံးက သူ Youtube ပေါ်တင်ခဲ့တဲ့ "What You Need" ၊ "Loft Music" နဲ့ "The Morning" တို့ကြောင့်ပဲဖြစ်ပါတယ်။ နောက်တစ်နှစ်ကျော်ကြာတော့ ပထမဦးဆုံး mixtape တစ်ခွေကို ကိုယ်တိုင်ဖြန့်ချီနိုင်ခဲ့ပြီး ပထမဆုံးအယ်လ်ဘမ်ဖြစ်တဲ့ Kiss Land ကိုတော့ ၂၀၁၃ ခုနှစ်မှာ စတင်ဖြန့်ချီခဲ့ပါတယ်။ အောင်မြင်မှုတွေ တောက်လျှောက်ရရှိနေတာကတော့ ခုချိန်ထိပါပဲ။

၂။ Drake

Drake.jpg 

ဝင်ငွေ- ဒေါ်လာ (၉၄) သန်း

Drake ဟာ သူ့ရဲ့တစ်ကိုယ်တော်သီချင်းတွေဖြစ်တဲ့ "Take Care" "Hotline Bling" နဲ့ "One Dance" တို့ကြောင့် လူသိများလာခဲ့ပြီး ၂၀၁၀ ခုနှစ်မှာ "Thank Me Later" ဆိုတဲ့ သီချင်းနဲ့ ဂီတလမ်းကြောင်းကို စတင်ခဲ့ပါတယ်။ ဂရမ်မီဆု (၃) ဆုရရှိထားသလို (၂၇) ကြိမ်တိုင်တိုင် ဆုစာရင်းတင်သွင်းခံထားရဖူးတဲ့ Drake ဟာ OVO Sound တေးသံသွင်းရဲ့ ပူးတွဲပိုင်ရှင်လည်းဖြစ်ပါတယ်။ Drake ဟာ Nike ရဲ့ Air Jordan ဖိနပ်၊ Apple Music နဲ့ Sprite တို့နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကလည်း ဝင်ငွေတွေအများကြီး ရရှိထားပါတယ်။

၁။ Sean Combs

Sean_20Combs.jpg 

ဝင်ငွေ- ဒေါ်လာ သန်း (၁၃၀)

Seans Combs, Puff Daddy, Puffy, P. Diddy, Diddy အစရှိတဲ့နာမည်ပေါင်းစုံနဲ့ဘဲကြီးဟာ ဒီနှစ်ရဲ့စာရင်းထဲမှာတော့ ကမ္ဘာပေါ်မှာအချမ်းသာဆုံး အဆိုတော်တစ်ဦးပါပဲ။ Uptown တေးသံသွင်းမှာ အလုပ်သင်ဝန်ထမ်းအဖြစ်နဲ့ ဘဝကိုစခဲ့တဲ့ Seans ဟာ ၁၉၉၇ ခုနှစ်မှာတော့ No Way Out ဆိုတဲ့ ပထမဦးဆုံးအယ်လ်ဘမ်ကို စတင်ဖြန့်ချီနိုင်ခဲ့ပါတယ်။ အဲဒီအယ်လ်ဘမ်ဟာ Billboard 200 စာရင်းမှာ နံပါတ် (၁) ဖြစ်ခဲ့ပြီး ဂရမ်ဆုစာရင်းထဲ တင်သွင်းခြင်းကို (၅) ကြိမ်တိတိ ခံခဲ့ရပါတယ်။

နှစ်ပေါင်း (၂၀) ကျော်ကြာတဲ့အခါ Seans ဟာ ကိုယ်ပိုင်အဝတ်အစား brand Sean John ကို ဖြန့်ချီနိုင်ခဲ့ပြီး Cîroc vodka brand မှာလည်း (၅၀) ရာခိုင်နှုန်း ရှယ်ယာပါခဲ့ပါတယ်။ ဒီလုပ်ငန်းတွေကလည်း သူဟာ ဝင်ငွေရရှိခဲ့ပါတယ်။

Source: careeraddict

Share

Loading Next Article...
က္က