တချို့ပစ္စည်းတွေဟာ အိမ်သာကြွေခွက်ထက်တောင် ဘက်တီးရီးယားပိုးမွှားတွေ ပိုများနေနိုင်ပါသေးတယ်။

ကျွန်တော်တို့အများစုက အများသုံးအိမ်သာတွေကို ညစ်ပတ်တယ်လို့ ယူဆကြပါတယ်။ နှိုင်းရအားဖြင့် တွက်ချက်ကြည့်ရင် အိမ်က အိမ်သာထဲမှာလည်း ဘက်တီးရီးယားပိုးမွှားတွေ အများအပြားရှိနေနိုင်တယ်လို့ တွက်ဆနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အိမ်က တချို့ပစ္စည်းတွေဟာ အိမ်သာကြွေခွက်ထက်တောင် ဘက်တီးရီးယားပိုးမွှားတွေ ပိုများနေနိုင်ပါသေးတယ်။ အဲဒါတွေကတော့...


၁။ စဉ်းနှီတုံး

sany12181.jpg 

အရီဇိုးနားတက္ကသိုလ်က သုတေသီတွေ ဖော်ထုတ်တွေ့ရှိထားတာတစ်ခုကတော့ မီးဖိုချောင်ထဲက အသားတွေ၊ ငါးတွေ တင်လှီးတဲ့ စဉ်းနှီတုံးတစ်တုံးဟာ အိမ်သာကမုတ်ခွက်တစ်ခွက်ထက် ဘက်တီးရီးယားပိုးမွှားပေါင်း အဆ (၂၀၀) လောက်ပိုများပါတယ်။ ဘာလို့လဲဆိုတော့ တိရစ္ဆာန်တွေရဲ့အူတွင်းကလီစာတွေထဲမှာ ဘက်တီးရီးယားပိုးမွှားပေါင်းများစွာ ပါဝင်လို့ပါပဲ။

ပုံမှန်ရေဆေးပေးမယ် ဆိုရင်တောင် ဘက်တီးရီးယားပိုးမွှားတွေက ရှိနေဦးမှာပါပဲ။ ဒါကြောင့် ဓာတုချွတ်ဆေးနဲ့ ဆေးကြောပေးတာတို့၊ စဉ်းနှီတုံးကို ပုံမှန်လဲသုံးပေးတာတို့ လုပ်ပေးသင့်ပါတယ်။

၂။ တိရစ္ဆာန်အစာခွက်

Dollarphotoclub_62562708.jpg 

အိမ်မှာ ခွေးလေးတွေ၊ ကြောင်လေးတွေ မွေးထားတယ်ဆိုရင် အိမ်တစ်အိမ်ရဲ့အညစ်ပတ်ဆုံးပစ္စည်းတွေထဲမှာ သူတို့ရဲ့ အစာခွက်ကလည်း တစ်ခုအပါအဝင်ဖြစ်နေမှာပါပဲ။ တကယ်လို့ ခင်ဗျားရဲ့ခွေးက အိမ်သာကြွေခွက်ကို လျှာနဲ့လျက်မယ်ဆိုရင် တစ်စတုရန်းလက်မကို ဘက်တီးရီးယား (၂၉၅) ကောင်ပမာဏလောက်ပဲ ဗိုက်ထဲရောက်သွားမှာပါ။

တကယ်လို့ မသန့်ရှင်းတဲ့အစာခွက်ရဲ့အတွင်းပိုင်းကို လျှာနဲ့လျက်မိမယ် ဆိုရင်တော့ တစ်စတုရန်းလက်မကို ဘက်တီးရီးယား အကောင်ရေ (၂၁၁၀) လောက် ဗိုက်ထဲရောက်သွားမှာပါ။ ဒါကြောင့် တိရစ္ဆာန်အစာခွက်တွေကိုလည်း ဆပ်ပြာနဲ့ ရေနွေးနဲ့ ပုံမှန်ဆေးပေးပါ။

၃။ အဝတ်လျှော်စက်

Blomberg-036WNF5200-092.jpg 

အတွင်းခံဘောင်းဘီတစ်ထပ်မှာ ဘက်တီးရီးယားအကောင် (၁၀၀) ဝန်းကျင်လောက်ပါလာနိုင်ပါတယ်တဲ့။ ညစ်ပေနေတဲ့ အဝတ်အစားပေါင်းစုံကို သန့်ရှင်းပေးရာ အဝတ်လျှော်စက်ဟာ ဘက်တီးရီးယား ပေါင်းစုံ စုဝေးရာလည်း ဖြစ်နေနိုင်ပါတယ်။ အဝတ်လျှော်စက်မှာကျတော့ ရေတွေကအောက်ခြေမှာ အိုင်နေတဲ့အတွက် ဘက်တီးရီးယားတွေအတွက်တော့ စိတ်ကြိုက်ပါပဲ။ ဒီလိုမဖြစ်ရလေအောင် အဝတ်လျှော်စက်ကိုလည်း ပုံမှန်သန့်ရှင်းရေးလုုပ်ပေးသင့်ပါတယ်။

၄။ စမတ်ဖုန်းမျက်နှာပြင်

43453279_l.jpg 

၂၀၁၃ ခုနှစ်တုံးက ဗြိတိန်လူမျိုး သုတေသီတွေဟာ Tablet အလုံး (၃၀)၊ စမတ်ဖုန်းအလုံး (၃၀) နဲ့ ရုံးသုံးအိမ်သာကြွေခွက်တစ်လုံးကို စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ Tablet မျက်နှာပြင်ပေါ်မှာ တစ်စတုရန်းလက်မကို ဗိုက်နာစေတဲ့ ဘက်တီးရီးယား ယူနစ် (၆၀၀)၊ စမတ်ဖုန်းမျက်နှာပြင်ပေါ်မှာတော့ ယူနစ် (၁၄၀) တွေ့ရှိရပါတယ်တဲ့။ ရုံးသုံးအိမ်သာကြွေခွက်ပေါ်မှာတော့ ယူနစ် (၂၀) လောက်ပဲ တွေ့ရှိရပါတယ်။ ဒီတော့ စမတ်ဖုန်းမျက်နှာပြင်တွေကိုလည်း မှန်ဆေးတဲ့ ဆေးတစ်မျိုးနဲ့ ပုံမှန်သန့်ရှင်းရေးလုပ်ပေးသင့်ပါတယ်။

၅။ ကွန်ပျူတာကီးဘုတ်

Laptop-Keyboard-Clean.jpg 

ကျွန်တော်တို့နေ့စဉ်ထိတွေ့နေရတဲ့ ကွန်ပျူတာကီးဘုတ်မျက်နှာပြင်မှာလည်း ဘက်တီးရီးယားတွေအများကြီး ပါရှိနေပါတယ်။ သက်သေသာဓကတွေလည်း ရှိခဲ့ပါတယ်။ ဗြိတိန်လူမျိုး သုတေသီတွေ ရုံးတစ်ရုံးမှာရှိတဲ့ ကီးဘုတ် (၃၃) လုံးကို စစ်ဆေးခဲ့တုံးက အိမ်သာကြွေခွက်ပေါ်မှာရှိတဲ့ ဘက်တီးရီးယားအရေအတွက်ထက် (၅) ဆလောက်ပိုများနေတာကို တွေ့ရှိခဲ့ရပါတယ်။

၂၀၀၇ ခုနှစ်မှာ ဝါရှင်တန် ဒီစီက မူလတန်းကျောင်းတစ်ကျောင်းမှာ အစာအိမ်တုပ်ကွေးရောဂါအကြီးအကျယ်ဖြစ်တုံးက လူပေါင်း (၁၀၀) ကျော်ကူးစက်ခဲ့ပြီး ကွန်ပျူတာကီးဘုတ်တွေမှာ ဗိုင်းရပ်စ်ပျံ့ပွားရာရင်းမြစ် ဖြစ်နေတာကို တွေ့ရှိခဲ့ရပါတယ်။

Source: Reader's Digest


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က