ရာစုနှစ်ပေါင်းများစွာကြာအောင် ကျွန်တော်တို့ဟာ ရွှေကို ကမ္ဘာသုံးငွေကြေးသဘောမျိုးသတ်မှတ်ပြီး သုံးစွဲလာခဲ့ကြပါတယ်။ ရှေးခေတ်ကတည်းက ကုန်ပစ္စည်းဝယ်ယူလဲလှယ်ရာမှာ ရွှေကို စံနှုန်းတစ်မျိုးအဖြစ် သတ်မှတ်ပြီး သုံးစွဲလာခဲ့ကြပါတယ်။
ဒါပေမယ့် ကမ္ဘာပေါ်မှာ ရွှေထက်အများကြီးတန်ဖိုးရှိတဲ့ တွင်းထွက်ပစ္စည်းတွေ၊ သဘာဝထုတ်ကုန်ပစ္စည်းတွေ အများကြီး ရှိနေပါသေးတယ်။ အဲဒါတွေက ဘာတွေလဲဆိုတော့...
တန်ဖိုးအကြီးဆုံးအရာဝတ္ထုအကြောင်းကို ပြောရမယ်ဆိုရင် "Antimatter" က ထိပ်ဆုံးကစွဲပါတယ်။ နည်းပညာက သူ့ကို အလွန်သေးငယ်အောင် ဖန်တီးပြုလုပ်ထားတဲ့အတွက် အလွန်ဈေးကြီးရတာလို့ ဆိုပါတယ်။ သူ့ရဲ့တန်ဖိုးကတော့ (၁) ဂရမ်ကို ဒေါ်လာ (၆.၂၅) ထရီလီယံ (သန်း (၆၂၅၀၀၀၀) ) ဖြစ်ပါတယ်။ ဒါဟာ သာမန်ရိုးရိုးဈေးကြီးတာထက် မကတော့ပါဘူး။
ဘိန်းပင်ကထွက်တဲ့ ဘိန်းစေ့တွေကနေ ပြုလုပ်ထားတဲ့ မူးယစ်ဆေးဝါးတစ်မျိုးဖြစ်တဲ့ ဘိန်းဖြူဟာ ရွှေထက်ဈေးကြီးတဲ့ ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ သူဟာ ခါးသက်သက်အရသာရှိတဲ့ အဖြူရောင်အမှုန့်တစ်မျိုး ဖြစ်ပါတယ်။ သုံးစွဲသူရဲ့စိတ်ကို ပြောင်းလဲစေတယ်လို့ နာမည်ရတဲ့ မူးယစ်ဆေးတစ်မျိုးလည်းဖြစ်ပါတယ်။ သူ့ရဲ့တန်ဖိုးကတော့ တစ်ဂရမ်ကို ဒေါ်လာ (၁၃၀) ရှိပါတယ်။

ကိုကိန်းကိုတော့ Erythroxylum coca ဆိုတဲ့ ခြုံပုတ်ပင်တစ်မျိုးကထုတ်လုပ်ရရှိပါတယ်။ ကိုကိန်းကတော့ ရှူသွင်းလို့ရတဲ့၊ သွေးကြောထဲကို ဆေးထိုးအပ်နဲ့ တိုက်ရိုက်ထိုးထည့်လို့ရတဲ့ မူးယစ်ဆေးတစ်မျိုးလည်း ဖြစ်ပါတယ်။ ကိုကိန်းသုံးစွဲခြင်းဟာ ပြင်းပြတဲ့ပျော်ရွှင်မှုတစ်မျိုးကို ဖန်တီးပေးနိုင်ပြီး အပြင်လောကကြီးနဲ့ကင်းကွာသွားစေပါတယ်။
ကိုကိန်းဟာလည်း ပြင်းပြစွာစွဲလမ်းစေတဲ့ မူးယစ်ဆေးတစ်မျိုးဖြစ်ပြီး မကောင်းတဲ့ ဘေးထွက်ဆိုးကျိုးတွေကိုလည်း ရရှိစေပါတယ်။ သူ့ရဲ့တန်ဖိုးကလည်း တစ်ဂရမ်ကို (၂၃၆) ဒေါ်လာလောက်ရှိပါတယ်။ ကိုကိန်းသန့်စင်မှုမြင့်မားလေလေ၊ ဈေးကြီးလေလေပါပဲ။
ရှားပါးတဲ့ဒီ တွင်းထွက်ကျောက်လေးဟာာ အနီရောင်၊ ပန်းရောင်နဲ့ အညိုရောင်ကျောက်တွေအဖြစ် လာပါတယ်။ ဒီကျောက်ကို စတင်ဖော်ထုတ်တွေ့ရှိခဲ့တာကတော့ ၁၉၅၀ ခုနှစ် (လွန်ခဲ့တဲ့ ၆၇ နှစ်ခန့်က) ဖြစ်ပါတယ်။ သူ့ရဲ့တန်ဖိုးကတော့ တစ်ဂရမ်ကို ဒေါ်လာ (၉၀၀၀) ဖြစ်ပါတယ်။ အလွန်ရှားပါးတဲ့ တွင်းထွက်ကျောက်လေးလည်း ဖြစ်ပါတယ်။
ထရီတီယမ်ဟာ နိုက်ထရိုဂျင်အက်တမ်နဲ့ပေါင်းစပ်လိုက်ချိန်မှာ cosmic ရောင်ခြည်ထုတ်လွှတ်နိုင်တာကြောင့် အလင်းရောင် ပေးဖို့အတွက် အသုံးပြုကြပါတယ်။ အိမ်က မီးသီး၊ မီးချောင်းတွေမှာ ထည့်သုံးတာတော့ ဘယ်ဟုတ်မလဲ။ ထရီတီယမ်ကို ဈေးအကြီးဆုံးလက်ပတ်နာရီတွေမှာ အလင်းရောင်ပေးနိုင်တဲ့ပစ္စည်းတစ်မျိုးအဖြစ် ထည့်သွင်းအသုံးပြုကြပါတယ်။ ထရီတီယမ်ထုတ်လုပ်ဖို့ ဒေါ်လာ (၁၅) သန်းခန့် ကုန်ကျပြီး တစ်ဂရမ်ကို ဒေါ်လာ (၃၀၀၀၀) လောက် တန်ဖိုးရှိပါတယ်။
ရေဒီယိုသတ္ထုကြွတဲ့ ဒီပစ္စည်းလေးကတော့ နျူကလီးယားစွမ်းအင်စက်ရုံ (nuclear power plant) တွေမှာအသုံးပြုရတဲ့ ပစ္စည်းလေးဖြစ်ပါတယ်။ ၎င်းဟာ ယူရေနီယမ်သတ္ထုရိုင်းကို သန့်စင်ထားတာဖြစ်ပါတယ်။ ဒီ ပစ္စည်းလေးကို နျူကလီးယား လက်နက်တွေ ထုတ်လုပ်ရာမှာ များသောအားဖြင့် အသုံးပြုကြပါတယ်။ တန်ဖိုးကတော့ တစ်ဂရမ်ကို ဒေါ်လာ (၄၀၀၀) လောက် ရှိပါတယ်။
စိန်တုံးလေးတွေဟာလည်း ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံးနဲ့ တန်ဖိုးအရှိဆုံး ကျောက်တုံးလေးတွေဖြစ်ပါတယ်။ ဒီသဘာဝ ကျောက်လေးတွေကိုတော့ ကာဘွန်နဲ့ အဓိကဖွဲ့စည်းထားပါတယ်။ တန်ဖိုးကတော့ သူ့ သက်တမ်းနဲ့သူ အစားစားရှိနိုင်ပါတယ်။ ရှားပါးမှု၊ ထုတ်လုပ်ရမှာခက်ခဲမှုတို့ကြောင့် တန်ဖိုးကြီးနေရတာဖြစ်ပါတယ်။ တချို့နေရာတွေမှာ ဒီစိန်တုံးလေးတွေကို တရားမဝင်ပိုင်ဆိုင်ထားရင် ရာဇဝတ်မှုတောင် သင့်နိုင်ပါတယ်။
Source: Youngisthan
Share