ခုခေတ်မှာ စမတ်ဖုန်းကင်မရာတွေက သူ့ထက်ငါ အပြိုင်အဆိုင်ကောင်းလာနေကြပါပြီ။ ကင်မရာတွေကောင်းလာတော့ ဓာတ်ပုံရုပ်ထွက်တွေလည်း ပိုပိုကောင်းလာကြပါပြီ။
ဒါပေမယ့် ဖုန်းကင်မရာ ဘယ်လောက်ကောင်းကောင်း၊ ကိုယ်က ကောင်းကောင်းမရိုက်တတ်ပြန်ရင်လည်း ရုပ်ထွက်က ကောင်းသင့်သလောက် မကောင်းပါဘူး။ ရုပ်ထွက်ကောင်းတဲ့ ဓာတ်ပုံလေးတွေ ရရှိစေဖို့ စမတ်ဖုုန်းတစ်လုံးနဲ့ ဓာတ်ပုံကောင်းကောင်းရိုက်နည်းကို ဖော်ပြပေးလိုက်ပါတယ်နော်။
မှန်ပါတယ်။ ဓာတ်ပုံကောင်းတစ်ကောင်းထွက်ဖို့အတွက် အလင်းရောင်က အဓိကပါပဲ။ ဓာတ်ပုံရိုက်တော့မယ်ဆိုရင် ပတ်ဝန်းကျင်ကအရာဝတ္ထုတွေပေါ် နေရောင်ခြည်ကျလို့ဖြစ်လာတဲ့ အရိပ်တွေကို အကဲခတ်ပါ။ အဆောက်အဦးတွေကနေ အလင်းပြန်လာနိုင်တဲ့ အလင်းရောင်တွေ ရှိမရှိ စစ်ဆေးပါ။
ဖြစ်နိုင်ရင် နေဝင်ချိန်လိုုအချိန်မျိုးမှာ ဓာတ်ပုံစမ်းရိုက်ကြည့်ပါ။ အမှန်တကယ်တော့ စမတ်ဖုန်းဟာ အလင်းရောင်အားနည်းတဲ့ အချိန်မျိုးမှာ ဓာတ်ပုံရိုက်ဖို့ အကောင်းဆုံးရွေးချယ်မှုတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အလင်းရောင်ကိုချိန်ဆပြီးတော့ အကောာင်းဆုံးပုံထွက်အောင်တော့ ဖန်တီးလု့ိရပါတယ်။
ဓာတ်ပုံကောင်းတစ်ပုံကိုလိုချင်ပါသလား။ ကျွန်တော်ပေးနိုင်တဲ့ အကောင်းဆုံးအကြံကတော့ စမတ်ဖုန်းကင်မရာက zoom ဆွဲတဲ့ခလုတ် (အနီး၊ အဝေးပြောင်းတဲ့ခလုတ်) ကို အသုံးမပြုပါနဲ့။ မသဲမကွဲ ပုံရိပ်ခပ်ငယ်ငယ်ကို လိုချင်ရင် အဝေးကနေရိုက်ပါ။ မဟုတ်ရင်တော့ အနီးကပ်သာသွားရိုက်ပါ။ အဝေးကနေပြီး zoom လှမ်းဆွဲတာက မသဲမကွဲနဲ့ အရည်အသွေးညံ့တဲ့ ဓာတ်ပုံတွေကိုသာ ရရှိစေပါလိမ့်မယ်။
ဒါဟာလည်း အရေးအပါဆုံး ဥပဒေသတစ်ခုပါပဲ။ ဓာတ်ပုံရိုက်နေချိန်မှာ လက်တုန်နေရင် ထွက်လာတဲ့ပုံကလည်း ကြည်လင် ပြတ်သားနေမှာတော့ မဟုတ်ပါဘူး။ လက်တုန်တတ်တယ်ဆိုရင် အရင်ဆုံး ဓာတ်ပုံစမရိုက်ခင် လက်ကိုငြိမ်အောင်ထားတတ်ဖို့ အရင်ကျင့်ပါ။
ဒီလိုမှမဟုတ်ပဲ ရောဂါကြောင့် (သို့) စိတ်လှုပ်ရှားမှုကြောင့် လက်တုန်တတ်တယ်ဆိုရင်တော့ လက်နဲ့ကိုင်ရိုက်မယ့်အစား Tripod (သုံးချောင်းထောင့်) တစ်ချောင်းသာ ဝယ်ဆောင်ထားလိုက်ပါတော့။
ဓာတ်ပုံပညာဆိုတာလည်း အလွန်စိတ်ဝင်စားဖို့ကောင်းတဲ့ အနုပညာတစ်ရပ်ပါ။ ပစ္စည်းကိုပဲ မြင်တဲ့ရှုထောင့်အလိုက် ထွက်လာတဲ့ဓာတ်ပုံတွေက ကွဲပြားနေပါလိမ့်မယ်။ သူများနဲ့မတူ ကွဲပြားတဲ့ ဓာတ်ပုံကောင်းတစ်ပုံကို လိုချင်တယ်ဆိုရင် သူများနဲ့မတူတဲ့ရှုထောင့်ကနေပြီး ရိုက်တတ်ရပါလိမ့််မယ်။
လိုင်စင်ပုံရိုက်သလို အရိုက်ခံမယ့် မော်ဒယ်လ်ကို တောင့်တောင့်ကြီးပဲရပ်ခိုင်းပြီး ဓာတ်ပုံရိုုက်နေမယ်ဆိုရင် ခင်ဗျားရဲ့ဓာတ်ပုံတွေကို ပုံကောင်းတွေအဖြစ် ဘယ်သူကမှ ယူဆမှာမဟုတ်ပါဘူး။
ဓာတ်ပုံစရိုက်ခါစမှာ အရေးအကြီးဆုံးကတော့ တွေ့သမျှအရာကိုသာ လိုက်ရိုက်ပါ။ များနိုင်သမျှများများသာ ရိုက်ပါ။ ဒီနေရာမှာ အရေးကြီးတာတစ်ခုက ဓာတ်ပုံများများရိုက်နိုင်လာလေလေ၊ မိမိကိုယ်ကိုယ် ယုံကြည်မှု ပိုရှိလာလေလေပါပဲ။ တစ်ခုတည်းသောပြဿနာက ဖုန်းမမ်မိုရီနဲ့ ဘက်ထရီအားပဲဖြစ်ပါစေ။
စမတ်ဖုန်းမှာ ဖလက်ရှ်မီး (Flash Light) ထည့်ထားပေးတယ်ဆိုတာ မှောင်မဲတဲ့အချိန်မှာ ဓာတ်ပုံရိုက်နိုင်အောင် အရေးပေါ်ထည့်ပေးထားတာပါ။ အရေးပေါ်ဆိုတဲ့အတိုင်း မလိုအပ်ဘဲ မသုံးစွဲသင့်ပါဘူး။ စမတ်ဖုန်းက ဖလက်ရှ်မီးဖွင့်ပြီး ရိုက်ရပြီဆိုကတည်းက မှောင်မဲတဲ့အချိန်၊ နေရာဖြစ်နေဖို့ သေချာသလောက်ရှိပါတယ်။
အဲဒီလိုအခြေအနေမျိုးမှာ ဓာတ်ပုံကောင်းတစ်ပုံထွက်လာဖို့ဆိုတာ ခဲယဉ်းပါတယ်။ အမှောင်ထဲမှာမဖြစ်မနေ ဓာတ်ပုံရိုက်ရမယ် ဆိုရင်လည်း တခြားဖုန်းတလုံးက ဓာတ်မီးကိုထွန်းခိုင်းပြီး အလင်းရောင်ကို ချိန်ဆပါ။ မိမိဖုန်းကင်မရာက ဖလက်ရှ်မီးကိုတော့ မသုံးပါနဲ့။
Source: Lifewire
Share