FitRated.com ဆိုတဲ့ လေ့ကျင့်ခန်းသုံးပစ္စည်း review ဝက်ဘ်ဆိုဒ်တစ်ခုဟာ အကြီးဆုံး Gym (၃) ခုက လေ့ကျင့်ခန်းသုံး ပစ္စည်းကိရိယာ (၂၇) မျိုးကနေ ဘက်တီးရီးယား sample တွေယူပြီး စမ်းသပ်စစ်ဆေးခဲ့ပါတယ်။

Gym မှာလေ့ကျင့်ခန်းလုပ်ပြီးတဲ့အချိန်တိုင်း လူတွေဟာ ချွေးတလုံးလုံးနဲ့ဆိုတော့ မသန့်ရှင်းသလို ခံစားရပါတယ်။ ဒါပေမယ့် ချွေးထွက်တာလောက်က သိပ်ရှော့ခ်မရှိသေးပါဘူး။ Gym မှာ ခင်ဗျား နေ့စဉ်သုံးနေတဲ့ လေ့ကျင့်ခန်းသုံးပစ္စည်းတွေမှာ ဘက်တီးရီးယားတွေ ပြည့်နှက်နေနိုင်ပါတယ်။

 

FitRated.com ဆိုတဲ့ လေ့ကျင့်ခန်းသုံးပစ္စည်း review ဝက်ဘ်ဆိုဒ်တစ်ခုဟာ အကြီးဆုံး Gym (၃) ခုက လေ့ကျင့်ခန်းသုံး ပစ္စည်းကိရိယာ (၂၇) မျိုးကနေ ဘက်တီးရီးယား sample တွေယူပြီး စမ်းသပ်စစ်ဆေးခဲ့ပါတယ်။ ရလဒ်တွေကိုကြည့်ပြီးရင်တော့  (၂) နာရီလောက်ကြာအောင် ခင်ဗျားရေချိုးမိမှာပါ။

ဘက်တီးရီးယားဘယ်လောက်များ

19.jpg 

အလေးတုံးတွေမှာဆိုရင် ပျမ်းမျှ တစ်စတုရန်းလက်မတိုင်းမှာ ဘက်တီးရီးယား (၁.၁) သန်းလောက်ရှိနေပါတယ်လို့ FitRated.com ကဆိုပါတယ်။ နှိုင်းယှဉ်ချက်အနေနဲ့ ထုတ်ပြရရင် National Sanitation Foundation (ရေအိမ်နဲ့မိလ္လာစနစ်သန့်ရှင်းရေးဆိုင်ရာ နိုင်ငံလုံးဆိုင်ရာဖောင်ဒေးရှင်း) ကတော့ အိမ်သာကြွေကမုတ်ခွက်တစ်လုံးရဲ့ တစ် စတုရန်းလက်မတိုင်းမှာ ၁၇၂ CFU (ဘက်တီးရီးယား ပမာဏတိုင်းတာတဲ့ ယူနစ်) ပါရှိနေတာကို တွေ့ရှိရကြောင်း ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

FitRated.com ဟာ မူလတန်းကျောင်းအိမ်သာ ကြွေကမုတ်ခွက်တွေကို စမ်းသပ်စစ်ဆေးခဲ့တာဖြစ်တဲ့အတွက် သင့်အိမ်က အိမ်သာကြွေခွက်တွေထက်တော့ ပိုးမွှားတွေများပြားနေမှာတော့ အသေအချာပါပဲ။ ဒါပေမယ့် Gym မှာရှိတဲ့ အပြေးစက်တွေနဲ့ စက်ဘီးတွေမှာတွေ့ရှိရတဲ့ ပိုးမွှားပမာဏကတော့ အိမ်သာကြွေခွက်တစ်လုံးမှာရှိတဲ့ ပိုးမွှားအရေအတွက်ထက် (၇၇၅၂) ဆ ပိုများနေပါတယ်။ ဒါဟာ တော်တော်များတဲ့ ပမာဏတစ်ခုဆိုတာ ငြင်းဖွယ်မရှိပါဘူး။

လူကိုအန္တရာယ်ဖြစ်စေနိုင်

Hot-Yoga-pros-and-cons.jpg 

ဘက်တီးရီးယားပိုးမွှားတွေပါဝင်တဲ့ မျက်နှာပြင်တစ်ခုကို ကိုင်တွယ်ထိတွေ့မိရုံနဲ့တော့ ခင်ဗျားကို ဖျားနာစေမှာမဟုတ်ပါဘူး။ တချို့ဘက်တီးရီးယားတွေဆိုရင် အန္တရာယ်ကင်းပြီး တချို့တွေဆိုရင် အကောင်ရေနည်းနည်းများ ကူးစက်လာရင်တောင် ဘာဒုက္ခမှပေးနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် FitRated.com ရဲ့စမ်းသပ်စစ်ဆေးချက်တွေအရ တွေ့ရှိရတဲ့ ဘက်တီးရီးယား (၇၀) ရာခိုင်နှုန်း လောက်ကတော့ လူကိုဖျားနာစေတဲ့ အန္တရာယ်ပြုနိုင်နေပါတယ်တဲ့။

ဒါကြောင့် Gym မှာ လေ့ကျင့်ခန်းလုပ်တော့မယ်ဆိုရင် ပစ္စည်းကိရိယာတွေကို မကိုင်တွယ်ခင်မှာ အချိန်တစ်ခုပေးပြီး တစ်ရှူးနဲ့သုတ်ပေးပါ။ နောက်ပြီး မိမိကစားပြီးသွားရင်လည်း မိမိကိုင်တွယ်ခဲ့တဲ့ ပစ္စည်းကိရိယာတွေကို ချွေးတွေရွှဲပြီး မကျန်ရစ်ခဲ့အောင် သေချာပြန်သုတ်ပေးခဲ့ပါ။ ဒီနည်းအားဖြင့် ခင်ဗျားကိုယ်တိုင် ဘက်တီးရီးယားပိုးမွှားတွေကို မကြောက်ရင်တောင် တခြားလူတွေကို ကူညီပေးရာ ရောက်ပါတယ်။

ဘယ်လိုကာကွယ်နိုင်မလဲ

Washing-hands.jpg 

နောက်တစ်ခုကတော့ ဘက်တီးရီးယားပိုးမွှားတွေကြောင့် ဖျားနာခြင်းမရှိရလေအောင် လက်မဆေးရသေးပဲ ချွေးတွေချွဲစိုနေတဲ့ နဖူးကို လက်နဲ့သုတ်တာမျိုး မလုပ်ပါနဲ့။ ဒါကြောင့် အရီဇိုးနားပြည်နယ်၊ ပြည်သူ့ကျန်းမာရေးကောလိပ်က တွဲဖက်ပါမောက္ခ Kelly Reynolds က " အကောင်းဆုံးကာကွယ်နည်းကတော့ လေ့ကျင့်ခန်းမလုပ်ခင်နဲ့ လုပ်ပြီးတိုင်းမှာ လက်ဆေးတာမျိုးပါပဲ။ နောက်ပြီး မိမိမျက်နှာကို ထိတွေ့တော့မယ်ဆိုရင်၊ တစ်ခုခုစားတော့မယ်ဆိုရင် လက်ဆေးပေးတာဟာလည်း ကောင်းမွန်တဲ့အလေ့အထ တစ်ခုပါပဲ" လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ နောက်ပြီး မလျှော်ရသေးဘဲ ချွေးစိုနေတဲ့ အဝတ်အစားတွေကို ပြန်ဝတ်တာမျိုးကိုလည်း ရှောင်ကြဉ်ပေးပေါ့။

Source: Reader's Digest

Share

Loading Next Article...
က္က