စီးပွားရေးလုပ်ငန်းတွေရဲ့ မားကက်တင်းအစီအစဉ်တွေမှာ Digital Marketing ပလန်တွေအဖြစ် အလုံးအရင်းနဲ့ ကူးပြောင်းဝင်ရောက်လာချိန်မှာ Graphic Designer အလုပ်အကိုင်က တောင်းဆိုချက်အရမ်းမြင့်လာပါတယ်။

Digital Marketing, Social Media Marketing တွေ ခေတ်စားလာပြီးနောက်ပိုင်းမှာ အရေးပါလာတဲ့အလုပ်အကိုင်တစ်ခုကတော့ Graphic Designer ပါပဲ။ အရင်တုံးကဆိုရင် Graphic Designer (ဂရပ်ဖစ် ဒီဇိုင်နာ) တစ်ယောက်ရဲ့လိုအပ်ချက်က ရှားပါးသလို အလုပ်အကိုင်အခွင့်အလမ်းလည်း နည်းပါးခဲ့ပါတယ်။ အခုုအချိန်မှာတော့ Graphic Designer တစ်ယောက်ရဲ့လိုအပ်ချက်နဲ့ အခန်းကဏ္ဍဟာလည်း အရေးပါလာပါပြီ။

 

IT ခေတ်ကြီးထဲမှာ အနုပညာကိုလည်းဝါသနာပါသူတစ်ယောက်ဖြစ်နေမယ်ဆိုရင် နည်းပညာနဲ့ အနုပညာအမြင်ကို ပေါင်းစပ်ထားတဲ့ အကောင်းဆုံးအလုပ်ကတော့ Graphic Designer အလုပ်ပါပဲ။ Visual art work လို့ခေါ်တဲ့ ရုပ်ပုံဖော်ပြခြင်းတွေဟာ အိုင်တီခေတ်မှာ မရှိမဖြစ်လိုအပ်တဲ့ ဝက်ဘ်ဆိုုဒ်တွေ၊ Facebook page တွေ၊ နောက်ဆုံး စီးပွားရေးလုပ်ငန်းတွေရဲ့ကြော်ငြာတွေနဲ့ ဆိုင်းဘုတ်တွေမှာပါ အထူးလိုအပ်လာတဲ့အတွက် ဒါတွေကို ဖန်တီးပေးရမယ့် Graphic Designer တွေကိုလည်း လိုအပ်လာပါတယ်။

Graphic Designer တွေ ဘာလုပ်ရလဲ

1_33.jpg 

အဓိကကတော့ အထက်မှာပြောခဲ့တဲ့အတိုင်း ကုမ္မဏီတစ်ခုရဲ့ visual နဲ့ပတ်သက်တဲ့အပိုင်းတွေကို တာဝန်ယူပေးရပါတယ်။ ကုမ္မဏီဆိုင်းဘုတ်ဒီဇိုင်း၊ လိုဂိုဒီဇိုင်း၊ ကုမ္မဏီရဲ့လက်ကမ်းကြော်ငြာဒီဇိုင်း၊ ဝက်ဘ်ဆိုဒ်မှာတင်မယ့် ပုံဒီဇိုင်း၊ Facebook page မှာတင်မယ့် ကုန်ပစ္စည်းကြော်ငြာဒီဇိုင်း အစရှိတာအားလုံးကို တာဝန်ယူလုပ်ဆောင်ပေးရမှာပါ။ တကယ်လို့ ကုမ္မဏီမှာ အလုပ်လုပ်တာမဟုတ်ဘဲ ကြော်ငြာ အေဂျင်စီတစ်ခုမှာ အလုုပ်လုပ်မယ်ဆိုရင်တော့ မိမိကုမ္မဏီရဲ့ဒီဇိုင်းတွေအပြင် ကြော်ငြာလာအပ်တဲ့ ဖောက်သည်တွေရဲ့ဒီဇိုင်းလိုအပ်ချက်တွေကိုပါ တာဝန်ယူဖြေရှင်းပေးရမှာပါ။

Graphic Designer တစ်ယောက်ဟာ ကုမ္မဏီရဲ့ပန်းတိုင်၊ ရည်မှန်းချက်တွေကိုနားလည်ရမှာဖြစ်သလို မားကက်တင်း၊ မီဒီယာ၊ Web development အစရှိတဲ့ဌာနတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်ရမှာဖြစ်ပါတယ်။ နောက်ပြီး ကုမ္မဏီမှာရှိတဲ့ ဝန်ထမ်းတွေနဲ့လည်း ဆက်ဆံရေးကောင်းမွန်ပြီး သူတို့နေ့စဉ်ထိတွေ့လုပ်ကိုင်နေရတဲ့ လုပ်ငန်းအမြင်တွေ၊ လုပ်ငန်းသဘောတရားတွေကိုပါ visual ထဲမှာ ထည့်သွင်းဖော်ပြနိုင်ရမှာ ဖြစ်ပါတယ်။ သူဆွဲလိုက်တဲ့ visual design တွေက ကုမ္မဏီရဲ့မျက်နှာစာလိုဖြစ်လာမှာဖြစ်တဲ့အတွက် သူ့ရဲ့တာဝန်ကလည်း အလွန်အရေးကြီးပါတယ်။

Graphic Designer တစ်ယောက်ဖြစ်ဖို့အတွက် ဘာတွေလိုအပ်လဲ

best-laptops-graphic-design.jpg 

Graphic Designer အလုပ်က စိတ်ဝင်စားဖို့ကောင်းတဲ့ အသက်မွေးဝမ်းကြောင်းအလုပ်တစ်ခုပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒီအလုပ်က ဘွဲ့တွေ၊ ဒီပလိုမာတွေ၊ certificate တွေထက် ကျွမ်းကျင်မှုနဲ့ အတွေ့အကြုံကို ပိုမိုတောင်းဆိုလို့ပါပဲ။ သက်ဆိုင်ရာအလုပ်နဲ့ ပတ်သက်တဲ့ ကျွမ်းကျင်မှုနဲ့အတွေ့အကြုံသာရှိနေမယ်ဆိုရင် (၁၀) တန်းအောင်ပညာအရည်အချင်းလောက်နဲ့လည်း လစာကောင်းကောင်းရတဲ့ Graphic Designer တစ်ယောက်ဖြစ်လာဖို့ဆိုတာ မခဲယဉ်းပါဘူး။ ကုမ္မဏီကရှာနေတာကလည်း Graphic Designer တစ်ယောက်လေ။ စာမေးပွဲမှာ အမှတ်ကောင်းကောင်းရခဲ့တဲ့ လူတစ်ယောက်မှ မဟုတ်တာ။

ဘယ် tools တွေကို သုံးတတ်ဖို့လိုမလဲ

387245-graphic-designer.jpg 

Graphic Designer တစ်ယောက်ဖြစ်လာဖို့ဆိုရင် Adobe Illustrator နဲ့ Adobe Photoshop ကတော့ မဖြစ်မနေသုံးတတ်ဖို့ လိုပါတယ်။ ဒီ (၂) မျိုးဟာ Graphic Design လောကမှာတော့ အရေးအပါဆုံး tools တွေပါပဲ။ Adobe Illustrator ကို ပုံတွေဆွဲဖို့သုံးပြီး Adobe Photoshop ကိုတော့ ဓာတ်ပုံတွေ edit လုပ်ဖို့သုံးပါတယ်။ Graphic Designer တစ်ယောက်ဟာ အနည်းဆုံးတော့ ဒီ tools နှစ်ခုကို ကျွမ်းကျွမ်းကျင်ကျင်သုံးတတ်ရမှာဖြစ်ပြီး အနုပညာအမြင်၊ ဈေးကွက်အမြင်တွေလည်း ကောင်းကောင်းရှိနေဖို့လိုပါတယ်။ Adobe InDesign ပါ သုံးတတ်မယ်ဆိုရင် ပိုကောင်းပါတယ်။

နောက်ပြီး Graphic Designer တစ်ယောက်ဟာ Typography လို့ခေါ်တဲ့ ပုံနှိပ်စာလုံးတွေအကြောင်းလည်း ကောင်းကောင်း ရင်းနှီးကျွမ်းဝင်ရမှာဖြစ်သလို HTML, CSS အစရှိတဲ့ programming languagae တွေနဲ့ ပတ်သက်ပြီးလည်း အခြေခံ ဗဟုသုတလောက် ရှိနေဖို့လိုပါတယ်။ တစ်ခုကောင်းတာကတော့ ဒီအရည်အချင်းတွေအားလုံးကို အွန်လိုင်းပေါ်ကပဲ လေ့လာလို့ရပါတယ်။ စာအုပ်ဖတ်ပြီးလေ့လာလို့ရသလို ဗီဒီယို tutorial တွေကြည့်ပြီးလည်း လေ့လာလို့ရပါတယ်။

ယနေ့ခေတ်စီးပွားရေးလုပ်ငန်းတွေရဲ့ ဈေးကွက်လိုအပ်ချက်အရ Graphic Designer အလုပ်အကိုင်ဟာ လူငယ်တွေအတွက်တော့ ရွေးချယ်သင့်တဲ့ အလုပ်အကိုင် အခွင့်အလမ်းတစ်ခုထဲမှာ ပါဝင်နေပါတယ်။ Graphic Designer တစ်ယောက်အဖြစ် အလုပ်လုပ်ကိုင်သင့်တဲ့ နောက်ထပ်အကြောင်းရင်းတစ်ခုကတော့ Freelance (အချိန်ပိုင်း) လည်း လုပ်လို့ရတာပါပဲ။ လက်ရှိမှာလည်း ပရောဂျက်အလိုက် အချိန်ပိုင်း လုပ်ကိုင်ပြီး အောင်မြင်နေတဲ့ Graphic Designer တွေလည်း အများကြီးပါပဲ။ ကုမ္မဏီဝန်ထမ်းအဖြစ် အလုပ်လုပ်ကိုင်ရတာ စိတ်ကုန်လာရင် Freelance ဝင်လုပ်လို့ရတဲ့အတွက် လူငယ်တွေအတွက်တော့ ရွေးချယ်ရပိုမိုလွယ်ကူစေတဲ့ အသက်မွေးဝမ်းကြောင်းအလုပ်တစ်ခုလည်း ဖြစ်ပါတယ်။

Source: careeraddict

Share

Loading Next Article...
က္က