In partnership with  logo
ဆံပင်ကျွတ်လို့ စိတ်ညစ်နေတယ်ဆို ဆားလေးထည့်ပြီးခေါင်းလျှော်ကြည့်လိုက်....

ခုတလော မိန်းကလေးတွေကြား ခေတ်စားနေတဲ့ နည်းလေးပါ။ တချို့ဆိုရင် စမ်းတောင်စမ်းပြီးပြီ ထင်ပါတယ်။ ဘာလဲဆိုတော့ ခေါင်းလျှော်ရင် ဆားထည့်ပြီးလျှော်တဲ့နည်းလေး ဖြစ်ပါတယ်။

 

ခေါင်းလျှော်တဲ့အချိန်မှာ ပင်လယ်ဆား (sea salt) ကို ထည့်ပြီး လျှော်ကြည့်ပါ။ ဆံပင်ကို သန်စေပြီး ဆံပင်ကျွတ်တာတွေလည်း သက်သာပါတယ်။ ပင်လယ်ဆားကိုက သဘာဝအတိုင်း ဆံပင်သန်စေအောင် လှုံ့ဆော်ပေးနိုင်စွမ်းရှိတယ်။

လျှော်ပုံလျှော်နည်းကတော့ ပုံမှန်ပါပဲ။ ခေါင်းလျှော်ရည်နဲ့ ခါတိုင်းလျှော်သလိုလျှော်လိုက်ပါ။ နောက်တော့မှ ဆား လက်ဖက်ရည်ဇွန်းတစ်ဇွန်းကိုယူပြီး ဦးရေပြားကို ပွတ်သပ်ကာ ၁၀ မိနစ် နှိပ်နယ်ပေးရမှာ ဖြစ်ပါတယ်။ ဒီနည်းအတိုင်း တစ်ပတ်နှစ်ကြိမ် ပြုလုပ်ပေးမယ်ဆို တစ်လအတွင်းရလဒ်ကောင်းတွေ ရရှိလာမှာပါနော်။

 

ဗောက်ထတာတွေလည်း သက်သာစေတယ်လို့ သုံးဖူးသူတွေက ပြောတယ်။ ဦးရေပြားပေါ်ကို ဆားလေးနည်းနည်းဆီဖြူးပြီး နှိပ်ပြီးမှ ခေါင်းလျှော်ရင် ဗောက်ထတာ သက်သာတယ်။ ခေါင်းလျှော်ရည်ထဲကို ဆား လက်ဖက်စားဇွန်း ၂ ဇွန်း ရောထည့်မွှေပြီးမှ ခေါင်းလျှော်ပေးရင်တော့ ဦးရေပြားအဆီပြန်တာ နည်းသွားပါတယ်။ တစ်ကြိမ်လုပ်ရုံနဲ့ကို သိသာပါတယ်။

Source : Style Crazy

Share

Loading Next Article...
က္က