မိန်းကလေးတွေ များသောအားဖြင့် ရွေးချယ်လေ့ရှိတဲ့ လက်သည်းဆိုးဆေးအရောင်ကို ကြည့်ပြီး သူတို့ရဲ့စိတ်နေစိတ်ထားကို အကဲခတ်လို့ရတယ်ဆိုတာကိုကော သိပါသလား။

မိန်းကလေးတွေဟာ မိမိတိုု့ရဲ့စိတ်အခြေအနေ၊ ပွဲလမ်းသဘင်၊ အခြေအနေ၊ ရာသီဥတု၊ ရည်ရွယ်ချက် အစရှိတဲ့ အကြောင်းပြချက် အသီးသီးအလိုက် အရောင်တွေကို ရွေးချယ်ဝတ်ဆင်တတ်ကြပါတယ်။ နောက်ပြီး ဒါဟာ သူတို့ရဲ့နေ့စဉ်ဘဝအတွက်တော့ အဝတ်အစားတွေနဲ့ လက်သည်းဆိုးဆေးအရောင် လိုက်ဖက်ညီအောင်၊ အဆင်ပြေအောင် ရွေးချယ်ရတာထုံးစံပါပဲ။

 

ဒါပေမယ့် မိန်းကလေးတွေ များသောအားဖြင့် ရွေးချယ်လေ့ရှိတဲ့ လက်သည်းဆိုးဆေးအရောင်ကို ကြည့်ပြီး သူတို့ရဲ့ စိတ်နေစိတ်ထားကို အကဲခတ်လို့ရတယ်ဆိုတာကိုကော သိပါသလား။

၁။ ပန်းရောင်

1.-Pink.jpg 

ဒီအရောင်လေးကတော့ မိန်းကလေးအဆန်ဆုံးအရောင်တစ်မျိုးဖြစ်ပြီး သင့်ကို အလွန်ပျော်ရွှင်တဲ့၊ ဖော်ရွေတဲ့ မိန်းကလေးတစ်ဦးပုံ ပေါ်စေပါတယ်။ ဒီအရောင်လေးဆိုးထားမယ်ဆိုရင် သင့်ကို ဂရုစိုက်တတ်တဲ့၊ ကြင်နာတတ်တဲ့ အမျိုးသမီးတစ်ယောက်ပုံလည်း ပေါ်စေပါတယ်။

၂။ အနီရောင်

unha-vermelha.jpg 

အနီရောင်လက်သည်းဆိုးဆေးဆိုးဖို့ ရွေးချယ်သူတွေကတော့ ဆန္ဒပြင်းပြပြီး စိတ်အားထက်သန်တဲ့ပုံပေါ်ပါတယ်။ တစ်ခါတလေမှာ စိတ်တိုစိတ်ဆတ်လွယ်ပေမယ့် အိမ်မက်တွေနောက်ကို လိုုက်ဖို့အတွက် စိတ်အားထက်သန်သူ၊ အချိန်မရွေးအသင့်ရှိနေသူလည်း ဖြစ်ပါတယ်။

၃။ လိမ္မော်ရောင်

3.-Orange.jpg 

မနက်ခင်းနေရောင်ခြည်လေးလိုပါပဲ။ သင်ဟာ အကောင်းမြင်စိတ်တွေ၊ ခွန်အားတွေနဲ့ ပြည့်နှက်နေပါတယ်။ သင်ဟာ အရာရာတိုင်းရဲ့၊ လူတိုင်းရဲ့ ပိုမိုကောင်းမွန်တဲ့စိတ်နေစိတ်ထားကို မြင်တွေ့လိုတဲ့ ထာဝရ အကောင်းမြင်ဝါဒီတစ်ဦးဖြစ်ပါတယ်။

၄။ သဘာဝအရောင် (သို့) လက်သည်းဆိုးဆေးအကြည်

4.-Natural-or-Nudes.jpg 

ဘာအရောင်နဲ့မှ မိမိလက်သည်းကိုဘောင်ခတ်မထားခြင်းက လွတ်လပ်မှုကိုဖော်ဆောင်နေပါတယ်။ မိမိကိုယ်ကိုယ်တန်ဖိုးထားပြီး မာနကြီးခြင်း၊ ဘဝင်မြင့်ခြင်းမရှိကြောင်းကိုလည်း ဖော်ပြနေပါတယ်။ ထိန်းသိမ်း ရတာလည်း လွယ်ကူပြီး အရာရာတိုင်းနဲ့ လိုက်လျောညီထွေရှိနေပါတယ်။ ဒါကြောင့် ဒီပုံစံက သင့်ကို လူတိုင်းနဲ့လိုက်လျောညီထွေရှိပြီး လူတိုင်းရဲ့ချစ်ခင်မှုကို ရရှိကြောင်း ဖော်ပြနေပါတယ်။

၅။ မီးခိုးရောင်

6.-Grey.jpg 

မီးခိုးရောင်ကတော့ လူရွေးချယ်လေ့ရှိတဲ့အရောင်တစ်ခုတော့ မဟုတ်ပါဘူး။ ဒါကြောင့် ဒါဟာသင့်ကို ထုံးလမ်းစဉ်လာတွေကို လက်ခံယုံကြည်ထားသူတစ်ဦး မဟုတ်ကြောင်း သိသာထင်ရှားစေပါတယ်။ သင်ဟာ မိမိစိတ်တိုင်းကျ နေထိုင်လိုတယ်။ လွတ်လပ်မှုကိုမြတ်နိုးတယ်လို့ ဖော်ပြနေပါတယ်။ နောက်တစ်ခုကတော့ အထီးကျန်ဆန်သူတစ်ဦးအဖြစ်လည်း ဖော်ပြနေပါတယ်။

၆။ အမဲရောင်

1062640.jpg 

အမဲရောင်လက်သည်းဆိုးဆေးကို နှစ်သက်သူဆိုရင် သင်ဟာ ဘာသိဘာသာနေတတ်သူ (သို့) သီးခြားနေတတ်သူလို့ ဖော်ပြနေပါတယ်။ အမဲရောင်ဟာ လျှို့ဝှက်ဆန်းကြယ်ခြင်းနဲ့ ဉာဏ်ပညာကိုလည်း ဖော်ဆောင်နေတဲ့အတွက် အနုပညာ စိတ်ဝင်စားသူတွေရဲ့ အနှစ်သက်ဆုံးအရောင်တစ်မျိုးလည်းဖြစ်ပါတယ်။

၇။ ခရမ်းရောင်

download.jpg 

ဒီအရောင်ကတော့ တော်ဝင်ဆန်ပြီး ကြီးကျယ်ခမ်းနားတဲ့အသွင်ကိုဆောင်ပါတယ်။ ဒီလက်ဆိုးဆေးဆိုးကိုရွေးချယ်တတ်သူဆိုရင် သင်ဟာ လက်ခုပ်သံတွေနဲ့ လူတွေရဲ့အာရုံစိုက်မှုကို လိုလားတောင့်တသူ ဖြစ်ပါလိမ့်မယ်။ ဘာသာတရားကိုင်းရှိုင်းတယ်လို့ ထင်ရပေမယ့် တကယ်တမ်းတော့ အဲလောက်မဟုတ်ပါဘူး။ စိတ်ကူးယဉ်ဆန်တတ်သူတစ်ဦးလည်းဖြစ်ပါတယ်။

၈။ အပြာရောင်

9.-Blue.jpg 

အပြာရောင်ဟာလည်း မဟာဆန်တဲ့အရောင်တစ်မျိုးဖြစ်ပါတယ်။ ဒါကြောင့် သင့်ကို ဖော်ရွေပြီး သစ္စာရှိသူတစ်ဦးအဖြစ် မြင်ကြပါလိမ့်မယ်။ လုပ်ဆောင်မှုနဲ့ ရိုးသားမှုတွေကိုလည်း အထူးတန်ဖိုးထားတတ်ပါတယ်။ သာတူညီမျှခြင်းနဲ့ ငြိမ်းချမ်းရေးကိုလည်း လိုလားတဲ့အတွက် ပတ်ဝန်းကျင်မှာ ဖျန်ဖြေရေးသမားတစ်ဦးအဖြစ် ထင်ရှားပါလိမ့်မယ်။ ပဋိပက္ခအခြေအနေမှာတောင် လော့ဂျစ်ကျကျ ခေါင်းအေးအေးထားပြီး ဖြေရှင်းနိုင်သူတစ်ဦးလည်း ဖြစ်ပါတယ်။

Source: stylecraze

Share

Loading Next Article...
က္က