"ဝမ်းတစ်လုံးကောင်းရင် ခေါင်းမခဲဘူး" ဆိုတဲ့ ဦးမိုးဒီရဲ့လေပုတ်ထုတ်ဆေးကြော်ငြာကို သိမီဖူးသူတွေရှိလား။

"ဝမ်းတစ်လုံးကောင်းရင် ခေါင်းမခဲဘူး" ဆိုတဲ့ ဦးမိုးဒီရဲ့လေပုတ်ထုတ်ဆေးကြော်ငြာကို သိမီဖူးသူတွေရှိလား။ လေလည်ခြင်းဆိုတာ တကယ်တော့ လူ့ခန္ဓာကိုယ်ရဲ့ပုံမှန်လုပ်ဆောင်မှုတစ်ခုပါပဲ။ ဒီဆောင်းပါးကို ဖတ်နေတဲ့သူတွေထဲမှာလည်း လေမလည်ဖူးတဲ့သူ တစ်ယောက်မှ ပါမယ်မထင်ပါဘူး။ ဒီလိုမျိုး ကျွန်တော်တို့နဲ့ အကျွမ်းတဝင်ရှိလှတဲ့ လေလည်ခြင်းနဲ့ပတ်သက်တဲ့ တချို့အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

 

၁။ တစ်နေ့ကို (၁၄) ကြိမ်လောက်အီးပေါက်ပါတယ်

fartarisin.jpg 

ဘယ်သူမှတော့ အတိအကျလိုက်ရေတွက်မထားဘူးပေါ့။ ဒါပေမယ့် အစာအိမ်နဲ့ အစာကြေစနစ်ကောင်းမွန်တဲ့၊ ပုံမှန်ကျန်းမာရေး ကောင်းမွန်တဲ့လူတစ်ယောက်ဟာ တစ်နေ့မှာ (၁၄) ကြိမ်လောက် အီးပေါက်ပါတယ်တဲ့။ တကယ်လို့ခင်ဗျားသာ လေလည်စေတဲ့ အစားအစာတွေဖြစ်တဲ့ ပဲတို့၊ ပဲပင်ပေါက်တို့စားထားမယ်ဆိုရင် တစ်နေ့ကို အကြိမ် (၂၀) လောက် အီးပေါက်နိုင်ပါတယ်။

၂။ အီးပေါက်ရင်အနံ့ထွက်စေတဲ့ တရားခံ

o-FART-facebook.jpg 

အီးပေါက်ခြင်း (လေလည်ခြင်း) က ထုတ်လွှတ်လိုက်တဲ့ဓာတ်ငွေ့တွေဟာ ကာဘွန်ဒိုင်အောက်ဆိုဒ်၊ အောက်ဆီဂျင်၊၊ နိုက်ထရိုဂျင်၊ ဟိုက်ဒရိုဂျင်နဲ့ မီသိန်းဓာတ်ငွေ့တွေရောထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် အူမကြီးထဲမှာရှိတဲ့ ဘက်တီးရီးယားက အူသိမ်ထဲ (သို့) အစာအိမ်ထဲက မစုပ်ယူရသေးတဲ့ သကြားတွေ၊ ကစီဓာတ်တွေကို ကာဘွန်ဒိုင်အောက်ဆိုဒ်ပြောင်းတဲ့အခါ ဆာလ်ဖာဓာတ်ပေါင်း တွေကိုလည်း ထွက်လာစေပါတယ်။

အဲဒီဆာလ်ဖာဓာတ်ပေါင်းက လေလည်ခြင်းကို ဆိုးဝါးတဲ့အနံ့ဖြစ်စေတာပါ။ ဓာတ်လှေကားစီးနေရင်းလေလည်မိလို့ ဆိုးဝါးတဲ့အနံ့ကြောင့် ဘေးလူတွေဝိုင်းဆဲတဲ့အခါ ဗိုက်ထဲက ဆာလ်ဖာကို အပြစ်တင်လိုက်ပါ။

၃။ အီးနံ့ကိုစစ်ထုတ်ပေးမယ့် အတွင်းခံဘောင်းဘီဝယ်သုံးပါ

mQn7c4G.jpg 

အပေါ်ကဖော်ပြခဲ့သလို ဓာတ်လှေကားထဲမှာ လေလည်မိလို့ အရှက်ကွဲရတယ်ဆိုရင် ဖြေရှင်းနည်းတစ်ခုရှိပါတယ်။ အဲဒါကတော့ လေလည်ရင်ထွက်လာတဲ့ အနံ့ဆိုးနဲ့ ဓာတ်ငွေ့တွေကို စစ်ထုတ်ပေးနိုင်တဲ့ ကာဘွန် panel ထည့်ထားတဲ့ အတွင်းခံဘောင်းဘီနဲ့ boxer ဘောင်းဘီတွေကို ထုတ်လုပ်ရောင်းချတဲ့ကုမ္မဏီတစ်ခု ဗြိတိန်မှာ ရှိနေပါပြီ။

ဒါမှမဟုတ် အွန်လိုင်းဈေးဝယ်ဆိုဒ်တွေက ရှာကြည့်လိုက်မယ်ဆိုရင် နောက်ဖြေရှင်းနည်းတစ်ခုလည်းရှိပါသေးတယ်။ အတွင်းခံံဘောင်းဘီမှာ ကပ်လို့ရတဲ့ အနံ့ဆိုးတွေကို စစ်ထုတ်ပေးမယ့် ကာဘွန်အပြားလေးတွေပါ။ ဒါတွေဟာ အနံ့ဆိုးတွေကို (၇၇) ရာခိုင်နှုန်းလောက်ထိ စစ်ထုတ်စုပ်ယူပေးနိုင်ပါတယ်။

၄။ ပီကေဝါးခြင်းက အီးပေါက်စေတယ်

211881ebeab87eaed2d30dd85aacf05a1455105618.jpg 

လေလည်တယ်ဆိုတာ ခန္ဓာကိုယ်တွင်းမှာ ဝါယောဓာတ်များလို့ပါပဲ။ ပီကေဝါးမယ်ဆိုရင် ပိုများတဲ့လေတွေကို ခန္ဓာကိုယ်တွင်း ထည့်သွင်းလိုက်သလိုပါပဲ။ တစ်ခါတလေမှာ လေချဉ်ပြန်တက်ပေမယ့် အူတွင်းမှာတော့ သက်ရောက်မှုသွားဖြစ်မှာပါပဲ။ နောက်ပြီး ပီကေတွေထဲမှာ ခန္ဓာကိုယ်က မစုပ်ယူနိုင်တဲ့ လူလုပ်အချိုဓာတ်တွေ ပါဝင်ပါတယ်။ အဲဒီအချိုဓာတ်တွေ ကိုယ်တွင်းမှာကွဲသွားတဲ့အခါ ဗိုက်အောင့်တာတို့၊ လေလည်တာတို့ ဖြစ်လာရပါတယ်။

၅။ ပရော်ဖက်ရှင်နယ် အီးပေါက်သမားတစ်ယောက်လည်း ရှိပါတယ်

 

သူ့နာမည်က Mr. Methane (မစ္စတာ မီသိန်း) လို့ခေါ်ပါတယ်။ ဒါဟာ နာမည်ပြောင်မဟုတ်ပါဘူး။ သူဟာ အီးပေါက်ပြီး ထွက်လာတဲ့အသံတွေနဲ့ နာမည်ကျော်သီချင်းသံစဉ်တွေကို ဖန်တီးပြသခြင်းဖြင့် အခကြေးငွေယူပါတယ်။ တီဗီအစီအစဉ်တွေမှာ ဖော်ပြခြင်းခံရသလို နာမည်ကျော်ဂျာမန် talent show တစ်ခုမှာလည်း အနိုင်ရလုနီးဖြစ်ခဲ့ပါတယ်။

Source: Reader's Digest

Share

Loading Next Article...
က္က