In partnership with  logo
လေထဲကဖယောင်းလေး..... ဒိုင်ယာနာ

ဗြိတိန်တော်ဝင်ချွေးမတော် ဖြစ်ခဲ့တဲ့ ဒိုင်ယာနာမင်းသမီးဟာ ဖက်ရှင်ကျကျ ဝတ်စားဆင်ယင်တတ်သူဖြစ်ပြီး ပြည်သူတွေအပေါ် ကြင်ကြင်နာနာနဲ့ ရင်းနှီးပွင့်လင်းစွာ ဆက်ဆံခဲ့လို့လည်း အားလုံးက ချစ်ကြပါတယ်။ ဖက်ရှင်ကျကျ ဝတ်တတ်တဲ့ ဒိုင်ယာနာဟာ တစ်ခါတုန်းကတော့ လက်ပတ်နာရီနှစ်လုံးကို တစ်ပြိုင်နက်တည်း ပတ်ထားခဲ့ဖူးပါတယ်။


 

၁၉၈၁ ခုနှစ်၊ ဇူလိုင်လတုန်းက သူမရဲ့ခင်ပွန်းဖြစ်လာမယ့် ချားလ်စ်မင်းသားရဲ့ ပိုလိုပွဲကို လာရောက်အားပေးချိန်မှာ ဝတ်လာခဲ့တာပါ။ အဆန်းထွင်တာများလား? တခြား ကိစ္စတစ်ခုခုကြောင့်များလားလို့ အားလုံးက သို့လောသို့လောနဲ့ သိချင်ခဲ့ကြတယ်။

 

အဲ့ဒီတုန်းက ချားလ်နဲ့သူမက လက်မထပ်ရသေးပါဘူး။ လကုန်ခါနီးမှ လက်ထပ်ကြမှာပါ။ ခင်ပွန်းလောင်းရဲ့ ပိုလိုပွဲကို ချားလ်စ်ရဲ့လက်ပတ်နာရီလေးပတ်ပြီး အနိုင်ရဖို့ဆုတောင်းပေးတဲ့အနေနဲ့ ခုလို နာရီနှစ်လုံးပတ်ခဲ့ပါသတဲ့။ ရွှေရောင်လေးက ဒိုင်ယာနာရဲ့နာရီပါ။ နောက်တစ်ခုကတော့ ချားလ်စ်ရဲ့နာရီဖြစ်ပါတယ်။ ဒိုင်ယာနာဟာ ဇူလိုင် ၂၉ ၊ ၁၉၈၁ ခုနှစ်မှာ ချားလ်စ်နဲ့ လက်ထပ်ခဲ့ပါတယ်။ သားတော် ဝီလျံနဲ့ ဟယ်ရီကို မွေးဖွားခဲ့ပြီး ၁၉၉၇ ခုနှစ်၊ သြဂုတ် ၃၁ မှာ ကွယ်လွန်ခဲ့တာပါ။

Source : The Sun


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က